သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-01-24
အာဏာသိမ်းပြီးနောက် ချင်းပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ကလေးမြို့ကနေ ချင်းတောင်ပေါ်ကို ခရီးအသွားအလာနဲ့ ကုန်တင်ကားတွေ အသွားအလာမရှိတော့ပါဘူး။ ဒီလိုနည်းသွားတာကြောင့် ကားတွေကို မှီခိုပြီး လုပ်ငန်းကိုင်နေရတဲ့ အလုပ်တွေမှာ အခက်အခဲတွေဖြစ်လာပါတယ်။
2022-01-24
မြန်မာနိုင်ငံမှာ VPN ကွန်ရက်အသုံးပြုပြီး အင်တာနက်သုံးစွဲသူတွေကို ထောင်ဒဏ်နဲ့ ငွေဒဏ်တွေ အပြစ်ပေးနိုင်မယ့် ဥပဒေအသစ်တစ်ရပ် ပြဌာန်းဖို့ အာဏာသိမ်း စစ်ကောင်စီက ကြိုးပမ်းနေတာကို စိုးရိမ်ပူပန်ကြောင်း နိုင်ငံတကာ အင်တာနက်လွတ်လပ်ခွင့်အဖွဲ့တစ်ခုက ပြောလိုက်တဲ့အကြောင်း ဗြိတိန်အခြေစိုက် The Register သတင်းမှာ မနေ့ကဖော်ပြထားပါတယ်။
2022-01-24
လာမယ့် မတ်လ ၃၀ရက်နေ့ကျရင် သီရိလင်္ကာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် ဘင်္ဂလား ပင်လယ်အော် စီးပွားရေးနဲ့ နည်းပညာဆိုင်ရာ ဘက်စုံပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (BIMSTEC) ရဲ့ ၅ ကြိမ်မြောက် နိုင်ငံ့ခေါင်းဆောင်များ ညီလာခံမှာ အာဏာသိမ်း စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာနိုင်ငံကိုယ်စားပြု တက်ရောက်လာမယ့် အလားအလာရှိနေတာနဲ့ ပတ်သက်ပြီး Justice for Myanmar အဖွဲ့က ဝေဖန်လိုက်ပါတယ်။
2022-01-24
ကယ်ဆယ်ရေးလေယာဉ်တွေနဲ့ မြန်မာနိုင်ငံကို ပြန်လာတဲ့ ယူအေအီးနိုင်ငံက ၁၅ ဦး၊ မလေးရှားနိုင်ငံက ၇ ဦး၊ အိန္ဒိယက ၆ ဦး၊ ကိုးရီးယားနိုင်ငံက ၄ ဦး၊ စင်ကာပူက ၃ ဦး ထိုင်းနဲ့ ရှရှားနိုင်ငံက ၁ ဦးစီ စုစုပေါင်း ၃၇ ဦးဖြစ်ပါတယ်။
2022-01-24
မတူပီမြို့မှာ ဇန်နဝါရီ ၂၃ ရက်က စစ်ကောင်စီ တပ်တွေနဲ့ မတူပီ CDF တို့ရဲ့ တိုက်ပွဲမှာ မတူပီ CDF တပ်ရင်း (၂) ရဲ့ တပ်ရင်းမှူး သေဆုံးခဲ့ပါတယ်။
2022-01-24
“ စကစတွေက လော်စပီကာတွေနဲ့ သတ္တိရှိရင် ထွက်ခဲ့ဆိုပြီး ရွာထဲမှာ ဆဲဆိုအော်တယ်။ သူတို့ကို ပြန်ခုခံရင် တစ်ရွာလုံး ပြာကျအောင်လုပ်မယ်လို့ ခြိမ်းခြောက်အော်တယ်’’ လို့ ဒေသခံကပြောပါတယ်။
2022-01-24
ကယားပြည်နယ် ဒီးမော့ဆိုနဲ့ လွိုင်ကော်မြို့မှာ နေ့စဥ်နီးပါး တိုက်ပွဲတွေဖြစ်နေပြီး သုံးပတ်ကျော် အတွင်း အရပ်သား ၁၈ ဦး သေဆုံးခဲ့ပါတယ်။
2022-01-24
မြိုင်မြို့နယ်နဲ့ ပေါက်မြို့နယ်ကြားက လက်ယက်ရေနံကျင်းတွေကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက ဆက်တိုက်မီးရှို့နေကြပါတယ်။
2022-01-24
RFA က လေ့လာချက်အရ ရန်ကုန်မြို့မှာ ဒီဇင်ဘာလ ၁ ရက်ကနေ ဇန်နဝါရီ ၂၂ ရက်နေ့အထိ ဗုံးခွဲတိုက်ခိုက် မှုပေါင်း ၁၂၀ ကျော်ရှိခဲ့ပါတယ်။
2022-01-24
ကလေးမြို့နယ်မှာ စစ်တပ်ရဲ့ စစ်ဆင်ရေးတွေကြောင့် ထွက်ပြေးနေကြရတဲ့ ဒေသခံ တစ်သောင်းကျော်ဟာ အိမ်ပြန်ဖို့ ခက်ခဲနေကြပါတယ်။
2022-01-24
ပေါက်မြို့နယ်၊ ထန်းတောဦးရွာကို စစ်တပ်က ဝင်လာပြီးနောက် ရွာသား သုံးယောက်ရဲ့ ရုပ်အလောင်းတွေကို တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2022-01-24
ပုလောမြို့နယ် ပဝတ်ဖျားရွာမှာ ကိုယ်ဝန်ဆောင် အမျိုးသမီးနဲ့ သူ့ကလေးငယ်တို့ မိုင်းနင်းမိရာကနေ သေဆုံးခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
2022-01-24
ကော့ကရိတ်မြို့နယ်ထဲ စစ်ကောင်စီတပ်ရဲ့ ထိုးစစ်ဆင်မှုကြောင့် ၁၂ ယောက်သေဆုံးပြီး နှစ်သောင်းကျော် ဘေးလွတ်ရာ တိမ်းရှောင်နေပါတယ်။
2022-01-23
မြန်မာနိုင်ငံဆိုင်ရာ ဘုံသဘောတူညီချက် ငါးချက်ကို အကောင်အထည်မဖော်တဲ့အတွက် စိတ်ပျက်ရတယ်လို့ အင်ဒိုနီးရှားသမ္မတက ပြောပါတယ်။
2022-01-23
ချင်းပြည်နယ်တောင်ပိုင်းနဲ့ ကလေးမြို့ကို ဆက်သွယ် ထားတဲ့ လမ်းတလျှောက်မှာ စစ်တပ်နဲ့ CDF တပ်တွေ ၁၀ ရက်ကျော် တိုက်ပွဲဆက်တိုက်ဖြစ်နေပါတယ်။