သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2012-08-20
ပုပ္ပါးတောင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ကာကွယ်ရေးဆိုင်ရာ ဆွေးနွေးပွဲ တစ်ရပ်ကို မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့နယ်မှာရှိတဲ့ ပုပ္ပါးတောင်မှာ မနေ့က ကျင်းပခဲ့ပြီး ဒေသခံ ပြည်သူ တစ်ထောင်ကျော် တက်ရောက်ခဲ့ပါတယ်။
2012-08-20
မြန်မာနိုင်ငံက စာပေစိစစ်ရေးကို ဖျက်သိမ်းလိုက်ပြီဆိုတဲ့ ကြေညာချက်ကို အမေရိကန်ပြည်ထောင်စုက ကြိုဆိုလိုက်ပြီး စာပေစိစစ်ရေး မရှိဘဲ ရှေ့ဆက်သွားဖို့ တောင်းဆိုကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနမှာ နေ့စဉ်ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရသူ ဗစ်တိုးရီးယား နူးလန်းက ပြောကြားလိုက်ပါတယ်။
2012-08-20
မြန်မာနိုင်ငံမှာ ထုတ်ဝေနေတဲ့ စာနယ်ဇင်းအားလုံးကို ဒီကနေ့ကစလို့ ဆင်ဆာဖြတ်တောက်မှုတွေ ရုပ်သိမ်းလိုက်ပြီ ဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန လက်အောက်ခံ စာပေစိစစ်ရေးနဲ့ မှတ်ပုံတင်ဌာနက ဒီကနေ့ ကြေညာလိုက်ပါတယ်။
2012-08-20
ဒီကနေ့ နေပြည်တော်မှာ ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ တရားစီရင်ရေးနဲ့ ဥပဒေရေးရာ ကော်မတီ ဥက္ကဋ္ဌ သူရ ဦးအောင်ကို တင်သွင်းထားတဲ့ တရားစီရင်ရေး စနစ် ပြုပြင် ပြောင်းလဲရေး ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။
2012-08-20
နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေ သြဂုတ်လ ၂၁ ရက်နေ့ မတိုင်ခင် တာဝန်ကနေ အနားယူဖို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၃၀၁ ဦး လက်မှတ်ရေးထိုး တောင်းဆိုထားတာနဲ့ ပတ်သက်လို့ သမ္မတ ဦးသိန်းစိန်က ဒီကနေ့အကြောင်းပြန်ကြားတဲ့ သဝဏ်လွှာကို ပြည်သူ့လွှတ်တော် အမတ်တွေအနေနဲ့ လက်မခံပဲ ခုံရုံးတာဝန်ရှိသူတွေ နှုတ်ထွက်ဖို့ ဆက်လက် ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။
2012-08-20
ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်း အတွင်းက ရေကြီး ရေလျှံနေတဲ့ နေရာတွေကို ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့က လူမှုရေး အကူအညီတွေ သွားရောက် ပို့ဆောင်ပေးနေကြောင်း သိရပါတယ်။
2012-08-20
တနင်္သာရီတိုင်း ကော့သောင်းမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရုံးရှေ့မှာ ဒီကနေ့ နေ့လည်က အဖွဲ့ဝင်တချို့က ပါတီတွင်း မကျေနပ်မှုအတွက် ဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။
2012-08-20
မြန်မာနိုင်ငံအနေနဲ့ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အခက်အခဲတွေကို ကျော်လွှား နိုင်မယ်ဆိုရင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အားကောင်းလာပြီး လာမယ့် သက္ကရာဇ် ၂၀၃၀ ခုနှစ်လောက် အရောက်မှာ ဝင်ငွေအလယ် အလတ်တန်းစားလောက်ရှိမယ့် နိုင်ငံစာရင်းထဲကို ဝင်ရောက်နိုင်မယ်လို့ အာရှဖွံ့ဖြိုးရေးဘဏ် အေဒီဘီက ဒီကနေ့ ပြောဆိုလိုက်ပါတယ်။
2012-08-19
ရှမ်းစာပေနဲ့ ယဉ်ကျေးမှုတွေ ပပျောက်မသွားစေဖို့ ရည်ရွယ်ဖွဲ့စည်းထားတဲ့ ရှမ်းစာပေနဲ့ ယဉ်ကျေးမှုအသင်းကို ထိုင်းအစိုးရက ခွင့်ပြုလိုက်တဲ့အတွက် ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ရှိတဲ့ ဝပ်ဒ်ကုတောက် ဘုန်းတော်ကြီးကျောင်းမှာ မနေ့မနက်က တရားဝင် ဖွင့်လှစ်ခဲ့ပါတယ်။
2012-08-19
မြန်မာအစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ်ထိုးထားတဲ့ ရှမ်းပြည် တပ်မတော် မြောက်ပိုင်း အဖွဲ့ရဲ့ ဗဟိုဌာနချုပ် အနီးတဝိုက်မှာ အစိုးရတပ်တွေက နေရာယူ တပ်စွဲထားပြီး အပစ်ရပ် သဘောတူညီမှုကိုလည်း အစိုးရဘက်က မလိုက်နာကြောင်း SSPP/SSA အဖွဲ့က ပြောပါတယ်။
2012-08-19
နိုင်ငံရေးအကျဉ်းသားဟောင်းများ ဒုတိယအကြိမ်တွေ့ဆုံပွဲနဲ့ လုပ်ငန်းကော်မတီ ပြန်လည်ရွေးချယ်ပွဲ အခမ်းအနားကို ရန်ကုန်မြို့ တော်ဝင်နှင်းဆီ သီရိခမ်းမမှာ ဒီကနေ့ နေ့လည်ပိုင်းက ကျင်းပခဲ့ပါတယ်။
2012-08-19
အလုပ်ရှင်တွေရဲ့ အခွင့်အရေး ချိုးဖောက်မှုတွေ၊ အလုပ်သမားတွေရဲ့ နစ်နာမှုတွေနဲ့ ပတ်သက်လို့ ရန်ကုန်တိုင်း လှိုင်သာယာ စက်မှုဇုံမှာ ရှိတဲ့ စက်ရုံ (၁၅) ခုက အလုပ်သမား ကိုယ်စားလှယ် (၅၀) လောက် ဒီကနေ့ သတင်းမီဒီယာတွေနဲ့ တွေ့ဆုံပြီး ရှင်းလင်း ပြောကြားခဲ့ကြပါတယ်။
2012-08-19
သမ္မတ ဦးသိန်းစိန် အစိုးရရဲ့ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေးအဖွဲ့နဲ့ ပဏာမအဆင့် ညှိုနှိုင်းချက်အရ လာမယ့် သြဂုတ်လ ၂၃ ရက် ကနေ ၂၆ ရက်နေ့အထိ တောင်ကြီးမြို့မှာ ပအိုဝ့် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) နဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် စာချုပ် ချုပ်ဆိုနိုင်ဖို့ နှစ်ဘက် ကိုယ်စားလှယ်တွေ ဆွေးနွေးမှာ ဖြစ်ပါတယ်။
2012-08-19
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ဖြစ်တဲ့ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP) ရဲ့ ပထမဆုံး ဆက်ဆံရေးရုံး ဖွင့်လှစ်ဖို့ရက်ကို ရခိုင်ပြည်နယ်က လက်ရှိ အကြမ်းဖက်မှု ပဋိပက္ခ အခြေအနေတွေကြောင့် ရွှေ့ဆိုင်းထားရတယ်လို့ ပါတီတာဝန်ရှိသူတွေက ပြောပါတယ်။
2012-08-19
ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့မှာ မိုးသည်းထန်ပြီး အရှိန်အဟုန်နဲ့ စီးဆင်းလာတဲ့ တောင်ကျချောင်းရေကြောင့် ဆိုးဆိုးဝါးဝါး ရေကြီးမှုတွေ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။