သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2012-12-07
လက်ပန်းတောင်းတောင်အရေး အကြမ်းဖက် ဖြိုခွဲခဲ့တာနဲ့ ပတ်သတ်ပြီး ကန့်ကွက်ရှုံ့ချ ဆန္ဒပြတဲ့ ထိုင်သပိတ်ကို ဒီဇင်ဘာလ ၇ ရက် ဒီကနေ့ မွန်းလွဲပိုင်းက မကွေးတိုင်းဒေသကြီး၊ ချောက်မြို့ က အေးစေတီ ဘုရား ရင်ပြင်တော်မှာ ဒေသခံ သံဃာ လေးဆယ်ဝန်းကျင်က ငါးနာရီကြာ ပြုလုပ် ခဲ့ကြပါတယ်။
2012-12-07
လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင် အတွင်းရေးမှူးနဲ့ အဖွဲ့ဝင်တွေဟာ ဒီကနေ့ ဒီဇင်ဘာလ ၇ ရက်နေ့ မွန်းလွဲပိုင်းက မန္တလေး ပြည်သူ့ဆေးရုံကြီး မှာ ဆေးဝါးကုသမှု ခံယူနေတဲ့ ကြေးနီတောင် သပိတ်စခန်းမှာ ဒဏ်ရာရသူ သံဃာတော်တွေ ကို တွေ့ဆုံမေးမြန်းခဲ့ပါတယ်။
2012-12-07
လက်ပန်းတာင်းတောင်အရေးနဲ့ ပတ်သက်တဲ့ သတင်းစာ ရှင်းလင်းပွဲတစ်ရပ်ကို ပထမဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် Mr.Li Junhua က ဒီကနေ့ တရုတ်သံရုံးမှာ ၂နာရီကျော်ကြာ ကျင်းပခဲ့ပါတယ်။
2012-12-07
ထိုင်းနိုင်ငံတောင်ပိုင်း၊ လတ်ဘူရီခရိုင်၊ ပဝိုင်မြို့နယ်၊ ကီလိုကောက်ဒေသမှာရှိတဲ့ V&K နာနတ်သီး ဖျော်ရည်သွပ်စက်ရုံက တရားဝင်နိုင်ငံကူးလက်မှတ်နဲ့ လာရောက်အလုပ်လုပ်နေသူ မြန်မာအလုပ်သမား ၁ဝ၂ ဦးဟာ နှစ်နိုင်ငံ သဘောတူစာချုပ် MOU မှာပါရှိတဲ့ အခွင့်အရေးအတိုင်း တောင်းဆိုတာကို စက်ရုံငြင်းပယ်လိုက်ပြီး၊ နိုင်ငံကူးလက်မှတ်တွေ အလုပ်ကနေ ထုတ်ပစ်လိုက်တယ်လို့ သိရပါတယ်။ အလုပ်ထုတ်ခံရတဲ့ မြန်မာနိုင်ငံသား အလုပ်သမားတဦးဖြစ်တဲ့ ကိုဇော်မျိုးလတ်က အခုလိုပြောပါတယ်။
2012-12-07
ကချင်ပြည်နယ်က စစ်ပြေး ဒုက္ခသည်တွေဟာ ဆောင်းရာ သီရောက်လို့ ရာသီဥတု ဆိုးလာတာနဲ့အမျှ အကူအညီတွေပိုပြီး လိုအပ်နေတဲ့အတွက် သူတို့ကို ထောက်ပံ့ကူညီ တာတွေ တားဆီး ပိတ်ပင်တာတွေမလုပ်ဖို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုနဲ့ အရေးပေါ် ကယ်ဆယ်ရေးဆိုင်ရာ လက်ထောက် အတွင်းရေးမှူးချုပ် Mrs. Valerie Amos က မြန်မာအစိုးရကို ပန်ကြားလိုက်ပါတယ်။
2012-12-07
မြန်မာအစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့ အိန္ဒိယ-မြန်မာ နယ်စပ် အခြေစိုက် တိုင်းရင်းသား လက်နက်ကိုင် ချင်းအမျိုးသားတပ်ဦး (CNF) တို့ရဲ့ ပြည်ထောင်စုအဆင့် အကြိုဆွေးနွေးပွဲကို ဒီဇင်ဘာလ ၇ ရက်နေ့ ဒီကနေ့ မနက်ပိုင်းက ရန်ကုန်မြို့၊ ရွှေတောင်ကြားမှာရှိတဲ့ မြန်မာငြိမ်းချမ်း ရေးစင်တာမှာ ပြုလုပ်ခဲ့ကြပါတယ်။
2012-12-07
သမ္မတ ဦးသိန်းစိန်ဟာ လာမယ့် သီတင်းပတ်အတွင်း သွားရောက်ဖို့ စီစဉ်ထားတဲ့ သြစတေးလျနဲ့ နယူးဇီလန် နိုင်ငံခရီးစဉ်တွေ ကို ရွှေ့ဆိုင်းလိုက်ကြောင်း သမ္မတရုံး အင်တာနက် စာမျက်နှာမှာ ဖေါ်ပြထားပါတယ်။
2012-12-06
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁ ရက်နေ့က တောင်းဆိုခဲ့တာတွေကို အာဏာပိုင်တွေဘက်က တုန့်ပြန် လိုက်လျောမှု မရှိသေးတဲ့အတွက် မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ သီရိဟေမာ အရှေ့ရပ်မှာရှိတဲ့ အိမ်တော်ရာဘုရားမှာ သံဃာတော်အပါး (၃၀၀) လောက်ဟာ ဒီကနေ့ နေ့လည်တစ်နာရီမှာ ထိုင်သပတ်ကို စတင် ဆင်နွဲခဲ့ကြပါတယ်။
2012-12-06
လက်ပံတောင်းတောင်အရေး စုံစမ်းစစ်ဆေးရေး ကော်မရှင်အနေနဲ့ အမှန်တရားကို ဖော်ထုတ်ပြီး အမှန်ကို အမှန်အတိုင်း၊ အရှိကို အရှိတိုင်းသာ တွေ့ရှိချက်တွေကို ရဲရဲဝံ့ဝံ့နဲ့ အမှန်အတိုင်း တင်ပြသွားမယ်လို့ စုံစမ်းစစ်ဆေးရေးကော်မရှင် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။
2012-12-06
ရခိုင်ပြည်နယ်အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေလိုမျိုး နောက်ထပ် မဖြစ်ပွားဖို့အတွက် လူ့အဖွဲ့အစည်း ၂ ခုအကြား သင့်မြတ်အောင် လုပ်ဆောင် မယ်ဆိုရင် မြန်မာအစိုးရကို ကုလသမဂ္ဂ အဖွဲ့အစည်း အနေနဲ့ ကူညီပေးသွားမှာ ဖြစ်ကြောင်း ထိုင်းနိုင်ငံ အခြေစိုက် အာရှနဲ့ ပစိဖိတ်ဒေသ ကုလသမဂ္ဂဒုက္ခသည်များ ဆိုင်ရာ အရေးပေါ် ကူညီကယ်ဆယ်ရေး အဖွဲ့ ပြန်ကြားရေးတာဝန်ခံ Ms. Kirsten Mildren က သတင်းထောက်တွေကို ပြောပါတယ်။
2012-12-06
နိုင်ငံတကာ ငွေပေးချေရေးကဒ်ဖြစ်တဲ့ Master Card ကို မြန်မာနိုင်ငံမှာ ပထမဆုံးအဖြစ် CB Bank ရဲ့ ATM စက်တွေမှာ အသုံးပြုနိုင်ဖို့အတွက် အာရှပစိဖိတ်ဒေသဆိုင်ရာဥက္ကဌနဲ့ CB Bank ဒါရိုက်တာအဖွဲ့ဝင်တွေဟာ ဒီကနေ့ ရန်ကုန်မြို့ ကန်တော်ကြီးပတ်လမ်းမှာရှိတဲ့ ချက်ထရီယမ်ဟိုတယ်မှာ တွေ့ဆုံပွဲ ကျင်းပခဲ့ပါတယ်။
2012-12-06
ထိုင်းဝန်ကြီးချုပ်ဟောင်း လက်ရှိ ထိုင်းအစိုးရ အတိုက်အခံ ဒီမိုကရက်ပါတီရဲ့ ခေါင်းဆောင် လည်းဖြစ်တဲ့ အဘီဆစ် ဝိချာချီဝ (Abhisit) နဲ့ အဖွဲ့ဟာ ဒီကနေ့ ထိုင်း-မြန်မာနယ်စပ် မဲဆောက်ဒေသတွင်းက မြန်မာရွှေ့ပြောင်း ကလေးငယ်တွေ ပညာရေးနဲ့ ကျန်းမာရေး ကိစ္စတွေဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေကို လာရောက်လေ့လာခဲ့ပါတယ်။
2012-12-06
ရခိုင်ပြည်နယ် ဒုက္ခသည်စခန်းတွေ မှာ နေထိုင်နေကြတဲ့ မူဆလင် ရိုဟင်ဂျာ မိသားစုတွေရဲ့ အခြေအနေ ဟာ အလွန်ဆိုးဝါးနေသလို၊ မွတ်ဆလင်နဲ့ ဗုဒ္ဓဘာသာ နှစ်ဖက်စလုံးဟာ အကြောက်တရားနဲ့ နေ့စဉ်ရင်ဆိုင်နေထိုင်ကြရတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှု အကူညီပေးရေး ဆိုင်ရာ အကြီးအကဲ Valerie Amos က ဒီကနေ့ ပြောကြားလိုက်ပါတယ်။
2012-12-06
လက်ပန်းတောင်းတောင် သပိတ်စခန်း အကြမ်းဖက်ဖြိုခွဲခဲ့တဲ့ ကိစ္စနဲ့ပတ်သက်ပြီး အစိုးရက တာဝန်ယူဖြေရှင်းပေးဖို့အတွက် သံဃာတွေဟာ မနက်ဖြန် ဒီဇင်ဘာလ ၆ ရက်နေ့မှာ မြို့အတော်များများမှာ ထိုင်သပိတ်မှောက်ဆန္ဒပြဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။
2012-12-06
လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေးအတွက် ဒီကနေ့ ဒီဇင်ဘာလ ၆ ရက်နေ့ကစပြီး မြန်မာနိုင်ငံမြို့တစ်ချို့မှာ သံဃာတော်တွေ ထိုင်သပိတ်မှောက်ကြဖု့ိ အစီအစဉ်ရှိတယ်လို့ သတင်းရပါတယ်။ ပါဝင်ဆောင်ရွက်မယ့် ဆရာတော်တပါးဖြစ်တဲ့ ပခုက္ကူမြို့က ဆရာတော် ဦးကဝိန္ဒောဘာသ ကို RFA အဖွဲ့သား ဦးခင်မောင်စိုး ကဆက်သွယ်မေးမြန်းထားပါတယ်။