မသီတာထွေး သတ်ဖြတ်မှု ကျူးလွန်သူများ အများရှေ့မှောက် စစ်ဆေးမည်
2012.06.09
ဒီသတင်းနဲ့ပတ်သက်ပြီး အတည်ပြုနိုင်ဖို့ ကျောက်ဖြူ အကျဉ်းထောင်ကို အာအက်ဖ်အေက ဆက်သွယ် ခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။ ကျောက်ဖြူမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ရခိုင်အမျိုးသား တိုးတက်ရေး ပါတီက ဦးဘရှင်ကို ဆက်သွယ်မေးမြန်းရာမှာ -
“ဒီအချိန်အထိတော့ ဒီသတင်းတွေမရပါဘူး။ ထောင်အာဏာပိုင်တွေကလည်း လုံခြုံရေးကို ဂရုစိုက်ပြီး ထိန်းသိမ်းထားကြတာပဲ။ ကျွန်တော်သိရသလောက်။ ကျွန်တော်တို့တွေလည်း အဲတာတွေ တာဝန်ရှိတဲ့ ထောင်ပိုင်ကြီးတွေနဲ့ တွေ့တဲ့အခါ သူတို့တွေလုံလုံခြုံခြုံ ရှိဖို့ဟာရယ်၊ ကျွန်တော်တို့ စကားပြောဖြစ်ကြပါတယ်။ တနင်္လာနေ့ နှစ်ဘက်ရှေ့နေစုံရင်တော့ သက်သေတွေမှာထားတယ်နဲ့ တူပါတယ်။ ဒါပေမဲ့ သူတို့တရားစီရင်ရေး လမ်းကြောင်းအရဆိုလို့ရှိရင်တော့ တရားလိုဘက်က အမှုလိုက်ပါမဲ့ ခရိုင်ဥပဒေအရာရှိကတော့ အဆင်သင့်ရှိနေပြီ။ တရားခံတွေဘက်က လိုက်ပါမဲ့ ရှေ့နေ ရှေ့ရပ်တွေ အဆင်သင့်ရှိမှ စစ်လို့ရမှာကိုး။ ကျွန်တော်သိရသလောက် သူတို့တွေက ကိုယ်ပိုင်ရှေ့နေမငှါးနိုင်တဲ့ အတွက်ကြောင့် နိုင်ငံတော်ဘက်က သူတို့အတွက် ရှေ့နေတစ်ယောက် စီစဉ်ပေးမယ်”
သူတို့အမှုကို တနင်္လာနေ့မှာ ကျောက်ဖြူခရိုင်တရားရုံးက အများပြည်သူရှေ့မှောက် ဆက်လက် စစ်ဆေးမယ်လို့ သိရပါတယ်။ ကျောက်ဖြူမြို့မှာတော့ အခြေအနေတွေ တည်ငြိမ်နေတယ်လို့ ဦးဘရှင်က ပြောပါတယ်။