သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2011-09-07
နေပြည်တော်မှာ ဒီကနေ့ ကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးမှာ သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့် မနေ့က အဆိုပြု တင်သွင်းခဲ့တဲ့ အလုပ်သမား အခွင့်အရေး ဆိုင်ရာ အဆိုနဲ့ သတင်း မီဒီယာသမားများ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် အဆိုတွေကို ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။
2011-09-07
စက်မှု ၁- ဝန်ကြီးဟောင်း ဦးအောင်သောင်းနဲ့ ဆက်သွယ်ရေး ဝန်ကြီးဟောင်း ဦးသိန်းဇော်တို့ နှစ်ဦးက သမ္မတ ဦးသိန်းစိန်ရဲ့ ကိုယ်စားလှယ်အနေနဲ့ UWSA ဝပြည် သွေးစည်းညီညွတ်ရေး အဖွဲ့ကို ဒီကနေ့ ကျိုင်းတုံမြို့မှာ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
2011-09-07
မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရုံးက ဒီကနေ့မှာ အစီရင်ခံစာ တစောင် ထုတ်ပြန် လိုက်ပါတယ်။
2011-09-07
မြန်မာနိုင်ငံနဲ့ ရေကြောင်းပိုင်နက် အငြင်းပွားမှုမှာ ကိုယ်တိုင် တက်ရောက် ထွက်ဆိုဖို့ အတွက် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီး ဒီပုမိုနီဟာ ဒီကနေ့ ဂျာမနီနိုင်ငံကို ထွက်ခွာ သွားပါတယ်။
2011-09-06
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူး ကိုယ်စားလှယ် Mr. Derek Mitchell ဟာ မြန်မာနိုင်ငံကို ပထမဆုံး အကြိမ် အဖြစ် လာရောက်မယ်လို့ သိရပါတယ်။
2011-09-06
မြန်မာ သင်္ဘောသား ၂၃ ယောက် လိုက်ပါသွားခဲ့တဲ့ လွန်ခဲ့တဲ့ ဒီဇင်္ဘာလက အာဖရိကတိုက် ၊ တန်ဇန်းနီးယား နိုင်ငံကနေ မိုဇမ်ဘစ်နိုင်ငံ အသွား၊ ပင်လယ်ပြင် တနေရာမှာ ပြန်ပေးဆွဲခံခဲ့ရတဲ့ M.V.Panama အမည်ရှိ ကွန်တိန်နာ သင်္ဘောကြီးကို ဆိုမာလီ ပင်လယ် ဓားပြတွေက မနေ့က ပြန်လွှတ်ပေးလိုက်ပြီလို့ သိရပါတယ်။
2011-09-06
မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ကော်မရှင်အသစ် ဖွဲ့စည်းလိုက်တာနဲ့ ပတ်သက်လို့ အခြေခံ လူ့အခွင့်အရေးမူတွေ အတိုင်း ထိထိရောက်ရောက် ဆောင်ရွက်ပေးဖို့ လိုအပ်တယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် မစ္စတာ သောမတ်စ် ကင်တားနားက မနေ့က တိုက်တွန်းလိုက် ပါတယ်။
2011-09-06
ကီလိုမီတာ ၂၈၀၀ ရှည်လျားတဲ့ ရွှေသဘာဝ ဓာတ်ငွေ့ ပိုက်လိုင်း စီမံချက်ကြောင့် မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက် ခံနေ ရတယ်လို့ ရွှေသဘာဝ ဓာတ်ငွေ့ လှုပ်ရှားမှုအဖွဲ့ က ဒီနေ့ ထုတ်ဖော် ပြောကြား လိုက်ပါတယ်။
2011-09-06
မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး ကော်မတီတွင် ဒေါ်အောင်ဆန်းစုကြည် ကိုကော်မတီဝင် အဖြစ် ထည့်သွင်းဖို့ ချင်းတိုးတက်ရေး ပါတီ လွှတ်တော်အမတ်က ဒီကနေ့ အဆိုပြုလိုက်ကြောင်း သိရပါတယ်။
2011-09-06
မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေအပေါ် ကုလသမဂ္ဂက ကော်မရှင်တရပ်ဖွဲ့ စုံစမ်းရေးကို ဥရောပ သမဂ္ဂ နိုင်ငံများအဖွဲ့ (အီးယူ)က အရေးတကြီး ထောက်ခံသင့်ကြောင်း ဥရောပအခြေစိုက် လူ့အခွင့် အရေး အဖွဲ့အစည်းတွေရဲ့ ဆွေးနွေးပွဲ တရပ်ကို ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့မှာ ဒီကနေ့ ကျင်းပပါတယ်။
2011-09-06
KIO အဖွဲ့အတွင်း ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး စိတ်ဝမ်းကွဲကာ အစည်းအဝေးမှာ ပစ်ခတ်ကြတာကြောင့် တဦးသေဆုံးပြီး ခေါင်းဆောင်တဦး ဒါဏ်ရာရတယ်လို့ အစိုးရ သတင်းစာတွေရဲ့ ရေးသားချက် မမှန်ကြောင်း KIO အဖွဲ့ က ငြင်းဆိုပါတယ်။
2011-09-06
မြန်မာနိုင်ငံအတွင်းက လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စုံစမ်း ဖော်ထုတ်မယ့် အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကို စတင် ဖွဲ့စည်း လိုက်ကြောင်း အစိုးရထုတ် သတင်းစာတွေမှာ ဒီကနေ့ ဖော်ပြ ပါတယ်။
2011-09-05
နိုင်ငံရေး အကျဉ်းသား နှစ်ထောင်ခန့်လွှတ်ပေးဖို့မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ တောင်းဆိုမှုုကို အိန္ဒိယ ပါလီမန်အမတ်တွေကလည်း ထောက်ခံကြောင်း အိန္ဒိယပါလီမန် အမတ်တဦး ဖြစ်သူ Mr. Ram Jethmalani က ပြောပါတယ်။
2011-09-05
ပြီးခဲ့တဲ့ သတင်းပတ်က ထိုင်းနဲ့ အိန္ဒိယနိုင်ငံ အခြေစိုက် မြန်မာ့အရေး လှုပ်ရှားနေတဲ့ အဖွဲ့အစည်း ကိုယ်စားလှယ်တွေဟာ အိန္ဒိယနိုင်ငံက လက်ရှိ အာဏာရ အစိုးရ ပါတီ အပါအဝင် လွှတ်တော် အမတ်တွေနဲ့တွေ့ဆုံပြီး မြန်မာ့ လက်ရှိ နိုင်ငံရေး အခြေအနေတွေကို ဆွေးနွေးခဲ့ကြ ပါတယ်။
2011-09-05
၂၀၀၈-ခုနှစ်က လုပ်ကြံခံခဲ့ရတဲ့ KNU အထွေထွေ အတွင်းရေးမှူး ဖဒိုမန်းရှာ လုပ်ကြံမှုမှာ လက်ရှိ KNU ဗိုလ်မှူး နာဒါမြလည်း ပါဝင်တယ်ဆိုတဲ့ ဝီကီလိခ် ရဲ့ဖော်ထုတ်ချက်ကို ဖဒိုမန်းရှာ ရဲ့ မိသားစုဝင်တွေက လက်မခံ ပယ်ချလိုက်ပါတယ်။