နော်ဝေး ရိုဟင်ဂျာ ညီလာခံ ဒေါ်အောင်ဆန်း စုကြည်ကို မဖိတ်ကြား
2015.05.26

နော်ဝေးနိုင်ငံ အော်စလိုမြို့မှာ မနေ့ကကျင်းပခဲ့တဲ့ ရိုဟင်ဂျာ ဆိုင်ရာညီလာခံမှာ ငြိမ်းချမ်းရေး နိုဘဲဆုရှင် သုံးဦးက အရှေ့တောင်အာရှ ပင်လယ်ပြင်မှာ လက်ရှိပေါ်ပေါက်နေတဲ့ ဝမ်းနည်းကြေကွဲဖွယ်ဖြစ်ရပ်တွေကို သတိပြု နှလုံးသွင်းကြဖို့ နိုင်ငံတကာကို ဆော်သြပန်ကြားခဲ့ကြပါတယ်။
တောင်အာဖရိက ခရစ်ယာန်ဘုန်းတေ်ကြီး ဒက်စမွန်တူးတူး၊ အရှေ့တီမော သမ္မတဟောင်း ဟိုဆေး ရာမို့စ်ဟွန်တာနဲ့ မြောက်အိုင်ယာလန် ငြိမ်းချမ်းရေးလှုပ်ရှားသူ Mairead Maguire တို့က အဲဒီညီလာခံကို အသံဖိုင်တွေပေးပို့ခဲ့ကြတာပါ။
ဘုန်းတေ်ကြီး ဒက်စမွန်တူးတူးက ရိုဟင်ဂျာတွေရဲ့ ဒုက္ခနဲ့ပတ်သက်ပြီး နိုင်ငံတကာနဲ့ ဒေသတွင်းက အကူအညီတွေ ရရှိအောင်ဆောင်ရွက်ဖို့ မိမိတို့အားလုံးမှာ တာဝန်ရှိကြောင်း၊ သူတို့တွေ နိုင်ငံသားအခွင့်အရေးနဲ့ အခြေခံလူ့အခွင့်အရေးတွေ ခံစားရရှိဖို့ ဥရောပသမဂ္ဂ အပါအဝင် တခြားနိုင်ငံတကာအဖွဲ့အစည်းတွေကို တိုက်တွန်းနှိုးဆော်ကြဖို့ တာဝန်ရှိကြောင်းပြောဆိုခဲ့ပါတယ်။
အဲဒီ့ပွဲမှာ ငြိမ်းချမ်းရေးနိုဘဲဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို မဖိတ်ကြားခဲ့ဘူးလို့ သိရပါတယ်။