ပုလောမှာ ကိုယ်ဝန်ဆောင်နဲ့ ကလေး တစ်ဦး မိုင်းနင်းမိလို့ သေဆုံး

2022.01.24
ပုလောမှာ ကိုယ်ဝန်ဆောင်နဲ့ ကလေး တစ်ဦး မိုင်းနင်းမိလို့ သေဆုံး အပြည်ပြည်ဆိုင်ရာ မိုင်းအန္တရာယ် သတိပေးရေးနှင့် မိုင်းလုပ်ငန်းဆိုင်ရာ အကူအညီပေးရေးနေ့ အခမ်းအနားမှာ ပြသထားတဲ့ မြေမြှုပ်မိုင်းတချို့ကို တွေ့ရစဥ်
Photo: RFA

တနင်္သာရီတိုင်း ပုလောမြို့နယ် ပဝတ်ဖျားရွာမှာ ကိုယ်ဝန်ဆောင် အမျိုးသမီးနဲ့ သူ့ကလေး ငယ်တို့ မိုင်းနင်းမိရာကနေ သေဆုံးခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဇန်နဝါရီ ၂၃ ရက် မနေ့ညနေငါးနာရီခွဲဝန်းကျင်လောက်က ကရင်တိုင်းရင်းသား သားအမိ တွေ မိုင်းနင်းမိခဲ့တာလို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"စစ်ကောင်စီတွေက မိုင်းထောင်တာကို သူတို့ ကရင်သားအမိက မသိဘူးပေါ့။ မသိဘဲနဲ့ နင်းမိသွားတာ သားအမိ နှစ်ယောက်စလုံး ဗိုက်ထဲကလေးနဲ့ဆို သုံးယောက် ဖြစ်သွား တာပေါ့။ ကလေးအမေက ပွဲချင်းပြီး ဆုံးသွားတယ်။ သူ့ကလေးကတော့ ဆေးရုံရောက်မှ ဆုံးတာပေါ့”

အသက် ၂၈ နှစ်အရွယ် နော်မူးနော် ဟာ ကိုယ်ဝန် ခြောက်လရှိပြီလို့လည်း ပြောပါတယ်။ သူ့ကလေးကတော့ စောလေးလေ ဖြစ်ပြီး အသက် ခြောက်နှစ်ပဲ ရှိသေးတယ်လို့ ပြောပါ တယ်။

စစ်တပ်ကထောင်ထားတဲ့ မိုင်းဆိုပြီး ဒေသခံတွေက စွပ်စွဲထားတာမို့ စစ်ကောင်စီပြောခွင့်ရ ပြန်ကြားရေး ဒု-ဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်ဖို့ ကြိုးစားနေ ပါတယ်။

ပုလောမြို့နယ် ပြည်သူ့ကာကွယ်တပ်ကတော့ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး အပြစ်မဲ့ပြည်သူတွေ ခုလိုဖြစ်စဉ်မျိုး နောက်ထပ်အသက်မဆုံးရှုံးရအောင် သတိထားသွားလာနေထိုင်ဖို့ဆိုပြီး ဇန်နဝါရီ ၂၃ ရက် မနေ့က ထုတ်ပြန်သတိပေးထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။