လိုက်ဘေးရိယား နိုင်ငံမှာ မှတ်ပုံတင်ထားတဲ့ အဲဒီ သင်္ဘောကြီး အတွက် ၆ လခန့် အပြန်အလှန် ညှိနှိုင်း ဆွေးနွေးခဲ့ရပြီး မနေ့ မနက်ကတော့ သက်ဆိုင်ရာ သင်္ဘော ကုမ္ပဏီက အမေရိကန် ဒေါ်လာ ၇ သန်း ပေးပြီး ရွေးခဲ့တဲ့ အတွက် လွှတ်ပေးလိုက်တာလို့ ပြန်ပေးသမားတွေက ရိုက်တာ သတင်းဌာနကို ပြောကြားခဲ့ပါတယ်။ အဲဒီ သင်္ဘောပေါ်ကနေ သူတို့ ဆင်းပေးလိုက်ပြီမို့ အခု ဘေးကင်းရာကို ထွက်ခွါသွားပြီလို့လည်း ဆိုမာလီ ပြန်ပေးသမား တယောက်က ပြောပါတယ်။