သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2012-06-11
ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ မငြိမ်သက်မှုတွေနဲ့ ပတ်သက်ပြီး ဘာသာရေးပဋိပက္ခအသွင်နဲ့ ကူးစက်ပြန့်ပွားမလာအောင် ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့က သံဃာတော်တွေ မနေ့က တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
2012-06-11
ရခိုင်ပြည်နယ်က လက်ရှိပဋိပက္ခတွေနဲ့ ပတ်သက်ပြီး ရခိုင်အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ဒီကနေ့ သတင်းစာရှင်းလင်းပွဲတစ်ရပ် ကျင်းပခဲ့ပါတယ်။
2012-06-11
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ဒီကနေ့ အစိုးရက လုံခြုံရေးတင်းတင်းကြပ်ကြပ် ချထားပေမယ့် မြို့ခံ လူထုအနေအထားကတော့ စိုးရိမ်နေရဆဲဖြစ်ကြောင်း သိရပါတယ်။
2012-06-11
ရခိုင်ပြည်နယ် မောင်တောမြို့မှာ ဖြစ်ပွားနေတဲ့ အရေးပေါ်အခြေအနေကြောင့် မောင်တောမှာ တာဝန်ကျနေတဲ့ ကုလသမဂ္ဂဝန်ထမ်းနဲ့ မိသားစုတွေကို လုံခြုံတဲ့နေရာ ပြောင်းရွှေ့နေပြီလို့ သိရပါတယ်။
2012-06-11
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ တူးကုန်းကျေးရွာအုပ်စုမှာရှိတဲ့ မိုးထိ မိုးမိတောင်က ထောင်နဲ့ချီတဲ့ ရွှေတူးလုပ်သားတွေဟာ သူတို့တောင်းဆိုတဲ့ အခွင့်အရေးတွေ ရရှိဖို့အတွက် နေပြည်တော်ရှိ သမ္မတ အိမ်တော်အထိ ချီတက်လမ်းလျှောက် ဆန္ဒပြတောင်းဆိုမှု ဒီကနေ့ မနက်(၁၀) နာရီက စတင်ပြုလုပ်လိုက်ပြီလို့ သိရှိရပါတယ်။
2012-06-10
ရခိုင်ပြည်နယ်က လက်ရှိဆူပူမှုတွေကြောင့် မြန်မာနိုင်ငံရဲ့ဒီမိုကရေစီစနစ် အသွင်ကူးပြောင်းရေးကို ထိခိုက်နိုင်တယ်လို့ သမ္မတ ဦးသိန်းစိန်က မနေ့ကပြောကြားလိုက်ပါတယ်။
2012-06-10
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ဒီကနေ့ မွန်းလွဲပိုင်းက ညမထွက်ရ အမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်လိုက်ပါတယ်။ စစ်တွေမြို့မှာ မနေ့က တညလုံး အထိတ်တလန့် ဖြစ်နေကြပြီး ဒီနေ့ အခြေအနေကို RNDP ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ အတွင်းရေးမှူး ဦးလှစောက ပြောပါတယ်။
2012-06-10
တရုတ် မြန်မာ နယ်စပ် မူဆယ်မြို့မှာ စနေနေ့ည သန်းခေါင်အချိန်က ဗုံး ၅ လုံးထက်မနည်း ဆက်တိုက် ပေါက်ကွဲခဲ့ပေမဲ့ ထိခိုက်ဒဏ်ရာရသူ မရှိဘူးလို့ သိရပါတယ်။ ဗုံးများ ပေါက်ကွဲတဲ့ ပုံစံအရ ချိန်ကိုက်ဗုံးများ ဖြစ်နိုင်တယ်လို့ မူဆယ်မြို့ခံတွေက ပြောပါတယ်။
2012-06-10
ရခိုင်ပြည်နယ်၊ မောင်တောမြို့မှာ အခုဆိုရင် ဒုက္ခသည် ဦးရေ (၅၀၀၀) ခန့်ရှိနေပြီး လတ်တလောအနေနဲ့ အစားအသောက်၊ ရိက္ခာတွေ လိုအပ်နေသလို ပြေးလွှားရင်း ပျောက်ဆုံးနေသူ ၅၀ ခန့်ရှိတယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။
2012-06-10
၁၉၉၁ ခုနှစ်က ချီးမြှင့်ခံခဲ့ရတဲ့ နိုဘယ်လ် ငြိမ်းချမ်းရေးဆုကို နော်ဝေနိုင်ငံ အော်စလိုမြို့မှာ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်နဲ့ မြန်မာပြည်တွင်းက သက်ဆိုင်ရာ အဖွဲ့အစည်း ကိုယ်စားလှယ်တွေနဲ့ အနုပညာရှင်တချို့လည်း တက်ရောက်ဖို့ရှိတယ်လို့ စုံစမ်းသိရှိရပါတယ်။
2012-06-09
ဗြိတိန်နိုင်ငံကို ရောက်ရှိနေတဲ့ ကိုဇာဂနာရဲ့ လွတ်လပ်သော ရုပ်ရှင်အနုပညာ ဆွေးနွေးပွဲကို မနေ့ညနေ ပိုင်းက လန်ဒန်မြို့ရှိ South Bank တက္ကသိုလ်မှာ ကျင်းပခဲ့ရာမှာ မြန်မာနိုင်ငံသား (၃၀၀) ကျော် တက်ရောက်ခဲ့ပါတယ်။
2012-06-09
ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက်တိုက်ခိုက်မှု အခြေအနေတွေ ပြန်လည်တည်ငြိမ်သွားပြီလို့ နိုင်ငံတော် သမ္မတရုံး ရဲ့ အင်တာနက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။
2012-06-09
ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ကျောက်နီမှော် ဒေသက မသီတာထွေး အမည်ရှိ အမျိုးသမီးတစ်ဦးကို အဓမ္မ ပြုကျင့် သတ်ဖြတ်မှုနဲ့ ရခိုင်ပြည်နယ်၊ ကျောက်ဖြူထောင်မှာ ထိန်းသိမ်းထားသူ သုံးဦးထဲက ထက်ထက် (ခေါ်) ရော်ရှီး ဟာ မိမိကိုယ်ကို အဆုံးစီရင်သွားကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။
2012-06-09
RFA က စုံစမ်းရရှိတဲ့ သတင်းတွေအရ စစ်တွေမြို့ ပတ်ဝန်းကျင်မှာ မနေ့ညက တစ်ညလုံး အခြေအနေတွေ တင်းမာနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။
2012-06-09
အခုတပတ် ဦးခင်မောင်ညိန်း စီစဉ်ထုတ်လွှင့်တဲ့ တနင်္ဂနွေဆွေးနွေးပွဲ စကားဝိုင်းအစီအစဉ်မှာ မြန်မာနိုင်ငံအတွင်း တရားဥပဒေစိုးမိုးရေး အားနည်းကင်းမဲ့နေတဲ့အတွက် မလိုလားဖွယ်ကိစ္စတွေဖြစ် ပေါ်နေရပုံတွေ၊ စာနယ်ဇင်းလွတ်လပ်ခွင့် အားနည်းလို့ ကောလာဟလသတင်းတွေ၊ မမှန်သတင်းတွေ၊ အားကောင်းလာပုံတွေကို အခြေပြု ဆွေးနွေး တင်ပြထားပါတယ်။