ရှမ်းစစ်ပြေးဒုက္ခသည်တွေ အရေးပေါ် အကူအညီ လိုအပ်
2011.08.11

SWAN
အများစုဟာ ပြည်တွင်းထဲမှာပဲ အိုးမဲ့အိမ်မဲ့ တိမ်းရှောင်နေကြရ သလို တချို့လည်း နယ်စပ် ဒေသဘက် ထွက်ပြေးနေကြရကြောင်း၊ သူတို့ဟာ အစာရေစာနဲ့ ဆေးဝါးတွေ အရေးပေါ် လိုအပ်နေကြောင်း ရှမ်းအမျိုးသမီး ရေးရာ ဆက်သွယ် လှုပ်ရှား ဆောင်ရွက်ရေး SWAN အဖွဲ့က သြဂုတ်လ (၁၀) ရက် နေ့စွဲနဲ့ သတင်း ထုတ်ပြန်ပါတယ်။
ရှမ်းပြည်သူတွေ ခံစားနေရတဲ့ စစ်ဘေး စစ်ဒဏ်တွေ အမြန် ရပ်ဆိုင်းဖို့ လိုလားကြောင်း SWAN အဖွဲ့ ပြောခွင့်ရသူ မယိင်းဟာန်ဖက ပြောပါတယ်။
"ဒီစစ်ပွဲကြောင့် ပြည်သူတွေ ဒုက္ခရောက်တယ်။ အခုဆိုရင် ဒုက္ခသည်တွေ အများကြီး ဖြစ်လာတယ်။ ရှမ်းပြည်နယ်ထဲမှာ ဒီ ၉ မြို့နယ်မှာ မကဘဲ တခြား မြို့နယ်တွေမှာလည်း တိုက်ပွဲတွေ ဖြစ်တယ်။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေလည်း အများကြီး ရှိတယ်လေ။ အဲဒါတွေကို ကမ္ဘာက သိအောင်၊ နောက်ပြီး ထိုးစစ်ဆင်နေတာတွေကို ရပ်တန့်ဖို့ ထုတ်ရခြင်း ဖြစ်ပါတယ်။"
မြန်မာအစိုးရတပ်တွေဟာ SSA ရှမ်းပြည် မြောက်ပိုင်းတပ် ဝမ့်ဟိုင်း ဌာနချုပ်ကို ထိုးစစ်ဆင်ခဲ့တာ ဖြစ်ပြီး အဲဒီဌာနချုပ် ရှိတဲ့ ကျေးသီး မြို့နယ်တဝိုက် မြို့နယ် (၉)မြို့နယ်က ပြည်သူတွေ အိုးအိမ်စွန့်ပြီး ထွက်ပြေးနေကြတာ ဖြစ်ပါတယ်။
ရှမ်းစစ်ပြေး ဒုက္ခသည်တွေရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး SWAN အဖွဲ့ ပြောခွင့်ရသူ ယိင်းဟာန်ဖ ကို RFA ကိုဉာဏ်ဝင်းအောင်က မေးမြန်းထားပါတယ်။
![]() |
ဆက်သွယ်မေးမြန်းချက်။ |
![]() |
အသံဖိုင်ယူရန်။ |