မြန်မာဟာ တရုတ် ရဲ့ မိတ်ဆွေစစ် ဖြစ်ကြောင်း သူရ ဦးရွှေမန်း ပြောဆို

မကြာသေးခင်က အမေရိကန် ပြည်ထောင်စုနဲ့ မြန်မာအစိုးရတို့ရဲ့ ဆက်ဆံရေး ကဏ္ဏသစ် စတင်ခဲ့တဲ့ အတွက်ကြောင့် မြန်မာနိုင်ငံရဲ့ အစဉ်အလာ မိတ်ဆွေဖြစ်တဲ့ တရုတ်နိုင်ငံနဲ့ ဆက်ဆံရေး ထိခိုက်မှာ မဟုတ်ကြောင်း၊ မြန်မာ၊ တရုပ်တို့ဟာ အိမ်နီးချင်းကောင်းနဲ့ မိတ်ဆွေစစ် မိတ်ဆွေမှန်တွေ ဖြစ်ကြောင်း အောက်လွှွတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း က မနေ့က ပြောဆိုလိုက် ပါတယ်။

2011.12.09
shwe-mann-305 ယခင် နအဖ စစ်အစိုးရလက်ထက် တပ်မတော် (ကြည်း၊ ရေ၊ လေ) ညှိနှိုင်း ကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီးအဖြစ် တာဝန်ယူခဲ့သူ လက်ရှိ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း။
AFP

မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး Li Junhua က မြန်မာလွှွတ်တော်သစ် အတွက် ကွန်ပြူတာတွေ လာရောက် လှူဒါန်းစဉ်မှာ သူရ ဦးရွှေမန်း က အဲဒီလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။

အမေရိကန် ပြည်ထောင်စု နဲ့ မိမိတို့ မြန်မာနိုင်ငံ ပုံမှန် ဆက်ဆံရေး မစတင်မီကတည်းက တရုတ် ပြည်သူ သမ္မတ နိုင်ငံကနေ မြန်မာနိုင်ငံကို အကြံဉာဏ်တွေ အကူအညီတွေ ပေးအပ်ခဲ့ပါတယ်၊ ဒါ့အပြင် နိုင်ငံတကာ အသိုင်းအဝန်း အတွင်းမှာ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံ ဘက်ကနေ မားမား မတ်မတ် ရပ်တည်ပေးခဲ့တယ် လို့လည်း ပြောပါတယ်။

မကြာသေးခင်က အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးရဲ့ မြန်မာနိုင်ငံ ခရီးစဉ် အတွင်း အမေရိကန် အနေနဲ့ မြန်မာနိုင်ငံ အပေါ်မှာ ချမှတ်ထားတဲ့ ပိတ်ဆို့ အရေးယူမူတွေကို ရုပ်သိမ်းပေးဖို့ တရုတ်နိုင်ငံက တောင်းဆိုခဲ့ပါတယ်။

ဒါပေမဲ့လည်း အမေရိကန် ပြည်ထောင်စု ကတော့ မြန်မာနိုင်ငံ အနေနဲ့ နောက်ထပ် ပြုပြင်ပြောင်းလဲရေးတွေ တိုးမြင့် မလုပ်မချင်း ပိတ်ဆို့ အရေးယူမူတွေကို ရုပ်သိမ်းဖို့ အချိန်မကျသေးဘူးလို့ ပြောပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Victoria Nuland က ဒီကနေ့ သတင်းစာ ရှင်းလင်းပွဲမှာ တရုတ် မြန်မာ ဆက်ဆံရေးနဲ့ ပတ်သက်ပြီး သတင်းထောက်တွေရဲ့ မေးခွန်းတွေကို ဖြေကြားခဲ့ရာမှာ - မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် အထူး ကိုယ်စားလှယ် Derek Mitchell အနေနဲ့ တရုပ်ပြည်ကို သွားရောက်တဲ့ ခရီးစဉ်မှာ နိုင်ငံခြားရေး ဝန်ကြီး ံHillary Clinton ရဲ့ မှတ်ချက်စကားတွေကိုပဲ ပြန်ပြောလိမ့်မယ်လို့ ထင်ပါတယ်။ မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံနဲ့ အိမ်နီးချင်းကောင်း ဆက်ဆံရေးတွေ ထားရှိကြတာကို မိမိတို့က လိုလားပါတယ်။

မိမိတို့ အမေရိကန် ပြည်ထောင်စုရဲ့ မူဝါဒတွေကတော့ တရုပ်နဲ့ ဆက်ဆံရေးမှာ ပွင့်လင်းမြင်သာ ထင်ရှားမူတွေ ရှိဖို့ပဲ ဖြစ်ပါတယ်လို့ ပြောဆိုခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2011-12-09 15:06

u shwe man pyawya me sakar 1 khun kyan khe pa tal bar lall so tot china har myanmar ye meik swe sit mahoke pa so te sakar 1 khun pa

Anonymous
2011-12-09 23:35

If China is a good friend, a good neighbour of Myanmar, why not they stood for Myanmar sanction with their Veto? Actually they have power to deny sanction on Myanmar, but they did not. So? Again, I don't know for the Government, however, for civilian China do nothing, I am sure for that. Instead, they grasp everything. I never, ever heard China aid on behalf of Myanmar, I was a staff of INGO's. Therefore, I strongly believe, we must rethink of being engaged with China. Non- Benifit to us. I think some young people probably agree to my statement.

Anonymous
2011-12-13 19:52

Hi Shwe Mann Tin Maung, What level of your education? Why did you know your military government had influenced on our country Burma more than 5 decades, until today, why you never noticed our country was poorest in the world, very bad, you go out yourself from Burma & travel to the world, what our country was happening in this state, still you did not know, before you did, please write your good histroy for Burma for future young Burmese to learn about yuo & your team did bad or good result for Burma.