ဗိုလ်ချုပ်မှူးကြီးသန်းရွှေ တရုတ်ခရီးစဉ် အဆုံးသတ်
2010.09.11

မြန်မာစစ်အစိုးရခေါင်းဆောင်ဟာ ရှန်ဇင်းမြို့က စက်မှုဇုံကို သွားရောက်ဖို့ရှိပြီး တရုတ်နိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုတွေနဲ့ တခါးဖွင့်ဝါဒ ကျင့်သုံးခဲ့တာတွေကို လေ့လာမယ်လို့ ဒီကနေ့ထုတ် တရုတ်အစိုးရသတင်းစာ ပြည်သူ့နေ့စဉ်က ရေးသားပါတယ်။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ မနေ့က တရုတ်နိုင်ငံရဲ့ စီးပွားရေးမြို့တော်ဖြစ်တဲ့ ရှန်ဟိုင်းကို ရောက်ရှိခဲ့ပြီး ၂ နိုင်ငံအကြား ကုန်သွယ်ရေးနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်နိုင်မယ့် အလားလာတွေကို လေ့လာ ခဲ့တယ်လို့လည်း ဆိုပါတယ်။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ ဘေကျင်းမြို့တော်မှာ တရုတ်သမ္မတ အပါအဝင် တရုတ်ထိပ်တန်း ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပြီး ကြာသပတေးနေ့က ရှန်ဟိုင်းမြို့ကို ရောက်ရှိခဲ့ပါတယ်။ တရုတ်ခေါင်းဆောင်ပိုင်းနဲ့ တွေ့ဆုံရာမှာ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲပြီးလို့ အစိုးရသစ် တက်လာရင်လည်း တရုတ်နိုင်ငံနဲ့ ဆက်ဆံရေး ပြောင်းလဲမှာမဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။
တချိန်တည်းမှာ တရုတ် ကွန်မြူနစ်ပါတီ ဗဟိုဦးစီးအဖွဲ့ အတွင်းရေးမှူးချုပ်ရုံး အဖွဲ့ဝင်နဲ့ ကွန်မြူနစ်ပါတီ စည်းကမ်းထိန်းသိမ်းရေး ဗဟိုကော်မရှင် ဒုတိယအတွင်းရေးမှူး ဟီယောင်ဟာ မြန်မာနိုင်ငံနဲ့ နီပေါနိုင်ငံတွေကို ဒီကနေ့ ချစ်ကြည်ရေးခရီး ထွက်ခွာသွားတယ်လို့ တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းဌာနက ထုတ်ပြန်ပါတယ်။
မြန်မာစစ်အစိုးရ ချစ်ကြည်ရေးအဖွဲ့အနေနဲ့ တရုတ်ခရီးစဉ်အတွင်း စီးပွားရေးကိစ္စတွေထက် တခြား နိုင်ငံရေး စစ်ရေးကိစ္စတွေကို အလေးအနက်ထား ဆွေးနွေးခဲ့ဖွယ် ရှိတယ်လို့ လေ့လာသူတွေက ဆိုပါတယ်။
ဒီအကြောင်း အာအက်အေဝိုင်းတော်သား ကိုဝင်းနိုင်က စုစည်း တင်ပြထားပါတယ်။
![]() |
စုစည်းတင်ပြချက်။ |
![]() |
အသံဖိုင်ယူရန်။ |