အမေရိကန် အထူးကိုယ်စားလှယ် အခုရက်ပိုင်း မြန်မာပြည် သွားမည်

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူး ကိုယ်စားလှယ် Mr. Derek Mitchell ဟာ မြန်မာနိုင်ငံကို ပထမဆုံး အကြိမ် အဖြစ် လာရောက်မယ်လို့ သိရပါတယ်။

2011.09.06
mitchell_derek_us_defense_305_z.jpg မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူး ကိုယ်စားလှယ် အဖြစ် သမ္မတ အိုဘားမား အဆိုပြုထားသော အာရှနဲ့ ပစိဖိတ် ရေးရာ ဒုတိယ လက်ထောက် ကာကွယ်ရေး ဝန်ကြီး Derek Mitchell ဖြစ်ပါသည်။
အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန

Mr. Derek Mitchell ဟာ သောကြာနေ့မှာ အစိုးရ အဖွဲ့ဝင်တွေနဲ့ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံရေး ပါတီတွေ၊ အရပ်ဘက် အဖွဲ့အစည်းတွေနဲ့လည်း ရန်ကုန်မြို့မှာ ဆက်လက် တွေ့ဆုံမယ်လို့ သိရပါတယ်။

ဒီခရီးစဉ်နဲ့ပတ်သက်ပြီး အမေရိကန် နိုင်ငံခြားရေး ဌာနက ပြောဆိုရာမှာ - အထူးကိုယ်စားလှယ် Mr. Derek Mitchell ရဲ့ ခရီးဟာ အမေရိကန် ပြည်ထောင်စုရဲ့ ထိတွေ့ ပြောဆို ဆက်ဆံမှု အပေါ်အခြေခံပြီး မြန်မာ ပြည်သူတွေ အတွက် စစ်မှန်တဲ့ ပြုပြင် ပြောင်းလဲရေး၊ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးနဲ့ ဖွံ့ဖြိုး တိုးတက်ရေးတွေ အတွက် အတူတကွ ပန်းတိုင်ချမှတ်ဖို့ ရည်ရွယ်ကြောင်း ပြောဆိုခဲ့ပါတယ်။

Mr. Mitchell ဟာ မြန်မာနိုင်ငံက အပြန်မှာ ထိုင်း နဲ့အင်ဒိုနီးရှား အစိုးရ အဖွဲ့ဝင်တွေနဲ့ ဆွေးနွေးမယ်လို့ သိရပါတယ်။

အမေရိကန် အထူး ကိုယ်စားလှယ် ဟာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပွင့်လန်းရေး၊ လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်လာရေး အတွက် ဒေသတွင်း နိုင်ငံတွေနဲ့ အတူ ပူးပေါင်း ဆောင်ရွက်နိုင်ဖို့ နည်းလမ်းတွေ ရှာဖွေမယ်လို့ ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။