သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2011-08-13
၁၉၆၇ ခုနှစ် ရခိုင်ပြည်နယ် စစ်တွေမြို့ က ဆန်ပြဿနာ အရေးအခင်း အတွင်း သေဆုံးသွားသူတွေကို သတိရ ကုသိုလ်ပြုတဲ့ အထိမ်းအမှတ်အဖြစ် အခင်းဖြစ်ခဲ့တဲ့ ကုန်သည်လမ်း၊ ကသည်းရွာလမ်းဆုံ မှာ သံဃာတော်တွေနဲ့ သီလရှင်တွေကို ရခိုင်ပြည်သူ တွေက ဒီကနေ့ ဆွမ်းလောင်းလှူခဲ့ကြပါတယ်။
2011-08-13
၆၁ နှစ်မြောက် ကရင့်အာဇာနည်နေ့ အခမ်းအနားတွေကို ကရင်အမျိုးသား အစည်းအရုံး KNU ထိန်းချုပ်ရာ တပ်ရင်း၊ တပ်ဖွဲ့ နယ်မြေတွေမှာ သြဂုတ်လ ၁၂ ရက်နေ့က ကျင်းပခဲ့ပါတယ်။
2011-08-13
မြန်မာနိုင်ငံကနေ ပြည်ပကို တင်ပို့နေ တဲ့ အဓိက ပို့ကုန်တွေဖြစ်တဲ့ ဆန်၊ ပဲ၊ ပြောင်း၊ နှမ်း၊ ရော်ဘာ၊ ရေထွက်ကုန် နဲ့ တိရိစ္ဆာန်ထွက် ကုန်တွေကို ၆ လကြာ ပို့ကုန်ခွန် ကင်းလွတ်ခွင့် ပြုတော့မယ်လို့ ကုန်သည် တွေကို သက်ဆိုင်ရာက အကြောင်းကြားထားပါတယ်။
2011-08-13
မြန်မာနိုင်ငံမှာ အမေရိကန်ဒေါ်လာ အစား အစားထိုးသုံးစွဲနေတဲ့ FEC လက်မှတ်တွေကို ဗဟိုဘဏ်က မကြာခင် ရုပ်သိမ်းပြီး နိုင်ငံခြားငွေ လဲလှယ်နှုန်းကို တရားဝင် ပြောင်းလဲသတ်မှတ်မယ်လို့ ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးသန်းငြိမ်းက မနေ့က သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့တယ်လို့ သိရပါတယ်။
2011-08-12
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့ ဦးသိန်းစိန် အစိုးရ ကိုယ်စားလှယ် ပြည်ထောင်စု ဝန်ကြီး ဦးအောင်ကြည်တို့ တွေ့ဆုံပွဲ အပြီး ဒီကနေ့ ထုတ်ပြန်တဲ့ ပူးတွဲ ကြေညာချက်နဲ့ ပတ်သက်လို့ ပြည်တွင်း ပြည်ပ နိုင်ငံရေး ခေါင်းဆောင်တွေက သတိနဲ့ ကြိုဆို လိုက်ကြ ပါတယ်။
2011-08-12
ပြည်သူလူထု အကျိုးအတွက် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆက်လက် ဆွေးနွေးမယ်လို့ မြန်မာအစိုးရက ဒီနေ့ ပြောကြားလိုက်ပါတယ်။
2011-08-12
ဧရာဝတီတိုင်း ဘိုကလေးမြို့နယ် အောင်လှိုင် ကျေးရွာက မောင်ကျော်ဇင်ဦးကို အသက်မပြည့် သေးမီ စစ်တပ်က စစ်သားသစ် အဖြစ် စုဆောင်းခံ ခဲ့ရတဲ့အတွက် မိဘတွေက ပြန်ခေါ်ယူဖို့ ကြိုးပမ်း နေပါတယ်။
2011-08-12
ရန်ကုန်မြို့အပါအဝင် တခြားမြို့ကြီး တွေက လူစည်ကားတဲ့ နေရာတွေမှာ နိုင်ငံရေး အကျဉ်းသားများ ပြန်လွှတ် ပေးရေး နှိုးဆော်ပိုစတာ ချိတ်ဆွဲ လှုပ်ရှားမှုတွေ ဒီကနေ့ မနက် အစောပိုင်းမှာ ပြုလုပ်ခဲ့ တယ်လို့ သိရပါတယ်။
2011-08-12
တိုင်းပြည် တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုး တိုးတက်ရေး အတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံတော် အစိုးရတို့ လက်တွဲ ဆောင်ရွက် သွားမယ်လို့ ဒီကနေ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးအောင်ကြည် ဆွေးနွေးအပြီး ပူးတွဲ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။
2011-08-12
ကနေဒါနိုင်ငံသား Mr. Rod Germiane ဟာ မိုင်လေးထောင်နီးပါး ခရီးရှည် စက်ဘီးနင်းပြီး မြန်မာနိုင်ငံက စစ်ပြေး ဒုက္ခသည်တွေရဲ့ ကျန်းမာရေး စောင့်ရှောက်မှှုအတွက် ရန်ပုံငွေ ရှာဖွေခဲ့ရာမှာ အမေရိကန် ဒေါ်လာ သုံးသောင်း (US$ 30,000) ရရှိခဲ့တယ်လို့ သိရပါတယ်။
2011-08-11
၂၀၁၀ ခုနှစ်က ရန်ကုန် X2O ရေကစားမဏ္ဍပ်ရှေ့ ဗုံးကွဲတဲ့ ဖြစ်ရပ်ကို သတင်းဓာတ်ပုံ ရိုက်ယူခဲ့တာကြောင့် ထောင်ချ ခံထားရတဲ့ ကိုစည်သူဇေယျတို့ သားအဖ နှစ်ဦးစလုံးရဲ့ အမှုတွေကို ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီက ဆက်လက် ကိုင်တွယ် စုံစမ်းနေတယ်လို့ သိရပါတယ်။
2011-08-11
မြန်မာနိုင်ငံကို စေလွှတ်မယ့် နိုင်ငံတကာ စုံစမ်းရေး ကော်မရှင် ဖွဲ့စည်းဖို့ အတွက် အမေရိကန် အစိုးရက ဦးဆောင် ကြိုးပမ်းနေတယ်လို့ သြဂုတ်လ ၁၁ ရက်နေ့က သတင်းစာ ရှင်းလင်းပွဲမှာ အမေရိကန် နိုင်ငံခြားရေး ဌာန ပြောခွင့်ရ အမျိူးသမီး Victoria Nuland က အတည်ပြု ပြောဆိုသွားပါတယ်။
2011-08-11
ဒေါ်အောင်ဆန်းစုကြည်က အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦးနဲ့ မော်နီတာ ဂျာနယ် တာဝန်ရှိသူတွေကို တရားစွဲခဲ့တာနဲ့ ပတ်သက်ပြီး RFA က မေးမြန်းခဲ့ရာမှာ စာနယ်ဇင်း ကျင့်ဝတ် အရ ဦးအောင်ဆန်းဦးရဲ့ပြောကြားချက်ကို သူ့အနေနဲ့ တည်းဖြတ်ခွင့် မရှိဘူးလို့ မော်နီတာဂျာနယ် အယ်ဒီတာချုပ် ဦးမြတ်ခိုင်က ပြောပါတယ်။
2011-08-11
မြန်မာအစိုးရတပ်တွေက ရှမ်းပြည်နယ်အတွင်း SSA မြောက်ပိုင်းတပ်တွေကို ပြီးခဲ့တဲ့ မတ်လက စလို့ ထိုးစစ်ဆင်ခဲ့ရာမှာ အခုအချိန်ထိ စစ်ပြေး ဒုက္ခသည် ၃ သောင်းကျော် ရှိပြီ ဖြစ်ပါတယ်။
2011-08-11
၁၉၈၈ ခုနှစ်မှာ ပေါ်ပေါက်ခဲ့တဲ့ ရှစ်လေးလုံး အရေးတော်ပုံဟာ ဒီမိုကရေစီကို ချက်ချင်း ရအောင် မစွမ်းဆောင်နိုင်ခဲ့ပေမယ့် မအောင်မြင်တဲ့ အရေးတော်ပုံ တရပ်လို့ မမြင်မိကြောင်း မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက် ပါတယ်။