စစ်တွေမှာ ညမထွက်ရ အမိန့်ထုတ်ပြန်
2012.06.10

"၁၁ နာရီခွဲ ၁၂ နာရီလောက်မှာ လမ်းမတော်တောင်ပေါ့။ မြစ်ကမ်းဘက်မှာ မူဆလင်အိမ်တွေပဲ။ သူတို့က မော်တော်နဲ့ ထွက်သွားပြီးတော့ အိမ်တွေကို မီးရှို့ခဲ့တယ်။ မီးသတ်တွေရော ရပ်ကွက်က လူတွရော မီးသတ်လိုက်တယ်။ မီးလောင်ပြင်လိုတော့ ဖြစ်သွားတာပေါ့။ အဲဒါက မြို့ရဲ့ အရှေ့ဘက် မြစ်ကမ်းဘေးမှာပေါ့လေ။ မြို့အနောက်ဘက်က နည်းနည်း ထိပ်တိုက်တိုးတဲ့ မီးစက်လမ်းဆုံပေါ့လေ။ အဲဒီတဝိုက်မှာတော့ ရခိုင်တွေနဲ့ မူဆလင်တွေနဲ့ tension တွေဖြစ်နေတာပေါ့။ ဘာမှ ထိပ်တိုက်တိုးတာတွေတော့မရှိဘူး။ မူဆလင်ရွာနဲ့နီးတဲ့ နေရာက ရခိုင်တွေကတော့ ပြေးလာပြီးတော့ မြို့အနောက်ဘက်က အဓိဌာန်ဆရာတော်ရဲ့ကျောင်းထဲမှာ နေတာ ဒုက္ခသည် လူ တထောင်နီးပါးရှိတယ်။ စားရေးသောက်ရေးအတွက် ဒီရခိုင်ရုံးကပဲ ထမင်းထုတ်တွေ လိုက်ပို့ပေးနေတယ်"
မီးရှို့ဖို့ ကြံစည်သူ ၂၀ လောက်ကို ဖမ်းဆီးပြီး ရဲစခန်းခေါ်သွားတာ တွေ့ရတယ်လို့လည်း RNDP စစ်တွေမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမောင်ညိုက ပြောပါတယ်။
ပြောက်ကျားစနစ်လိုတက်တာ။ ဒီဘက်ကနေပြီးတော့ သူတို့ကို တားလိုက်ရင် ဟိုဘက်က ဖောက်ပြီးတော့ တက်တာ။ ၂၀ လောက်ရှိတယ်၊ ဖမ်းလာတာ။ ရဲစခန်းကို ပို့လိုက်တာတော့ တွေ့တယ်။"
ဒီအတောအတွင်း ရခိုင်ပြည်နယ်မှာ တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ်ရေးအတွက် အချိန်မဆိုင်းဘဲ လိုအပ်သလို အရေးယူ ဆောင်ရွက်ပေးပါလို့ အရင်က ရခိုင်သဟာသ အသင်းလို့ ခေါ်တွင်တဲ့ ရခိုင်လူမှုရေးအသင်းများ အဖွဲ့ချုပ်က နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ကို မေတ္တာရပ်ခံလိုက်ပါတယ်။
စစ်တွေမြို့ကို ဒီကနေ့ ညနေပိုင်းက ရောက်ရှိတဲ့ RFA အဖွဲ့သား ဦးကျော်ကျော်အောင်ကို ဦးတင်အောင်ခိုင်က ဆက်သွယ် မေးမြန်းထားပါတယ်။
![]() |
ဆက်သွယ်မေးမြန်းချက်။ |
![]() |
အသံဖိုင်ယူရန်။ |