စစ်တွေမြို့တဝိုက် အခြေအနေ တင်းမာနေဆဲ
2012.06.09
ရခိုင်ကျေးရွာတွေ အနီးမှာ မနေ့ညက မြန်မာစကားမတတ်တဲ့ တစ်ဘက်နိုင်ငံသားတွေလို့ ယူဆရသူတွေက အုပ်စုဖွဲ့ပြီး အော်ဟစ်ဆူပူနေခဲ့ကြတယ်လို့ စစ်တွေမြို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြတ်ကျော် က အခုလို ပြောပါတယ်။
“ အကုန်လုံးက ဘင်္ဂလားဒေ့ချ်က ခိုးဝင်လာကြတဲ့ အုပ်စုတွေပဲ။ သူတို့တွေခိုးဝင်တဲ့ ဒီဘက်မှာ သဲချောင်းဆိုတဲ့ ဒီအပေါက်ရှိတယ်။ အဲဒီအပေါက်ကနေ ဘင်္ဂလားဒေ့ချ် ကို သုံးနာရီလောက် မောင်းလိုက်ရင်ရောက်ပြီ။ စက်လှေနဲ့။ သူတို့က အဝင်အထွက်က အဲဒီနေရာက အမြဲတမ်းကို အဲဒီနေရာက အဝင်အထွက် လုပ်နေကြတာ။ အကုန်လုံး ဘင်္ဂလားဒေ့ချ်က ဝင်လာကြတဲ့ လူတွေပဲ”
အခုလို ဆူပူအကြမ်းဖက်ဖို့ ကြံစည်ကြိုးစားနေတဲ့ လူအုပ်တွေနဲ့ပတ်သက်လို့ အာဏာပိုင်တွေဘက်က ထိထိရောက်ရောက် အမြန်ဆုံးဖြေရှင်းပေးဖို့ လိုအပ်နေတယ်လို့ ဦးအောင်မြတ်ကျော်က ပြောပါတယ်။
“ သူတို့ရဲ့နောက်ကွယ်မှာ တကယ့်ကို သြဇာကြီးမားတဲ့ အုပ်စုတစ်စုက control အပြည့်အဝ စီမံကိန်းချပြီး သူတို့ကိုလုပ်ခိုင်းနေတဲ့ သဘောမျိုးရှိတယ်။ မနေ့ကဆိုရင် မနက်ပိုင်းရော၊ နေ့လည်ပိုင်းရော ဘာမှ ပြဿနာ မရှိဘူး။ အဲဒီညနေစောင်းဘက်ရောက်ရော အဲတာက ပြဿနာကတင်းမာလာရော။ သုံးနာရီလောက်ကနေ သူတို့က တင်းမာလာတာ။ ဘူးမေရော်ဆိုတဲ့ အဲဒီရွာက ဘင်္ဂါလီတွေနေတဲ့ ရွာကြီးပဲ။ အဲဒီတစ်ရွာထဲကို ပတ်ပတ်လည်မှာရှိတဲ့ တခြားအဲဒီ ဘင်္ဂါလီတွေအကုန်လုံး ဒီဘက်ကို စုပြုံပြီးရင် ဘူးမေရော်ရွာမှာ စုကြတယ်။ အဲဒီကနေတဆင့် ဒီဘက်က ရခိုင်တွေဘက်ကို မြို့တွင်းဘက်ကို ဝင်မလို့ သူတို့ကလူအင်အားသုံးပြီး တက်လာတယ်”
စစ်တွေမြို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြတ်ကျော် ပြောသွားတာပါ။