ချောက်သံဃာတွေ ထိုင်သပိတ်ဆန္ဒပြ

လက်ပန်းတောင်းတောင်အရေး အကြမ်းဖက် ဖြိုခွဲခဲ့တာနဲ့ ပတ်သတ်ပြီး ကန့်ကွက်ရှုံ့ချ ဆန္ဒပြတဲ့ ထိုင်သပိတ်ကို ဒီဇင်ဘာလ ၇ ရက် ဒီကနေ့ မွန်းလွဲပိုင်းက မကွေးတိုင်းဒေသကြီး၊ ချောက်မြို့ က အေးစေတီ ဘုရား ရင်ပြင်တော်မှာ ဒေသခံ သံဃာ လေးဆယ်ဝန်းကျင်က ငါးနာရီကြာ ပြုလုပ် ခဲ့ကြပါတယ်။

2012.12.07
lpd-mdy-protest-monk-305 မန္တလေးမြို့မှ သံဃာတော်များ ထိုင်သပိတ်စတင်
Photo : RFA/San Oo

အခုတစ်ကြိမ်ပြုလုပ်တဲ့ ထိုင်သပိတ်ဟာ အရင်သပိတ်နဲ့ ကွာခြားကြောင်း ဦးဆောင်သံဃာတစ်ပါးဖြစ်တဲ့ ချောက်မြို့ စလင်းကြီးကျောင်းတိုက်ဆရာတော် ဦးရေဝတက RFA ကိုမိန့်ပါတယ်။

"သိပ်မကြာသေးခင်က ကန့်ကွက်ရှုံ့ချပွဲပါ၊ အစိုးရကို ဒီလို လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းမှာ သံဃာတော်တွေဒဏ်ရာရမှု မီးလောင်စေတဲ့ဗုံးသုံးမှု အဲဒီအတွက် ဦးဇင်းတို့က ကန့်ကွက်ရှုံ့ချတဲ့ပွဲသာ လုပ်သွားတာပါ၊ အခုဟာက တောင်းဆိုချက်ကို ဦးဇင်းတို့ တောင်းဆိုနိုင်ဖို့အတွက် ထိထိရောက်ရောက်လုပ်နိုင်ဖို့အတွက် သံဃာတွေက ဆိတ်ငြိမ်စွာ ဒဏ်ရာရတဲ့ သံဃာတော်တွေပုံ ရှေ့မှချပြီးတော့ ဦးဇင်းတို့ ထိုင်သပိတ် ဆင်နွှဲနေတာပါ၊ အဲဒါကွာခြားပါတယ်"

ချောက်မြို့သံဃာတော်တွေဟာ လက်ပန်းတောင်းတောင် သပိတ်ဖြိုခွဲမှုအတွင်း ဒဏ်ရာရသံဃာတွေရဲ့ ဓါတ်ပုံတွေနဲ့ သံဃာထုက အစိုးရကို တောင်းဆိုထားတဲ့အချက်တွေ ပါဝင်တဲ့ ဗီနိုင်း ၊ပိုစတာတွေ ကိုင်ဆောင်ပြီး ထိုင်သပိတ်ပြုလုပ်ခဲ့ကြတာပါ။

မနေ့က မြို့ကြီးအချို့မှာ တစ်နိုင်ငံလုံး သံဃာသပိတ်အဖြစ် သံဃာတွေ တစ်ချိန်တည်း သပိတ်မှောက် ဆန္ဒထုတ်ဖော်ခဲ့ကြပြီးနောက် ဒီဇင်ဘာလ ၈ ရက်နေ့နဲ့ ၁၂ ရက်နေ့မှာပါ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ထပ်မံ ဆန္ဒထုတ်ဖော်ကြဖို့ ကြေညာခဲ့ပါတယ်။  သံဃာတော်တွေရဲ့ ထိုင်သပိတ်ကို ချောက်မြို့ခံလူထုပါ ပါဝင်လာတဲ့အတွက် ရဲတပ်ဖွဲ့ဝင်တွေက ဘုရားပေါ်တက်ခွင့်မရအောင် တားဆီးခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။