ALP ဆက်ဆံရေးရုံး ဖွင့်ရက် ရွှေ့ဆိုင်း

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ဖြစ်တဲ့ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP) ရဲ့ ပထမဆုံး ဆက်ဆံရေးရုံး ဖွင့်လှစ်ဖို့ရက်ကို ရခိုင်ပြည်နယ်က လက်ရှိ အကြမ်းဖက်မှု ပဋိပက္ခ အခြေအနေတွေကြောင့် ရွှေ့ဆိုင်းထားရတယ်လို့ ပါတီတာဝန်ရှိသူတွေက ပြောပါတယ်။

2012.08.19
alp-aung-min-b305 ၂ဝ၁၂ ခုနှစ် ဇွန်လ ၂၈ ရက်က ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ ဒုတိယ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ ဝန်ကြီး ဦးခင်ရီ၊ ALP ဒုဥက္ကဋ္ဌ ခိုင်စိုးနိုင်အောင်၊ အတွင်းရေးမှူး ဒေါ်စောမြရာဇာလင်းတို့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင်တွေ့ဆုံစဉ်။
RFA

ALP ရဲ့ပထမဆုံး ဆက်ဆံရေးရုံးကို ရခိုင်ပြည်နယ် ကျောက်တော်မြို့မှာ ပြီးခဲ့တဲ့ ဇူလိုင်လက ဖွင့်လှစ်ဖို့ စီစဉ်ထားပေမယ့် ပဋိပက္ခ အခြေအနေတွေ မတည်ငြိမ်သေးတာကြောင့် ရုံးဖွင့်မယ့်ရက်ကို ရွှေ့ဆိုင်းလိုက်ရတာ ဖြစ်တယ်လို့ အတွင်းရေးမှူး ဦးခိုင်သုခကပြောပါတယ်။

"အစိုးရကနေ ၁၄၄ ထုတ်ထားတဲ့ ကိစ္စနဲ့ တခြား မငြိမ်မသက်မှုလေးတွေ ရှိနေတဲ့အတွက်ကြောင့်မို့လို့ အစိုးရဘက်ကနေ ခဏလေး ဆိုင်းထားဖို့ ပြောနေတဲ့အတွက်ကြောင့်မို့လို့ ကျွန်တော်တို့ ရုံးဖွင့်မယ့်ကိစ္စက နဲနဲ ကြန့်ကြာနေတာ ဖြစ်ပါတယ်။"

ALP အဖွဲ့ဟာ သမ္မတဦးသိန်းစိန် အစိုးရရဲ့ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး အဖွဲ့နဲ့ ပြီးခဲ့တဲ့ ဧပြီလ (၅) ရက်နေ့မှာ ပဏာမ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်တွေ ရထားတာပါ။ နောက်တဆင့်ဖြစ်တဲ့ ပြည်ထောင်စု အဆင့် ဆွေးနွေးရေး မတိုင်ခင်မှာတော့ ALP တပ်ဖွဲ့ဝင်တွေ နေရာချထားရေး ကိစ္စ ဆွေးနွေးဖို့ ကျန်နေသေးတယ်လို့ ဦးခိုင်သုခက ဆိုပါတယ်။

ရခိုင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ ALP ကို ၁၉၆၇ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။