လွှတ်တော်သုံးသပ်ရေး ကော်မရှင်နဲ့ ဥပဒေ ပြင်ဆင်ရေး

ပြည်သူ့လွှတ်တော် ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်နဲ့ ပတ်သက်ပြီး ဥပဒေ ပညာရှင်တချို့က ကော်မရှင် အနေနဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်နိုင် မှသာ အဖွဲ့ရဲ့လုပ်ငန်းတွေ အောင်မြင်ရာ ရောက်မယ် လို့ ပြောဆိုကြပါတယ်။

2011.12.09
parliament-305.jpg လွှတ်တော်တက်နေသော လွှတ်တော်အမတ်များ ကို တွေ့ရစဉ်
Photo: RFA

ပြည်သူ့လွှတ်တော် ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်ကို ပြည်သူ့လွှတ်တော် ဒုဥက္ကဋ္ဌ ဦးနန္ဒကျော်စွာနဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေဖြစ်တဲ့ ဦးသိန်းဌေး ဦးမြင့်ဆွေ၊ အမေရိကန်နိုင်ငံ ဆိုင်ရာ မြန်မာ သံအမတ်ကြီးဟောင်း ဦးလင်းမြိုင်၊ ဒေါက်တာအောင်ထွန်းသက် စသူတွေနဲ့ ဖွဲ့စည်းထားပါတယ်။

ဒီကော်မရှင်ဟာ လက်ရှိ နိုင်ငံ အနေအထားတွေနဲ့ မကိုက်ညီတော့တဲ့ တည်ဆဲ ဥပဒေတချို့ကို လေ့လာဆန်းစစ်ပြီး လွှတ်တော်မှာ ဆွေးနွေးအတည်ပြု ပြဌာန်းသွားမယ်လို့ ဆိုပေမယ့် ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြည်သူတွေ မလိုလားအပ်တဲ့ အချက်တချို့ကိုတော့ ပြင်ဆင်ဖို့  အကြံပေးတာ လေ့လာဆန်းစစ်တာမျိုး လုပ်မလုပ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ဒီအကြောင်းနဲ့ပတ်သက်ပြီး ကိုဉာဏ်ဝင်းအောင်က စုစည်း တင်ပြထားပါတယ်။

စုစည်းတင်ပြချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။