လက်ပန်းတောင်းတောင်အရေး မြို့ကြီးတွေ မှာ သံဃာတော်တွေ ထိုင်သပိတ်စတင်
2012.12.06

လက်ပန်းတောင်းတောင် အထွေထွေ သပိတ်ဖြိုခွဲခဲ့စဉ်က ထိခိုက်ဒဏ်ရာရခဲ့တဲ့ သံဃာတော်တွေကို သမ္မတ ဦးသိန်းစိန် အစိုးရက အမြန်ဆုံးဝန်ချတောင်းပန်ဖို့၊ သပိတ်စခန်းတွေ ဖြိုခွဲမှုမှာ တာဝန်ရှိသူတွေကို အရေးယူပေးဖို့၊ ဖမ်းဆီးထားသူတွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ဆိုတဲ့ သုံးချက်ကို ၁၀ ရက်အတွင်း အကောင်အထည်ဖော်ပေးဖို့ သံဃာတွေက တောင်းဆိုကြောင်း သိရပါတယ်။
ဒီကနေ့ ထိုင်သပိတ်ကို သံဃာတော်တွေနဲ့အတူ အထက်ဗမာပြည် ဗကသများအဖွဲ့ချုပ်က အဖွဲ့ဝင်တွေ၊ ၈၈ မျိုးဆက်ကျောင်းသားတွေအဖွဲ့က ကိုမာကီးနဲ့ ဇနီးဖြစ်သူ တောင်သူလယ်သမားအရေး ဆောင်ရွက်သူ မစုစုနွေးတို့ ပါဝင်ခဲ့ကြပါတယ်။
တစ်ချိန်တည်းမှာပဲ ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့မှာလည်း ဒေသခံ သံဃာတော်တွေက ထိုင်သပိတ် ဆင်နွဲှခဲ့ကြပါတယ်။ အထက်မြန်မာပြည်သံဃာတွေရဲ့ ဆော်သြမှုအတိုင်း ဝါးခယ်မမြို့က သံဃာတွေက အောက်မြန်မာပြည် သံဃာတွေအနေနဲ့ ပါဝင်ဆန္ဒထုတ်ဖော်တာဖြစ်ကြောင်း ဝါးခယ်မမြို့က အောင်ရတနာ စာသင်တိုက် ဆရာတော် ဦးက္ကန္ဒာစာရက မိန့်ကြားပါတယ်။
အလားတူ အထက်မြန်မာပြည် မြိုကြီးတွေဖြစ်တဲ့ ချောက်၊ ကျောက်ပန်းတောင်း၊ ပခုက္ကူ၊ တောင်းကြီး၊ မိုးကုတ်မြို့တွေမှာ ဒီတောင်းဆိုချက်တွေ အတိုင်း ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။
ဒီကနေ့ ဆန္ဒပြပွဲကို အာဏာပိုင်တွေက တစုံတရာတားမြစ်တာ မရှိပေမယ့် စောင့်ကြည့် မှတ်တမ်းတင်တာတွေ ရှိခဲ့ပြီး ဆန္ဒပြပွဲဟာ နေ့လည်၂နာရီမှာ အဆုံးသတ်ခဲ့ပါတယ်။
မန္တလေးက ဘဝအလင်းဆရာတော် ဦးဥတ္တမကို အာအက်ဖ်အေ ဝိုင်းတော်သား ကိုနေရိန်ကျော်က ဆက်သွယ်မေးမြန်းတာ နားဆင်နိုင်ပါတယ်။
![]() |
အသံဖိုင်နားထောင်ရန် |
![]() |
အသံဖိုင်ယူရန်။ |
မန္တလေး၊ မဟာဂန္ဓာရုံကျောင်းတိုက် ဘဝအလင်းဆရာတော် ဦးသောဘိတကို RFA သတင်းထောက် မငြိမ်းငြိမ်းပြည့်က ဆက်သွယ်မေးမြန်းထားပါတယ်။
![]() |
အသံဖိုင်နားထောင်ရန် |
![]() |
အသံဖိုင်ယူရန်။ |