မြန်မာနိုင်ငံ စာပေစိစစ်ရေးကို ဖျက်သိမ်းကြောင်း ကြေညာချက် အမေရိကန်ပြည်ထောင်စု ကြိုဆို

မြန်မာနိုင်ငံက စာပေစိစစ်ရေးကို ဖျက်သိမ်းလိုက်ပြီဆိုတဲ့ ကြေညာချက်ကို အမေရိကန်ပြည်ထောင်စုက ကြိုဆိုလိုက်ပြီး စာပေစိစစ်ရေး မရှိဘဲ ရှေ့ဆက်သွားဖို့ တောင်းဆိုကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနမှာ နေ့စဉ်ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရသူ ဗစ်တိုးရီးယား နူးလန်းက ပြောကြားလိုက်ပါတယ်။

2012.08.20
victoria-nuland-082012-b305 ၂၀၁၂ ခုနှစ် သြဂုတ်လ ၂၀ ရက်က အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန သတင်းစာ ရှင်းလင်းပွဲ၌ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရသူ ဗစ်တိုးရီးယား နူးလန်း ရှင်းလင်းပြောကြားနေစဉ်။
Photo: U.S.Department of State

မြန်မာနိုင်ငံမှာ မီဒီယာ သတင်းသမားတွေ အနေနဲ့ သူတို့ရဲ့ ရေးသားချက်တွေ စာပေစိစစ်ရေးဌာနကို တင်စရာ မလိုတော့ဘူးဆိုတဲ့ ကြေညာချက်ကို မိမိတို့ ကြိုဆိုပါတယ်လို့ မစ် နူးလန်းက ပြောသွားတာပါ။

သူမက ဆက်လက်ပြီး စာပေစိစစ်ရေးဌာနဟာ စာနယ်ဇင်းတွေကို စောင့်ကြည့် ဖိနှိပ်နေတဲ့အတွက် မြန်မာအစိုးရက စာပေစိစစ်ရေးဌာနကို ဖယ်ရှားလိုက်တာကို ကျွန်မတို့ မြင်ချင်တာပါလို့ ပြောပါတယ်။

အလားတူပဲ ပြင်သစ်နိုင်ငံအခြေစိုက် RSF လို့ အသိများတဲ့ နယ်ခြားမဲ့ သတင်းထောက်များ အသင်းကြီးကလည်း ကြိုဆိုလိုက်ပါတယ်။ ဒါပေမဲ့ ထုတ်ဝေပြီးသား သတင်း ဆောင်းပါးတွေကို စောင့်ကြည့်နေဦးမယ် ဆိုတဲ့အတွက် ပြည့်ဝတဲ့ စာနယ်ဇင်း လွတ်လပ်မှု ရနိုင်ပါ့မလားဆိုတာ စောင့်ကြည့်ရအုံးမယ်လို့ အဖွဲ့ ပြောခွင့်ရှိသူ ပုဂ္ဂိုလ်တစ်ဦးက ပြောကြားသွားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။