အခြေခံလူ့အခွင့်အရေးတွေ ထိရောက်စွာ ကာကွယ်ဖို့ ကင်တားနား တိုက်တွန်း
2011.09.06

UN Photo/Eskinder Debebe
လူ့အခွင့်အရေး အခြေအနေနဲ့ ပတ်သက်လို့ စတင် ဖြေရှင်း ဆောင်ရွက်မယ့် အစိုးရရဲ့ လုပ်ရပ် မှန်သမျှကို ကျနော်အနေနဲ့ ကြိုဆိုပါတယ်။ ဒါပေမယ့် လူ့အခွင့်အရေး ကော်မရှင်အဖွဲ့ ဆိုတာ ကုလသမဂ္ဂက သတ်မှတ် ပြဌာန်းထားတဲ့ အခြေခံ လူ့အခွင့်အရေး မူတွေကို ထိထိရောက်ရောက်
ကာကွယ် မြှင့်တင်ပေးရမယ့် အချက်ရှိနေတော့ လူ့အခွင့်အရေး ချိူးဖောက်မှုတွေကို ကော်မရှင်အနေနဲ့ လွတ်လွတ်လပ်လပ ်စုံစမ်း လေ့လာ ဖေါ်ထုတ် အရေးယူခွင့် ရှိရမှာ ဖြစ်တယ်လို့ ပြောသွားပါတယ်။
ဒီကော်မရှင် အသစ် မတိုင်ခင် အရင် အစိုးရက ထူထောင်ခဲ့တဲ့ လူ့အခွင့်အရေး အဖွဲ့နဲ့ အကြိမ်ပေါင်း များစွာ အပြန်အလှန် ဆက်ဆံခဲ့တဲ့ အတွေ့အကြုံအရ လူ့အခွင့်အရေး ချိူးဖောက်မှုတွေကို စစ်စစ်မှန်မှန် ကာကွယ်ပေးနိုင်ခဲ့ခြင်း မရှိတာကို သူ့အနေနဲ့ စိတ်ပျက်ခဲ့ရတယ်လို့လည်း
မစ္စတာ ကင်တားနားက ပြောပါတယ်။
ဒါကြောင့် အခု သမ္မတ ဦးဆောင်ပြီး ဖွဲ့စည်းလိုက်တဲ့ မြန်မာနိုင်ငံ အမျိူးသား လူ့အခွင့်အရေး ကော်မရှင် အသစ် အနေနဲ့ အရင် လူ့အခွင့်အရေး အဖွဲ့နဲ့ မတူပဲ အခြေအနေတွေ တိုးတက်လာအောင် လက်တွေ့ကျကျ ဆောင်ရွက်ပေးနိုင်ဖို့ မျှော်လင့်မိကြောင်း အာအက်ဖ်အေကို ပြောသွားပါတယ်။
မစ္စတာ ကင်တားနားကို အာအက်ဖ်အေ မှ မအင်ကြင်းနိုင်က မေးမြန်းတင်ပြထားတာကိုလည်း နားဆင်နိုင်ပါတယ်။
![]() |
ဆက်သွယ်မေးမြန်းချက်။ |
![]() |
အသံဖိုင်ယူရန်။ |