UWSA ကို သမ္မတ ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံ

စက်မှု ၁- ဝန်ကြီးဟောင်း ဦးအောင်သောင်းနဲ့ ဆက်သွယ်ရေး ဝန်ကြီးဟောင်း ဦးသိန်းဇော်တို့ နှစ်ဦးက သမ္မတ ဦးသိန်းစိန်ရဲ့ ကိုယ်စားလှယ်အနေနဲ့ UWSA ဝပြည် သွေးစည်းညီညွတ်ရေး အဖွဲ့ကို ဒီကနေ့ ကျိုင်းတုံမြို့မှာ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

2011.09.07
wa-parade-305.jpg အစိုးရနှင့် အပစ်ခတ်ရပ်စဲထားတဲ့ ဝပြည် သွေးစည်းညီညွတ်ရေးတပ် UWSA တပ်ဖွဲ့ဝင်တွေ စစ်ရေးပြနေစဉ်
(Photo: Courtesy of UWSA)

အခုလို တွေ့ဆုံနိုင်ဖို့ လွန်ခဲ့တဲ့ နှစ်ပတ်က အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်က UWSA ပန်ဆန်းမြို့ကို တယ်လီဖုံးနဲ့ ဆက်သွယ်ခဲ့သလို နိုင်ငံတော် သမ္မတရုံးက UWSA ဥက္ကဌ ပေါက်ယူချမ်း ထံကို စာတစောင် ပို့ခဲ့တာ ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ဝနယ်အတွင်းရှိ တပ်ရင်းတပ်မ အသီးသီးနဲ့ ဌာနမှူးတွေကို ဗဟိုက အစည်းအဝေး ခေါ်ယူပြီးနောက် ကိုယ်စားလှယ် အဖွဲ့ စေလွှတ်ခဲ့တာ ဖြစ်ပါတယ်။

UWSA ဘက်က စေလွတ်လိုက်တဲ့ ကိုယ်စားလှယ် အဖွဲ့မှာ ဦးပေါက်ယူချမ်းရဲ့ ညီ ဦးပေါက်ယူလျံ (ဘဏ္ဍာရေးနဲ့ စီးပွားရေးဌာမှူး) က ဦးဆောင်ပြီး ဦးကျောက်ကော်ယုံ (နိုင်ငံတကာ ဆက်ဆံရေး ဌာနမှူး) တို့နဲ့ ဦးအောင်မြင်(ပြန်ကြားရေးဌာန) တို့ ပါဝင်ကြတယ်လို့ ပြောပါတယ်။

လတ်တလော အနေနဲ့ ဘာတွေ ဆွေးနွးကြသလဲ ဆိုတာ မသိရသေးပေမဲ့ UWSA ကို သမ္မတရဲ့ ကိုယ်စားလှယ် အဖွဲ့က လာပြီး တွေ့ဆုံတယ် ဆိုတာဟာ တခြား တိုင်းရင်းသားတွေနဲ့ ဝအဖွဲ့ကို ခွဲထုတ်လိုက်တာ ဖြစ်တယ်လို့ တရုပ် မြန်မာ နယ်စပ် စစ်ရေး နိုင်ငံရေး လေ့လာသူ ဦးအောင်ကျော်ဇော်က ပြောပါတယ်။

UWSA အဖွဲ့ဟာ စစ်အစိုးရ လက်ထက်က အဆိုပြုထားတဲ့ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို လက်မခံခဲ့တဲ့ အပြင်၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အရ ဝဒေသကို ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်း ၈ ခုထဲမှာ ထည့်သွင်းထားပေမဲ့ UWSA က ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဝပြည်နယ် တောင်းဆိုထားတာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2011-09-08 04:09

ဒီဗမာအစိုးရက ၀ တဖြစ်လဲ တရုတ်တွေကို တော်တော် ကြောက်ပါလား။ အချင်းချင်း ပ စားနေလိုက်ကြတာ..