ဒေါ်အောင်ဆန်းစုကြည် နဲ့ ဦးအောင်ကြည် တွေ့ဆုံပွဲ နိုင်ငံရေး ခေါင်းဆောင်တွေ သတိနဲ့ ကြိုဆို

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့ ဦးသိန်းစိန် အစိုးရ ကိုယ်စားလှယ် ပြည်ထောင်စု ဝန်ကြီး ဦးအောင်ကြည်တို့ တွေ့ဆုံပွဲ အပြီး ဒီကနေ့ ထုတ်ပြန်တဲ့ ပူးတွဲ ကြေညာချက်နဲ့ ပတ်သက်လို့ ပြည်တွင်း ပြည်ပ နိုင်ငံရေး ခေါင်းဆောင်တွေက သတိနဲ့ ကြိုဆို လိုက်ကြ ပါတယ်။

2011.08.12
crpp_file_photo_305_z.jpg ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီကို ၁၉၉၈ ခုနှစ် စက်တင်ဘာ ၁၆ရက်နေ့တွင် ဖွဲ့စည်းလိုက်သည့် မှတ်တမ်းဓာတ်ပုံ ဖြစ်ပါသည်။ (ရှေ့တန်း၊ ဝဲမှယာ) ဦးလွင်၊ ဦးအေးသာအောင်၊ ဦးအောင်ရွှေ၊ ဦးသန်းထွန်း၊ ဦးတင်ဦး၊ (နောက်တန်း၊ ဝဲမှယာ) ဦးလှဖေ၊ ဦးစိုးမြင့်၊ ဦးလွန်းတင်၊ ဦးညွန့်ဝေ၊ ဒေါ်အောင်ဆန်းစုကြည်။ (Photo:Courtesy of NCGUB)
(Photo:Courtesy of NCGUB)

NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းတင်က ဒီမိုကရေစီနဲ့ ဖွံ့ဖြိုးရေးတွေ အတွက် နှစ်ဘက် အပြုသဘော ပူးပေါင်း ဆောင်ရွက်မယ် ဆိုတဲ့ ကြေညာချက်ပါ အချက်တွေဟာ NLD အဖွဲ့ချုပ်ရဲ့ နဂိုမူလ ထားရှိတဲ့ မူဝါဒနဲ့ ဆောင်ရွက်ချက်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။

CRPP ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ အတွင်းရေးမှူး ဦးအေးသာအောင်က ဒီထုတ်ပြန်ချက်ပါ အချက်တွေကို ဆောင်ရွက်ဖို့ အချိန် အကန့်အသတ် ရှိသင့်တယ်လို့ ပြောပါတယ်။

ဝါရင့်နိုင်ငံရေးသမားများ အဖွဲ့ဝင် ဦးထွေးမြင့်က ထုတ်ပြန်ချက်တွေကို လက်တွေ့ အကောင်အထည် ဖော်ဖို့ လိုအပ်တယ်လို့ ပြောပါတယ်။

အမျိုးသား ဒီမိုကရေစီ အင်အားစု NDF ပါတီဥက္ကဌ ဒေါက်တာသန်းငြိမ်း က ဒီထုတ်ပြန်ချက်အရ ဆိုရင် မျှော်လင့်ချက်တွေ ပိုရှိလာတယ်လို့ ပြောပါတယ်။

ဒီအကြောင်းတွေနဲ့ ပတ်သက်လို့ ကိုနေရိန်ကျော်က စုစည်း တင်ပြထားပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။

အဲဒီ ပူးတွဲ ထုတ်ပြန်ကြေညာချက်နဲ့ ပတ်သက်ပြီး လက်နက်ကိုင် တိုင်းရင်းသား (၅) ဖွဲ့ဖြစ်တဲ့ KNU ကရင်အမျိုးသားအစည်းအရုံး၊ KIO ကချင်ပြည်လွတ်လပ်ရေးအဖွဲ့၊ NMSP မွန်ပြည်သစ်ပါတီအပြင် SSA ရှမ်းပြည်တပ်မတော် တောင်ပိုင်းနဲ့ မြောက်ပိုင်းအဖွဲ့တွေရဲ့ သဘောထားတွေ ကိုလည်း ကိုဉာဏ်ဝင်းအောင်က စုစည်းတင်ပြ ထားပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2011-08-13 01:47

very very good for all myanmar people

Anonymous
2011-08-15 20:04

very good