တောင်ငူနဲ့ မြိတ်မှာ NLD ရွေးကောက်ပွဲ အောင်နိုင်ရေး ဖွ့ဲစည်း
2011.12.10
ခရိုင်အတွင်း လစ်လပ်နေတဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်း နေရာ ၃ နေရာမှာ အနိုင်ရရှိရေးအတွက် ခရိုင်ပါတီ အောင်နိုင်ရေးကော်မီတီ တရပ် ဖွဲ့စည်းခဲ့ကြောင်း ဦးအောင်စိုးမြင့်က အာအက်ဖ်အေ ကို ပြောပါတယ်။
“တောင်ငူက ပြည်သူ့လွှတ်တော် တနေရာလွတ်တယ်၊ ထန်းတပင်က ပြည်သူ့လွှတ်တော် တနေရာ လွတ်တယ်။ အမျိုးသားလွှတ်တော်က ပဲခူးတိုင်း အမှတ် (၇) ထန်းတပင်နဲ့ အုတ်တွင်း တွဲလျက် တနေရာ လွတ်တယ်။ အဲ့ဒီတော့ ကျနော်တို့ တောင်ငူခရိုင် အောင်နိုင်ရေး ဖွဲ့ဖို့ ၆ မြို့နယ် ရှိတဲ့ထဲက ၅ မြို့နယ် ကျနော်တို့ တွေ့ပါတယ်။ အဖွဲ့ဝင် ၃၄ ဦးနဲ့ ဖွဲ့စည်းပါတယ်”
အလားတူ တနင်္သာရီတိုင်း မြိတ်ခရိုင်မှာလည်း ဒီဇင်ဘာလ ၉ ရက်နေ့က NLD တိုင်းအတွင်းရေးမှူး ဦးအောင်စိုး ဦးဆောင်မှုနဲ့ မြိတ်မြို့နယ် မြို့သစ်ရပ်ကွက်က လူငယ်အဖွဲ့ဝင် ကိုနိုင်ဦး နေအိမ်မှာ ခရိုင်အတွင်းက ပါတီဝင်တွေ စုစည်းခဲ့ကြပြီး ကျွန်းစုမြို့နယ်ကနေ အရွေးခံမယ့် လွှတ်တော်ကိုယ်စားလှယ်လောင်း၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိသားစုဆရာဝန် ဒေါက်တာတင်မျိုးဝင်းကို ပံ့ပိုးကူညီသွားဖို့ ရည်ရွယ်ချက်နဲ့ ပါတီအောင်နိုင်ရေး ကော်မီတီ ဖွဲ့စည်းနိုင်ခဲ့တယ်လို့ ကော်မတီဝင် ဦးစိုးလွင်က ပြောပါတယ်။
ကျွန်းစုမြို့နယ်က လစ်လပ်နေတဲ့ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်လောင်း နေရာဟာ အရင်ရွေးကောက်ပွဲမှာ အနိုင်ရသွားခဲ့တဲ့ ကြံံ့ခိုင်ဖွံ့ဖြိုးရေးပါတီက စက်မှု- ၁ ဝန်ကြီး ဦးစိုးသိန်းရဲ့ နေရာ ဖြစ်ပါတယ်။