ဒေါ်အောင်ဆန်းစုကြည် နိုဘယ်လ်ဆု လက်ခံပွဲ ပြည်တွင်း မြန်မာများတက်ရောက်မည်

၁၉၉၁ ခုနှစ်က ချီးမြှင့်ခံခဲ့ရတဲ့ နိုဘယ်လ် ငြိမ်းချမ်းရေးဆုကို နော်ဝေနိုင်ငံ အော်စလိုမြို့မှာ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်နဲ့ မြန်မာပြည်တွင်းက သက်ဆိုင်ရာ အဖွဲ့အစည်း ကိုယ်စားလှယ်တွေနဲ့ အနုပညာရှင်တချို့လည်း တက်ရောက်ဖို့ရှိတယ်လို့ စုံစမ်းသိရှိရပါတယ်။

2012.06.10
assk-1991-nobel-305 ၁၉၉၁ ခုနှစ်က ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင်အဖြစ် ဒေါ်အောင်ဆန်းစုကြည်ကို ရွေးချယ် ဆုချီးမြင့်ကြောင်း နိုဘယ်လ်ဆုအဖွဲ့၏ အင်တာနက် စာမျက်နှာတွင် ဖော်ပြထားပုံ။
Nobelprize.org

ဇွန်လ (၁၆) ရက်နေ့မှာ ကျင်းပမယ့် အဲဒီအခမ်းအနားကို တက်ရောက်မယ့်သူတွေထဲမှာ ရုပ်ရှင်ဒါရိုက်တာ မင်းထင်ကိုကိုကြီးလည်း ပါဝင်ပါတယ်။ အခုလို တက်ရောက်နိုင်အောင် အစိုးရ အဖွဲ့အစည်း မဟုတ်တဲ့ Norwegian Burma Committee ဆိုတဲ့ နော်ေ၀ အခြေစိုက် NGO အဖွဲ့က ကမကထပြု စီစဉ်ခဲ့တာဖြစ်တယ်လို့ မင်းထင်ကိုကိုကြီးက ပြောပါတယ်။

"အမေစုကတော့ ၁၃ ရက်နေ့ ဒီကနေ ထွက်လိမ့်မယ်လေ။ ဂျနီဗာကို အရင်သွားမယ်ထင်တယ်။ အဲဒီကမှ နော်ဝေကိုလာမယ် ပြောတယ်။ ကျွန်တော်ကတော့ ၁၂ ရက်နေ့ ဒီကနေ ထွက်မယ်။ နော်ဝေမှာ အမေစုရှိနေတဲ့ ရက်တွေ ၁၅ ရက်နေ့မှာ press တို့၊ နောက် နိုဘယ်လ်ဆု လက်ခံမယ့်ပွဲပေါ့။ နောက် ပွဲ ၄ ပွဲကို ကျွန်တော် တက်ခွင့်ရထားပါတယ်"

ဒါ့အပြင် ဂျာမနီနိုင်ငံမှာ ဇွန်လ (၂၄) ရက်နေ့ ကျင်းပမယ့် Global Media Forum ကိုလည်း တက်ရောက်ဖို့ ရှိတယ်လို့ မင်းထင်ကိုကိုကြီးက ပြောပါတယ်။

၁၉၉၁ ခုနှစ်ကတည်းက နိုဘယ်လ် ငြိမ်းချမ်းရေးဆု ချီးမြှင့်ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အခုလို ကိုယ်တိုင်လာရောက်ပြီး ဆုလက်ခံယူဖို့ ဒုတိယအကြိမ်အဖြစ် ဂုဏ်ပြုပွဲ ကျင်းပတာဟာ နိုဘယ်လ် ဆုပေးပွဲ သမိုင်းမှာ ပထမဆုံးအကြိမ် ဖြစ်ကြောင်း သတင်းတွေက ဖော်ပြကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။