လက်ပန်းတောင်းတောင်အရေး တရုတ်သံရုံး သတင်းစာရှင်းလင်းပွဲကျင်းပ
2012.12.07

အခုတလောမှာ ဖြစ်ပွားနေတဲ့ အရေးအခင်းတွေနဲ့ပတ်သက်ပြီး သတင်းမီဒီယာသမားတွေဟာ မြန်မာ-တရုတ် နှစ်နိုင်ငံရဲ့ဆက်ဆံရေးအခြေအနေတွေကို စိတ်ဝင်စားမှုရှိနေတဲ့အတွက် တရုတ်သံရုံးက အခုလို သတင်းစာရှင်းလင်းပွဲ ကျင်းပပေးတာလို့ တရုတ်သံအမတ်က ပြောပါတယ်။
ဆက်လက်ပြီး ဒေါ်အောင်ဆန်းစုကြည် ဥက္ကဌအဖြစ် တာဝန်ယူနေတဲ့ လက်ပန်းတာင်းတောင်အရေး စုံစမ်းရေးကော်မရှင်ရဲ့ အစီရင်ခံစာကို တရုတ်အစိုးရအနေနဲ့ လက်မခံနိုင်စရာ မရှိကြောင်း ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ တရုတ်သံအမတ်က ပြောကြားသွားခဲ့ပါတယ်။
တရုတ်စီမံကိန်းတွေဖြစ်တဲ့ မြစ်ဆုံစီမံကိန်း၊ လက်ပန်းတောင်းတောင်စီမံကိန်းတွေဟာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အခြေအနေတွေ လျော်ကြေးကိစ္စတွေ အကျိုးအမြတ်ကိစ္စတွေကို ညှိနှိုင်းဆွေးနွေးပြီးမှ ချုပ်ဆိုထားတာ ဖြစ်တယ်လို့လည်း ထည့်သွင်းပြောခဲ့ပါတယ်။
လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းကို ဆောင်ရွက်နေတဲ့ တရုတ်ဝမ်ပေါင်ကုမ္ပဏီဟာ လက်နက်ခဲယမ်းထုတ်လုပ်တဲ့ ကုမ္ပဏီမဟုတ်ကြောင်းလည်း သံအမတ်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။