သတင်းလွတ်လပ်ခွင့် လွှတ်တော်မှာ ဆွေးနွေး

နေပြည်တော်မှာ ဒီကနေ့ ကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးမှာ သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့် မနေ့က အဆိုပြု တင်သွင်းခဲ့တဲ့ အလုပ်သမား အခွင့်အရေး ဆိုင်ရာ အဆိုနဲ့ သတင်း မီဒီယာသမားများ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် အဆိုတွေကို ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။

2011.09.07
assk_journal_censor_305_z.png ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာသည့် သတင်းကို နိုဝင်ဘာ ၁၅ ရက်က ပုဂ္ဂလိက ဂျာနယ်တစောင်တွင် ဖတ်ရှုနေသူတဦး ဖြစ်ပါသည်။ ထိုသတင်းကို အကျယ်တဝင့် ဖော်ပြသည့် စာနယ်ဇင်း ၉ ခုကို စာပေစိစစ်ရေးက ထုတ်ဝေခွင့် နှစ်ပတ်အထိ ပိတ်ပင်ခဲ့သည်။ (Photo: AFP)
(Photo: AFP)

ဒါ့အပြင် သြဂုတ်လ ၂၃ ရက်နေ့ အမျိုးသား လွှတ်တော် အစည်းအဝေးမှာ ပညာရေး ဝန်ကြီး တင်သွင်းခဲ့တဲ့ ပုဂ္ဂလိက ပညာသင်ကျောင်း ဖွင့်လှစ်ခွင့် မူကြမ်းကို အမျိုးသား လွှတ်တော်က ဒီကနေ့ အတည်ပြုလိုက်ကြောင်း သိရပါတယ်။

ဒီဥပဒေ မူကြမ်းအရ ပုဂ္ဂလိက ကျောင်းတွေ တည်ထောင်ခွင့်ရမှာ ဖြစ်သလို တိုင်းရင်းသား ဘာသာရပ်လို ထပ်ဆောင်း ဘာသာရပ်တွေကိုလည်း သင်ကြားခွင့်ရမှာ ဖြစ်ပြီး ဒီကျောင်းကနေ အစိုးရကျောင်းကို ကူးပြောင်းခွင့်လည်း ရှိကြောင်း အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ပြောပါတယ်။

အဲဒီ ပုဂ္ဂလိက ကျောင်းတွေဟာ ဘာသာရေး သင်တန်းကျောင်း မဖြစ်စေရ၊ နိုင်ငံခြား အဖွဲ့အစည်း တခုခုက ဦးစီး တည်ထောင်သော၊ ဒါမှမဟုတ် ထိုအဖွဲ့အစည်းရဲ့ အကူအညီနဲ့ တည်ထောင်သော ကျောင်း မဖြစ်စေရ ဆိုပြီး ကန့်သတ်ထားတယ်လို့ ဆိုပါတယ်။

သင်တန်းပို့ချမဲ့ ဆရာ ဆရာမတွေ အနေနဲ့ ပညာ အရည်အချင်း၊ လုပ်သက် အတွေ့အကြုံတွေကို တင်ပြပြီး သင်ကြားခွင့် မှတ်ပုံတင် လက်မှတ် လျှောက်ထားရမယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2012-01-23 03:34

EDUCATION REGION