သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2010-09-13
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီဝင် ဦးအုန်းကြိုင် ဦးဆောင်တဲ့ အဖွဲ့ဝင်တွေဟာ စက်တင်ဘာ ၁၂ ရက် မနေ့က ရှမ်းပြည်မြောက်ပိုင်း က NLD ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ကြကြောင်း သိရပါတယ်။
2010-09-13
စစ်အစိုးရကျင်းပမဲ့ ရွေးကောက်ပွဲဟာ ၂၀၀၇ ခုနှစ်က သံဃာထုအပေါ် ဖိနှိပ် အကျဉ်းချခဲ့တဲ့ စစ်တပ်က ၂၅ ရာခိုင်နှုန်းနဲ့ စစ်တပ်လက်ကိုင်တုတ် ကြံ့ခိုင်ရေးပါတီက ၇၅ ရာခိုင်နှုန်း အမတ်နေရာ ရနိုင်ဖို့ ကြံနေတဲ့ အတုအယောင် ရွေးကောက်ပွဲသာဖြစ်လို့ ပြည်သူများအနေနဲ့ သပိတ်မှောက်ကြဖို့ ပြည်တွင်းမှာရှိတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့က တိုက်တွန်းလိုက်ပါတယ်။
2010-09-12
NLD ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင် ဟံသာဝတီ သတင်းစာဆရာကြီး ဦးဝင်းတင် ကျန်းမာရေး အခြေအနေကြောင့် အာရှတော်ဝင် ဆေးခန်းမှာ ဆေးကုသမှု ခံယူနေရတယ်လို့ သတင်းရရှိပါတယ်။
2010-09-12
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့က အထည်ချုပ်စက်ရုံတခုမှာ ဒီကနေ့မနက်ပိုင်းက မီးလောင်မှု ဖြစ်ပွားခဲ့တဲ့အတွက် မြန်မာအလုပ်သမား တထောင်လောက် အလုပ်လက်မဲ့ ဖြစ်သွားရတယ်လို့ သိရပါတယ်။
2010-09-12
နယ်စပ်ဒေသတွေမှာ မြန်မာအစိုးရကို ဆန့်ကျင်မယ့် လှုပ်ရှားမှုတွေနဲ့ နှစ်နိုင်ငံ ဆက်ဆံရေး ထိခိုက်စေမယ့် လုပ်ရပ်တွေကိုလုပ်မယ့် ဘယ်အဖွဲ့အစည်းကိုမှ လက်ခံ၊ ထောက်ခံမှာမဟုတ်ကြောင်း တရုတ်သမ္မတ ဟူကျန်တောင်ရဲ့ ပြောကြားချက်ကို ကိုးကားပြီး မြန်မာစစ်အစိုးရ သတင်းစာတွေက ဒီနေ့ သတိပေးရေးသား လိုက်ပါတယ်။
2010-09-12
ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ စစ်တွေမြို့မဟာမုနိ ဗုဒ္ဓဝိဟာရ ကျောင်းတိုက်က သမိုင်းသုတေသီ ဆရာတော် ဦးပညာစာရကို ဆက်လက် ရုံးထုတ်စစ်ဆေးနေရာမှာ အစိုးရသက်သေတွေ ဘက်က အထောက်အထား အခိုင်အလုံ မတင်ပြနိုင်သေးတဲ့အတွက် ဆရာတော် လွတ်မြောက်ဖို့ အလားအလာ ကောင်းမွန်တယ်လို့ တရားခွင်နဲ့နီးစပ်သူ မြို့ခံတွေက ပြောပါတယ်။
2010-09-12
အခုတပတ် ဦးခင်မောင်စိုး စီစဉ် တင်ဆက်တဲ့ တနင်္ဂနွေစကားဝိုင်း အစီအစဉ်မှာ ၂၀၁၀ ခုနှစ် စက်တင်ဘာ လ ၅ ရက်နေ့က ပဲခူးမြို့မှာ စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် လူငယ်နှစ်ဦး သေဆုံးခဲ့ရတဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး ဆွေးနွေးထားကြပါတယ်။
2010-09-11
ပူတာအို အကျဉ်းထောင်မှာ နှစ်ရှည် ထောင်ဒဏ် ကျခံနေရတဲ့ SNLD ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဦးခွန်ထွန်းဦးရဲ့ စက်တင်ဘာလ ၁၁ ရက်နေ့မှာ ကျရောက်တဲ့ ၆၇ နှစ်မြောက်မွေးနေ့ အခမ်းအနားတခုကို ရန်ကုန်မြို့မှာ တိုင်းရင်းသား ခေါင်းဆောင်တွေ စုပေါင်းကျင်းပခဲ့ ကြတယ်လို့ သိရပါတယ်။
2010-09-11
ထိုင်းနဲ့ လာအိုနိုင်ငံ နယ်စပ်နားက ခေါန်ကန်မြို့ ထိုင်း ငါးဖမ်းပိုက်စက်ရုံက မြန်မာ ရွှေ့ပြောင်းအလုပ်သမား ရှစ်ရာကျော်ဟာ (၄) ရက်မြောက်နေ့ အဖြစ် ဒီကနေ့ ဆက်လက်ဆန္ဒပြနေကြပါတယ်။
2010-09-11
ဦးအုန်းကြိုင် ဦးဆောင်တဲ့ NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဟာ မန္တလေးတိုင်း (၁၅) မြို့နယ်က NLD ခေါင်းဆောင်တွေ၊ ပါတီဝင်တွေနဲ့ ဒီကနေ့ တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။
2010-09-11
တရုတ်နိုင်ငံကို ၅ ရက်ကြာခရီး ရောက်ရှိနေတဲ့ မြန်မာ စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ ဒီကနေ့ ခရီးစဉ် အဆုံးသတ်အဖြစ် တရုတ်ပြည်တောင်ပိုင်း ဆိပ်ကမ်းမြို့ဖြစ်တဲ့ ရှန်ဇင်းမြို့ကို ရောက်ရှိခဲ့တယ်လို့ တရုတ်အစိုးရသတင်းတွေမှာ ဖော်ပြပါတယ်။
2010-09-11
ချင်းပြည်နယ်အတွင်း အုပ်စုလိုက် ရွှေ့ပြောင်းနေတဲ့ ကြွက်တွေကြောင့် ချင်းပြည်နယ်တောင်ပိုင်းက ချင်းလူမျိုး ၅ သောင်းကျော် အကူအညီမဲ့ ဒုက္ခရောက်နေတယ်လို့ သိရပါတယ်။
2010-09-10
ယာယီ နိုင်ငံကူးလက်မှတ်တွေ ပြန်ထုတ်ပေးဖို့ စက်တင်ဘာ ၈ ရက်နေ့ကစပြီး ထိုင်း-လာအိုနယ်စပ်နားက ခေါန်ကန်မြို့ ထိုင်းငါးဖမ်းပိုက် စက်ရုံမှာ ဆန္ဒပြနေကြတဲ့ မြန်မာ ရွှေ့ပြောင်းအလုပ်သမားတွေ စက်တင်ဘာ ၁၀ ရက် ဒီကနေ့အချိန်ထိ ၃ ရက်ကြာ ဆက်လက် ဆန္ဒပြနေဆဲ ဖြစ်ကြောင်း စုံစမ်းသိရှိရပါတယ်။
2010-09-10
ကလေးစစ်သားအဖြစ် စုဆောင်းခံရပြီးနောက် အခု ရဲဘက်စခန်းတခုကို ရောက်နေတဲ့ လူငယ်တယောက်အမှုနဲ့ ပတ်သက်ပြီး ရန်ကုန် အိုင်အယ်လ်အို ရုံးခွဲက အဲဒီလူငယ်ကို လွှတ်ပေးဖို့ တောင်းဆိုနေတယ်လို့ သိရပါတယ်။
2010-09-10
ဒီနေ့ စက်တင်ဘာ ၁၀ ရက်နေ့ထုတ် ကြေးမုံသတင်းစာမှာ စစ်တပ်က ပဲခူးမြို့မှာ ပစ်သတ်ခဲ့တဲ့ လူငယ် ၂ နှစ်ဦး ဖြစ်တဲ့ မောင်စိုးပိုင်ဇော်နဲ့ မောင်အောင်သူဟိန်းတို့ အသတ်ခံရခံမှုနဲ့ ပတ်သက်ပြီး ရေးသားထားပါတယ်။ သတင်းစာထဲမှာ ရေးထားတာကတော့ ပြည်ပမီဒီယာတွေနဲ့ ပြည်တွင်းလူတချို့က ဒီကိစ္စကို နိုင်ငံရေးအရ အသုံးချတယ်လို့ စွပ်စွဲထားပါတယ်။