နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီကို ဖျက်သိမ်းမည်
2014.09.17

မြန်မာနိုင်ငံက အကျဉ်းထောင်တွေမှာ နိုင်ငံရေးအကျဉ်း သားများ ကုန်သလောက်ဖြစ်သွားပြီမို့ လက်ကျန်နိုင်ငံရေး အကျဉ်းသားစိစစ်ရေးကော်မတီကို ဖျက်သိမ်းဖို့ရှိတယ်လို့ သမ္မတရုံး ဒုတိယဝန်ကြီး လက်ကျန်နိုင်ငံရေး အကျဉ်း သားစိစစ်ရေးကော်မတီ အတွင်းရေးမှူး ဦးအောင်သိမ်း က ပြောပါတယ်။
သမ္မတဦးသိန်းစိန်က ၂ဝ၁၃ ခုနှစ်အကုန်မှာ နိုင်ငံရေး အကျဉ်းသားအားလုံး လွတ်မြောက်အောင် ဆောင် ရွက်ပေးမယ်ဆိုတဲ့ ဂတိစကားအတိုင်း ဆောင်ရွက်ပေး လျက်ရှိရာမှာ နိုင်ငံရေးအကျဉ်းသား ကုန်သလောက် ရှိသွားပြီလို့ ဒုတိယဝန်ကြီး ဦးအောင်သိမ်းက RFA ကို ပြောပါတယ်။
" နိုင်ငံရေးအကျဉ်းသားက ကုန်သလောက်ဖြစ်သွား ပြီဗျ၊ ရှင်းရှင်းပြောရရင် တည်ဆဲဥပဒေကို ဖောက် ဖျက်တဲ့သူပဲဖြစ်တာ၊ ကျနော်တို့က လက်ကျန် နိုင်ငံရေးအကျဉ်းသားကိစ္စတွေကို လုပ်ပေးဖို့လေ၊ လက်ကျန်မရှိတော့ဘူးဆိုရင် ကျနော်တို့လည်း အလုပ်မရှိတော့ဘူး၊ နောက်ပိုင်းက ကျနော်တို့က ပြည် ထဲရေးနဲ့ ဒီခုနက နိုင်ငံရေးအကျဉ်းသားလုပ်တဲ့အဖွဲ့တွေနဲ့ ကျနော်တို့က ချိတ်ပေးခဲ့ပြီးတော့ အသစ်ပြန်ဖွဲ့ စည်းပေးပြီးတော့ သူတို့ကိုထားခဲ့မှာပေါ့"
၂ဝ၁၃ခုနှစ် ဒီဇင်ဘာလ နောက်ပိုင်း အဖမ်းခံရသူတွေဟာ ကျူးလွန်တဲ့ ရာဇဝတ်ပြစ်မှုတွေအရ အပြစ်ဒဏ်ကျခံ ရဖို့ရှိတယ်လို့ ဆိုပါတယ်။
နိုင်ငံရေးအကျဉ်းသားများ အကူအညီပေးရေးအဖွဲ့များကတော့ ၂ဝ၁၃ ခုနှစ်ကုန်ပိုင်းမှာ နိုင်ငံရေးအကျဉ်းသားများ မကျန်တော့ဘူးလို့ဆိုပေမဲ့ အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေးအကျဉ်းသား ၃ဝကျော် ကျန်သေးတယ်လို့ ပြောပါတယ်။
အလားတူပဲ နိုင်ငံရေးအကျဉ်းသား ကူညီစောင့်ရှောက်ရေးအဖွဲ့ AAPP-B အဆိုအရ နိုင်ငံရေးအကျဉ်းသားတွေ တိုးများလာနေရာမှာ မြန်မာနိုင်ငံအကျဉ်းထောင်တွေထဲမှာ၂ဝ၁၄ သြဂုတ်လကုန်အထိ နိုင်ငံရေးအကျဉ်းသား ၈၄ ဦးရှိပြီး တရားရင်ဆိုင်နေရသူ ၁၂၂ ဦးရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။