ငြိမ်းချမ်းရေးအတွက် နိုင်ငံရေးအရ ဆွေးနွေးလာအောင် တိုက်တွန်းဖို့ လူထုကို ဦးဝင်းတင် နှိုးဆော်

ပြည်နယ် တိုင်းရင်းသားဒေသတွေမှာ စစ်ကြောင့် ဒုက္ခရောက်နေရသူတွေ အတွက် ပြည်မနေ လူထုက လူသားချင်းစာနာမှု အကူအညီတွေ ဝိုင်းဝန်း ပံ့ပိုးပေးကြဖို့ သတင်းစာ ဆရာကြီး ဟံသာဝတီ ဦးဝင်းတင်က ဒီကနေ့ နှိုးဆော်လိုက်ပါတယ်။

2011.12.09
kachin_refugee_laiza_305_z.jpg ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ၂ဝ၁၁ ခုနှစ် ဇွန်လအတွင်း တရုတ်-မြန်မာနယ်စပ် လိုင်ဇာမြို့ကို ဝင်ရောက် ခိုလှုံလာသော မြန်မာနိုင်ငံသား တချို့ကို တွေ့ရပုံ။
Kachin News Group

ပြည်တွင်းစစ် ရပ်စဲပြီး နိုင်ငံရေးအရ ဆွေးနွေးမှုတွေ ဖြစ်ပေါ်လာအောင် ပြည်သူ တရပ်လုံးက လူထုလှုပ်ရှားမှု အသွင်နဲ့ ဝိုင်းဝန်း တိုက်တွန်းကြဖို့ ကိုလည်း ဦးဝင်းတင်က တိုက်တွန်းလိုက်ပါတယ်။

အလားတူ ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့ကလည်း ကချင် ပြည်နယ်က စစ်ပြေး ဒုက္ခသည် တိုင်းရင်းသားတွေဟာ ဆိုးဆိုးရွားရွား ဒုက္ခရောက်နေကြပြီး အကူအညီ အများအပြား လိုအပ်နေသေးတဲ့ အတွက် ဝိုင်းဝန်းကူညီကြဖို့ တိုက်တွန်းလိုက်ပါတယ်။

ကချင်ပြည်နယ် မြစ်ကြီးနားနဲ့ဝိုင်းမော် မြို့နယ်တွေကို ကိုယ်တိုင် သွားရောက်ပြီး ဒုက္ခသည်တွေကို ကူညီခဲ့တဲ့ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့ပြောခွင့်ရ ပုဂ္ဂိုလ် ကိုမြတ်သူက RFA က ပြောဆိုရာမှာ - မြစ်ကြီးနား နဲ့ ဝိုင်းမော်တဝိုက်မှာ ဒုက္ခသည်ပေါင်း (၇) ထောင်လောက် ရှိနေပြီး၊ ဗန်းမော်တဝိုက်မှာ အနည်းဆုံး နှစ်သောင်းလောက် ရှိတယ်လို့ သိရကြောင်း၊ အကောင်းဆုံး နေရာလို့ ပြောနိုင်တဲ့ မြစ်ကြီးနား နဲ့ ဝိုင်းမော်တဝိုက်မှာတောင် ဒုက္ခသည်တွေရဲ့ အခြေအနေ အတော်ဆိုးကြောင်း၊ အခု ဆောင်းဝင်ပြီ ဖြစ်လို့ အနွေးထည် နဲ့စောင်တွေ အပူတပြင်း လိုအပ်နေကြောင်း၊ ပြည်သူ အများစုအနေနဲ့ ကချင် စစ်ပြေး ဒုက္ခသည်တွေနဲ့ပတ်သက်ပြီး စိတ်ဝင်စားမှု နည်းနေသေးကြောင်း ပြောဆိုခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2011-12-09 17:42

This is the very first time NLD has asked for public involvement in effort to stop the cruelty to the innocents. It is remarkable that it was him rather than Aung San Suu Kyi who asked for it.