မြန်မာ့နိုင်ငံရေး ပြောင်းလဲတော့မလား

အခုတပတ် ဦးကျော်မင်းထွန်း စီစဉ် တင်ဆက်တဲ့ တနင်္ဂနွေစကားဝိုင်း အစီအစဉ်မှာ အမေရိကန် အစိုးရရဲ့ မြန်မာနိုင်ငံအပေါ် ချဉ်းကပ်မှုနဲ့ ပြည်တွင်း လူမှုရေး၊ နိုင်ငံရေး အဖွဲ့အစည်းတွေက သုံးသပ်ကြတဲ့ နိုင်ငံရေး အပြောင်းအလဲ အကြောင်းကို ဆွေးနွေးထားကြပါတယ်။

2011.12.11
assk-clinton-dinner-305 မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်တို့ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့က အမေရိကန်သံရုံး တာဝန်ခံနေအိမ်မှာ အတူ ညစာစားရင်း တွေ့ဆုံနေစဉ်။
AFP

ဒီစကားဝိုင်းမှာ ပါဝင်ဆွေးနွေးထားသူတွေကတော့ ရန်ကုန်မြို့က ပြည်သူ့ခေတ်ဂျာနယ် အတိုင်ပင်ခံ အယ်ဒီတာ- စာရေးဆရာ သတင်းစာဆရာ မောင်ဝံသ၊ နိုင်ငံကျော် ဟာသသရုပ်ဆောင်- ဟာသပညာရှင် ကိုသူရ ခေါ် ကိုဇာဂနာနဲ့ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့က မဇင်မာအောင်တို့ ဖြစ်ပါတယ်။

တနင်္ဂနွေစကားဝိုင်း။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။