သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-12-22
ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ရဲ့ အစီအစဉ်အရ အမေရိကန်ပြည်ထောင်စုမှာ ရိုဟင်ဂျာတွေ ရွှေ့ပြောင်းအခြေချနေထိုင်နိုင်မယ့် အစီအစဉ်ကို စတင်လိုက်ပြီလို့ အမေရိကန်နိုင်ငံခြား ရေးဝန်ကြီးဌာနက ဒီဇင်ဘာလ ၁၄ ရက်နေ့က ကြေညာပါတယ်။
2022-12-22
မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ထန်းပင်ချောင်းရွာကို ဒီဇင်ဘာလ ၂၁ ရက် မနေ့က စစ်ကောင်စီတပ်နဲ့ ပျူစောထီး ပူးပေါင်းအဖွဲ့ တွေက ဝင်ရောက်စီးနင်းပြီး ရွာကိုမီးရှို့လို့ နေအိမ် ၃၀ လောက် မီးလောင်ဆုံးရှုံးခဲ့သလို ရွာသား ၁၅၀၀ ဝန်းကျင်လည်း ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
2022-12-22
ဒီမိုကရေစီလှုပ်ရှားမှုတွေအတွက် စစ်ကောင်စီက သူ့ကို ထောင်ဒဏ် ၁၇၃ နှစ်ကျခံဖို့ အမိန့်ချထားတာပါ။ တကယ်တော့ အသားညိုညို ခန္ဓာကိုယ်ပိန်ပိန်ပါးပါး နဲ့ ဦးဝင်းမြင့်လှိုင်က သူယုံကြည်တဲ့ ဒီမိုကရေစီအတွက် မျိုးဆက်နဲ့ချီပြီး တိုက်ပွဲဝင်ခဲ့သူပါ။
2022-12-22
ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ဌာနချုပ်နယ်မြေကို စစ်ကောင်စီတပ်က ဒီရက်ပိုင်းအတွင်း တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ ဆက်တိုက်လုပ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2022-12-22
မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်လို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီက အတည်ပြုလိုက်တဲ့ ဆုံးဖြတ်ချက်ကို အမေရိကန်ပြည်ထောင်စုက ကြိုဆိုတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီဇင်ဘာလ ၂၁ ရက်၊ မနေ့က ထုတ်ပြန်ပါတယ်။
2022-12-22
ကော့နွဲရွာထဲကို ဒီဇင်ဘာလ ၂၀ ရက်မှာ လက်နက်ကြီးနဲ့ စတင်ပစ်ခတ်ခဲ့လို့ ကော့နွဲနဲ့ မြို့ဟောင်းရွာတွေက အရပ်သားတစ်ထောင်ကျော်လည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2022-12-22
ဒီနေ့ ကျရောက်တဲ့ ကရင်နှစ်သစ်ကူးနေ့မှာ ကရင်ပြည်သူတွေအနေနဲ့ ဘေးကင်းလုံခြုံမှုမရှိဘဲ စိုးရိမ်ထိတ်လန့်မှုနဲ့ ဖြတ်သန်းနေရတဲ့အပေါ် ဝမ်းနည်းရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ထုတ်ပြန်ပါတယ်။
2022-12-21
လူမျိုးဘာသာမရွေး ပြည်သူအားလုံး ညီညွတ်မှသာ အဲဒီအောင်ပွဲကို ရရှိမှာဖြစ်တယ်လို့လည်း ကော်သူးလေတပ်မတော်ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောနယ်ဒါးဘိုမြက RFA ကို ပြောပါတယ်။
2022-12-21
အာဏာသိမ်းစစ်ခေါင်းဆောင်တွေဟာ မြန်မာပြည်သူတွေအပေါ် တရားလက်လွတ်နှိပ်စက်သတ်ဖြတ်မှုတွေ၊ သေဒဏ်ချမှတ်မှုတွေ၊ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ လူဦးရေ တစ်သန်းကျော်ကို နေရပ်စွန့်ခွာထွက်ပြေးစေတဲ့ လုပ်ရပ်တွေအတွက် အရေးယူမခံရဘဲ ကင်းလွတ်ခွင့်ရနေတယ်လို့ အမေရိကန် အထက်လွှတ်တော်အမတ်နဲ့ ရီပတ်ဘလစ်ကန် အမတ်များခေါင်းဆောင် မစ်ချ် မက်ကောနယ်က ဒီဇင်ဘာ ၂ဝရက်နေ့က ပြောလိုက်ပါတယ်။
2022-12-21
ဒီဆုံးဖြတ်ချက်ဟာ အာဆီယံရဲ့ မြန်မာနိုင်ငံအရေး ဖြေရှင်းဖို့ ကြိုးပမ်းမှုတွေကို ကုလသမဂ္ဂကနေ ထောက်ခံဖို့ အာဆီယံခေါင်းဆောင်တွေရဲ့ ပန်ကြားချက်ကို တုံ့ပြန်လိုက်တာလည်း ဖြစ်တယ်လို့ ကုလသမဂ္ဂဆိုင်ရာယူကေနိုင်ငံ သံအမတ်ကြီးက ပြောပါတယ်။
2022-12-21
မြန်မာစစ်ခေါင်းဆောင်တွေဟာ အကြောက်တရားကို အသုံးချတဲ့ မူဝါဒကို ကျင့်သုံးနေတဲ့နေရာမှာ သတင်းသမားတွေဟာ အဓိကသားကောင်တွေ ဖြစ်နေရတယ်လို့လည်း ဆိုပါတယ်။
2022-12-21
အိန္ဒိယကမ်းလွန်ပင်လယ်ပြင်အတွင်း သီတင်းနှစ်ပတ်ကြာ လှေတစ်စီးနဲ့ မျောပါနေတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ အစာငတ် ရေငတ် ဖြစ်နေကြပြီး၊ သေဆုံးသူ ၂၀ အထိ ရှိသွားပြီလို့ မြန်မာရိုဟင်ဂျာအရေးဆောင်ရွက်နေတဲ့ အဖွဲ့နှစ်ဖွဲ့က ပြောပါတယ်။
2022-12-21
စစ်ကောင်စီက ဖမ်းဆီးခံနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးအရာရှိ သုံးဦးကို ထောင်ဒဏ် ၃ နှစ်ကနေ ၁၅ နှစ်အထိ အသီးသီးချမှတ်ထားပါတယ်။
2022-12-21
ရှမ်းပြည်နယ်တောင်ပိုင်း ပင်လုံမြို့အနောက်ဘက် ဆင်နင်းတောင်အနီးက ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) တပ်တွေ ပြန်ဆုတ်ဖို့ စစ်ကောင်စီတပ်က ဒီဇင်ဘာလ ၁၉ ရက်မှာ စာပို့ပြီး ဖိအားပေးလာတယ်လို့ SSPP က ပြောပါတယ်။
2022-12-21
စစ်ကိုင်းတိုင်း အင်းတော်မြို့နယ် စက်တောကုန်းရွာက နေအိမ် ၄၁ လုံးနဲ့ စပါးကျီ ၃၀ ဒီဇင်ဘာ ၂၀ ရက်နေ့က မီးရှို့ခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။