ဦးအောင်ဆန်းဦး ပြောစကား တည်းဖြတ်ခွင့် မရှိလို့ အယ်ဒီတာက ပြောကြား
2011.08.11
ဒေါ်အောင်ဆန်းစုကြည်နဲ့ တရား ရင်ဆိုင်နေရဆဲ နေအိမ် ပိုင်ဆိုင်ရေး အငြင်းပွားမှုနဲ့ ပတ်သက်လို့ မိမိတို့ ဂျာနယ်ကို ပြောကြားခဲ့တဲ့ အချက်တွေ အတွက် ဦးအောင်ဆန်းဦး မှာသာ တာဝန်ရှိကြောင်းလည်း ဦးမြတ်ခိုင်က RFA ကို ဒီကနေ့ ပြောပါတယ်။
အဲဒီအမှုနဲ့ ပတ်သက်လို့ တရားသူကြီးက အပြီးသတ် ဆုံးဖြတ်ချက် မချမှတ်ခင်မှာ ဦးအောင်ဆန်းဦးက အဓိက ငြင်းချက် အတော်များများကို မိမိ အနိုင်ရရှိထားပြီ ဖြစ်ကြောင်း မော်နီတာ ဂျာနယ်ကို တဖက်သတ် ပြောဆိုခဲ့တာတွေဟာ တရားရုံးကို မထေမဲ့မြင်ပြုရာ ကျရောက်ကြောင်း တင်ပြကာ ဒေါ်အောင်ဆန်းစုကြည်က ဦးအောင်ဆန်းဦး အပြင် မော်နီတာ သတင်းဂျာနယ် အယ်ဒီတာချုပ် ဦးမြတ်ခိုင်နဲ့ ထုတ်ဝေသူ ဦးလှမြင့်ဆွေ တို့ကို သြဂုတ်လ (၈) ရက်နေ့က ရန်ကုန်တိုင်း ဒေသကြီး တရားရုံးမှာ တရားစွဲဆိုခဲ့ပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့ ဦးမြတ်ခိုင်ကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က ဆက်သွယ် မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
![]() |
ဆက်သွယ်မေးမြန်းချက်။ |
![]() |
အသံဖိုင်ယူရန်။ |