မြန်မာ့နိုင်ငံရေး အကျဉ်းသားလွှတ်ရေး အိန္ဒိယအမတ်များ ထောက်ခံ
2011.09.05

(Photo: AFP)
မြန်မာ့ဒီမိုကရေစီရေး ဆိုင်ရာ အိန္ဒိယ ပါလီမန် အမတ်များ ဖိုရမ် အဖွဲ့ဝင် အိန္ဒိယ အမတ်တွေက လက်မှတ် ရေးထိုး တောင်းဆိုတဲ့ စာကိုလည်း သမ္မတ ဦးသိန်းစိန်ထံ ပေးပို့သွားမယ်လို့ သတင်းစာ ရှင်းလင်းပွဲ အတွက် ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ပါရှိပါတယ်။
မြန်မာ့ အရေး အိန္ဒိယ အမတ်များ ဖိုရမ်မှာ အမတ် ဦးရေ ၁၀၀ ကျော် ရှိပြီး သူတို့အားလုံးက မြန်မာ နိုင်ငံ အကျဉ်းထောင်တွေထဲက နိုင်ငံရေး အကျဉ်းသားတွေကို ချက်ခြင်း လွှတ်ပေးဖို့လက်မှတ် ရေးထိုး တောင်းဆိုမှာ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် တဦးတည်း လွတ်မြောက်ခြင်းဟာ မြန်မာနိုင်ငံဟာ ဒီမိုကရေစီ အသွင် ကူးပြောင်းရေးကို ဦးတည်နေပါတယ် ဆိုတဲ့အချက် အတွက် လုံလောက်မှှု မရှိကြောင်း ကြေငြာချက်မှာ ဖေါ်ပြထားပါတယ်။
မိမိတို့အနေနဲ့မြန်မာ နိုင်ငံမှာ စစ်မှန်တဲ့ ဒီမိုကရေစီ အသွင် ကူးပြောင်းရေး မြင်လိုပါတယ်။ ဒါကြောင့် နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေးဟာ လိုအပ်တဲ့ ပထမ အဆင့် လုပ်ဆောင်ချက် အဖြစ် အကောင်အထည် ဖေါ်ဖို့ ဦးသိန်းစိန် အစိုးရကို တောင်းဆိုလိုက် ပါတယ်လို့ ဖေါ်ပြထား ပါတယ်။
သတင်းစာ ရှင်းလင်းပွဲကို ဒီကနေ့ နယူးဒေလီမြို့မှာ ကျင်းပမယ်လို့သိရပါတယ်။