သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2011-12-12
ပြည်တွင်း ပဋိပက္ခကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းနိုင်အောင် ကချင်ပြည်နယ်မှာဆင်နွှဲနေတဲ့ ထိုးစစ်တွေကို ရပ်ဆိုင်းဖို့ သမ္မတ ဦးသိန်းစိန်က ညွှန်ကြားထားတယ်လို့ အေအက်ဖ်ပီ သတင်းက ဖော်ပြပါတယ်။
2011-12-12
KNU ခေါင်းဆောင်တဦးဖြစ်တဲ့ ဖဒို မန်းငြိမ်းမောင်ကို မြန်မာအစိုးရ သတင်းတပ်ဖွဲ့က မတရားသင်း ဥပဒေနဲ့ စွဲချက်တင်ထားပြီး မင်္ဂလာဒုံတရားရုံးမှာ ဒီဇင်ဘာ ၈ ရက်နေ့က ရုံးတင်စစ်ဆေးနေတယ်လို့ ပြည်တွင်းထုတ်သတင်းဂျာနယ်တစောင်က ရေးသားလိုက်ပါတယ်။
2011-12-12
စင်္ကာပူ နိုင်ငံခြားရေးဝန်ကြီးသစ် K-Shanmugan ဟာ မိတ်ဆက်ခရီးစဉ် အဖြစ် ဒီကနေ့ မြန်မာနိုင်ငံကို ရောက်ရှိမယ်လို့ စင်္ကာပူ အစိုးရက မနေ့က ကြေညာပါတယ်။
2011-12-12
ပြည်ထောင်စုလွှတ်တော် နာယက ဦးခင်အောင်မြင့်နဲ့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ ရန်ကုန်မြို့မှာ မနေ့က ပထမဆုံးအကြိမ် တွေ့ဆုံ ဆွေးနွေးခဲ့ကြတယ်လို့ အမျိုးသားလွှတ်တော်နဲ့ နီးစပ်သူတွေက RFA ကို ပြောပါတယ်။
2011-12-11
အခုတပတ် ဦးကျော်မင်းထွန်း စီစဉ် တင်ဆက်တဲ့ တနင်္ဂနွေစကားဝိုင်း အစီအစဉ်မှာ အမေရိကန် အစိုးရရဲ့ မြန်မာနိုင်ငံအပေါ် ချဉ်းကပ်မှုနဲ့ ပြည်တွင်း လူမှုရေး၊ နိုင်ငံရေး အဖွဲ့အစည်းတွေက သုံးသပ်ကြတဲ့ နိုင်ငံရေး အပြောင်းအလဲ အကြောင်းကို ဆွေးနွေးထားကြပါတယ်။
2011-12-10
ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် တရုတ်ပြည်ဘက် ကို ထွက်ပြေး တိမ်းရှောင်နေတဲ့ ဒုက္ခသည်တွေ မြန်မာပြည်ဘက်ကို ပြန်ဖို့ တရုတ်အာဏာပိုင်တွေက မနေ့က ညနေပိုင်းက လာရောက် ပြောဆိုပါတယ်။
2011-12-10
တောင်ငူခရိုင်အတွင်း လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်ရဖို့ ခရိုင်အတွင်းက NLD ပါတီဝင်တွေ ဒီကနေ့ တွေ့ဆုံပြီး ခရိုင် ပါတီ အောင်နိုင်ရေး ကော်မီတီ ဖွဲ့စည်းလိုက်သလို တနင်္သာရီတိုင်း မြိတ်ခရိုင်မှာလည်း အောင်နိုင်ရေး ကော်မီတီ ဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။
2011-12-10
ဒီကနေ့ကျရောက်တဲ့ ၆၃ ကြိမ်မြောက် ကမ္ဘာ့ လူ့အခွင့်အရေးနေ့ အခမ်းအနား ကို လူ့အခွင့်အရေး ကာကွယ်မြှင့် တင်သူများ ကွန်ရက် HRDP က ဦးဆောင်ပြီး ဧရာဝတီတိုင်း ဘိုကလေးမြို့ အမှတ် (၄) ရပ်ကွက်မှာ ပြုလုပ်ခဲ့ပါတယ်။
2011-12-10
တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့အားလုံးနဲ့ အပစ်အခတ် ရပ်စဲပြီးသွားတာနဲ့ ပင်လုံညီလာခံထက် ပိုမိုကျယ်ပြန့်တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသားညီလာခံတခုကို ခေါ်ယူမှာဖြစ်တယ်လို့ မြန်မာအစိုးရက ကတိပေးခဲ့ကြောင်း SSA (တောင်ပိုင်း) တပ်ဖွဲ့က RFA ကို ပြောပါတယ်။
2011-12-10
ဒေါ်အောင်ဆန်းစုကြည် ကြိုးပမ်းဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေးပန်းတိုင်ကို တက်လှမ်းနိုင်ရေးအတွက် ဝိုင်းဝန်းပါဝင် ဆောင်ရွက်ကြဖို့ ဒီကနေ့ ကျင်းပတဲ့ ဒေါ်အောင်ဆန်းစုကြည် ငြိမ်းချမ်းရေး နိုဘယ်ဆုရရှိခြင်း နှစ် ၂ဝ ပြည့် အခမ်းအနားမှာ NLD ပါတီခေါင်းဆောင်တဦးဖြစ်တဲ့ ဦးဝင်းတင်က ပြည်သူကို ပန်ကြားလိုက်ပါတယ်။
2011-12-09
မကြာသေးခင်က အမေရိကန် ပြည်ထောင်စုနဲ့ မြန်မာအစိုးရတို့ရဲ့ ဆက်ဆံရေး ကဏ္ဏသစ် စတင်ခဲ့တဲ့ အတွက်ကြောင့် မြန်မာနိုင်ငံရဲ့ အစဉ်အလာ မိတ်ဆွေဖြစ်တဲ့ တရုတ်နိုင်ငံနဲ့ ဆက်ဆံရေး ထိခိုက်မှာ မဟုတ်ကြောင်း၊ မြန်မာ၊ တရုပ်တို့ဟာ အိမ်နီးချင်းကောင်းနဲ့ မိတ်ဆွေစစ် မိတ်ဆွေမှန်တွေ ဖြစ်ကြောင်း အောက်လွှွတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း က မနေ့က ပြောဆိုလိုက် ပါတယ်။
2011-12-09
ပြည်နယ် တိုင်းရင်းသားဒေသတွေမှာ စစ်ကြောင့် ဒုက္ခရောက်နေရသူတွေ အတွက် ပြည်မနေ လူထုက လူသားချင်းစာနာမှု အကူအညီတွေ ဝိုင်းဝန်း ပံ့ပိုးပေးကြဖို့ သတင်းစာ ဆရာကြီး ဟံသာဝတီ ဦးဝင်းတင်က ဒီကနေ့ နှိုးဆော်လိုက်ပါတယ်။
2011-12-09
ပြည်သူ့လွှတ်တော် ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်နဲ့ ပတ်သက်ပြီး ဥပဒေ ပညာရှင်တချို့က ကော်မရှင် အနေနဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်နိုင် မှသာ အဖွဲ့ရဲ့လုပ်ငန်းတွေ အောင်မြင်ရာ ရောက်မယ် လို့ ပြောဆိုကြပါတယ်။
2011-12-09
၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ အနေနဲ့ လာမယ့် ကြားဖြတ် ရွေးကောက်ပွဲကို ဝင်ပြိုင်မှာမဟုတ်ဘူး ဆိုပြီး ဒီဇင်ဘာလ ၅ ရက်နေ့က ထုတ်ပြန်လိုက်တာဟာ မိမိတို့နဲ့ သဘောထား တူညီ ကြောင်း ၂ဝဝ၇ ဗကသ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်နဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု က ဒီကနေ့ ပြောလိုက်ပါတယ်။
2011-12-09
“မြန်မာနိုင်ငံ ကဗျာဆရာများအသင်း” ဖြစ်မြောက်ရေး ကော်မီတီကို မြန်မာ ကဗျာဆရာတွေ စုပေါင်းပြီး ဒီနေ့ ဖွဲ့စည်းလိုက်ပါတယ်။