သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-11-23
ထုတ်ဝေခွင့်ပိတ်ပင်ခံထားရတဲ့ DVB၊ မဇ္ဇျိမ စတဲ့ သတင်းဌာနတွေရဲ့ ရုပ်သံလိုင်းတွေကို ဟိုတယ်၊ တည်းခိုခန်းတွေမှာ ဝန်ဆောင်မှုအနေနဲ့ မပြသကြဖို့ စစ်ကောင်စီက ညွှန်ကြားလိုက်ပါတယ်။
2021-11-22
ဒီနေ့ နိုဝင်ဘာလ ၂၃ ရက်ကနေ ၂၅ရက်နေ့အထိ အွန်လိုင်းကတဆင့် ကျင်းပမယ့် သဘာဝပတ်ဝန်းကျင် ဆိုင်ရာ အာဆီယံနဲ့နိုင်ငံတကာ ညီလာခံမှာ အာဆီယံဝန်ကြီးတချို့နဲ့အတူ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ရဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာတူးခေါင်လည်း ပါဝင်ဆွေးနွေးဖို့ ဖိတ်ခေါ်ခံထားရပါတယ်။
2021-11-22
အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ စီမံကိန်းနဲ့ဘဏ္ဍာရေးဝန်ကြီးဌာနက ငွေတိုက်စာချုပ်တွေကို နိုဝင်ဘာလ ၂၂ ရက်နေ့ မနေ့က စတင်ရောင်းချခဲ့ရာမှာ နိုင်ငံတကာရောက် မြန်မာနိုင်ငံသား အမြောက်အမြားက တခဲနက်ဝယ်ယူ ခဲ့ကြပါတယ်။
2021-11-22
မနေ့က ပြုလုပ်ခဲ့တဲ့ တရုတ်-အာဆီယံ ထိပ်သီးညီလာခံမှာ မြန်မာစစ်ခေါင်းဆောင် ကို ညီလာခံ တက်ခွင့်ပေးဖို့ တရုတ်နိုင်ငံဘက်က တွန်းအားပေးဆောင်ရွက်မှုတွေ ရှိပေမယ့် အာဆီယံနိုင်ငံတွေဘက်က လက်မခံခဲ့တာဟာ အာဆီယံအဖွဲ့ရဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းဖို့နဲ့ သက်ဆိုင်ရာ နိုင်ငံတွေအတွက်လည်း ထိခိုက်စရာမရှိတဲ့အတွက်ဖြစ်တယ်လို့ မြန်မာ့အရေးသုံးသပ်သူတွေက ပြောပါတယ်။
2021-11-22
နိုင်ငံတဝန်းမှာ လက်နက်ကိုင် မြို့ပြပြောက်ကျားအဖွဲ့ဝင်တွေက ရန်ကုန်၊ မန္တလေး မြို့ကြီးတွေ အပါအဝင် နေရာအနှံ့မှာ စစ်ကောင်စီကို ချောင်းမြောင်း တိုက်ခိုက်နေကြပါတယ်။ ရန်ကုန်မြို့ နေရာအနှံ့မှာလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဘန်ကာတွေ ဆောက်လုပ်ပြီး လက်နက်ကိုင် စောင့်ကြပ်နေကြပါတယ်။
2021-11-22
ရခိုင်ပြည်နယ် တောင်ကုတ်မြို့က အထက်တန်းပြ ကျောင်းဆရာမ တစ်ဦးကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF) နဲ့ ဆက်စပ်တယ်ဆိုပြီး နိုဝင်ဘာလ ၂၀ ရက်နေ့က အဖမ်းခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-11-22
အာဆီယံ-တရုတ် ထိပ်သီးအစည်းအဝေးကို အွန်လိုင်းကတဆင့် ဒီနေ့စတင် ကျင်းပနေပြီး မြန်မာနိုင်ငံက အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ တက်ရောက်ခွင့်မရခဲ့ပါဘူး။
2021-11-22
စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် သဲကုန်းကြီးရွာကို စစ်ကောင်စီတပ်သားတွေက ဝင်ရောက်စီးနင်း တပ်စွဲခဲ့ပြီး ပြန်ထွက်သွားပြီးနောက် ရွာသားတစ်ယောက် အသတ်ခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-11-22
ချင်းပြည်နယ် တီးတိန်မြို့နယ် အာလွယ်ရွာမှာ ကိုယ်ဝန် ခုနစ်လရှိနေတဲ့ အသက် ၃၀ အရွယ် အမျိုးသမီး တစ်ဦးကို အဲဒီရွာမှာ စခန်းချခဲ့တဲ့ တပ်မ - ၂၂ လက်အောက်ခံ စစ်သား နှစ်ဦးက အဓမ္မ ပြုကျင့်ခဲ့တယ်လို့ ကာယကံရှင် အမျိုးသမီးက RFA ကိုပြောပါတယ်။ အလားတူ အဲဒီနေ့ ညမှာပဲ ကလေးမီးဖွားပြီးစ အသက် ၂၇ နှစ်အရွယ် နောက်ထပ် အမျိုးသမီးတစ်ဦးကို စစ်သားသုံးဦးက အဓမ္မ ပြုကျင့်ခဲ့ကြတယ်လို့ ကာယကံရှင် အမျိုးသမီးက ပြောပါတယ်။
2021-11-22
တရုတ်-မြန်မာနယ်စပ် မုံးကိုးမြို့နယ် ရှီကျိကျတောင်အနီး တပ်စွဲထားတဲ့ ကိုးကန့် တပ်ဖွဲ့ MNDAA ရဲ့ မန်ရန်စခန်းမှာ နိုဝင်ဘာ ၂၁ ရက်က စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲဖြစ်ရာမှာ စစ်ကောင်စီဘက်က ၂၀ ဦး ထိခိုက်သေဆုံးခဲ့တယ်လို့ ကိုးကန့် တပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
2021-11-22
ဧရာဝတီတိုင်း မအူပင်မြို့နယ်က ပျိုးခင်းသစ်လူမှုအဖွဲ့ ဦးဆောင်သူ ကိုထိုက်ထိုက်ရဲ့ အိမ်နှစ်လုံးနဲ့ ခြံတစ်ခြံတို့ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက နိုဝင်ဘာ ၂၀ ရက်နေ့က ချိတ်ပိတ်သွားတယ်လို့ မအူပင်မြို့ ဒေသခံတွေက ပြောပါတယ်။
2021-11-22
မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ကျိုက်နဲရေလယ်ဘုရား ရေနစ်မြုပ်မှုကနေ ဒီနေ့ နိုဝင်ဘာ ၂၂ ရက်နေ့ ညနေ ၃ နာရီအချိန်အထိ ရုပ်အလောင်း ငါးလောင်း ရှာဖွေတွေ့ရှိထားတယ်လို့ ရေပြင်ကယ်ဆယ်ရေးလုပ်နေတဲ့ သုခမေတ္တာ လူမှုကူညီရေးအသင်းက RFA ကို ပြောပါတယ်။
2021-11-22
စစ်ကိုင်းတိုင်း ကလေးမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ အကြား တိုက်ပွဲတွေ ပြင်းထန်နေပြီး ဒီနေ့အထိ ကျေးရွာပေါင်း ၂၀ ခန့်က ဒေသခံ ၅၀၀၀ ကျော် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-11-22
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည် တို့အပေါ် စွဲဆိုထားတဲ့အမှု တွေထဲက သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၂၅ အမှုအတွက် လာမယ့် ဒီဇင်ဘာလ ၆ ရက်နေ့မှာ အမိန့်ချမယ်လို့ ရှေ့နေတွေနဲ့နီးစပ်တဲ့ အသိုင်း အဝိုင်းက စုံစမ်းသိရပါတယ်။
2021-11-22
မကွေးတိုင်း ဂန့်ဂေါမြို့နယ်မှာ နိုဝင်ဘာ ၂၁ ရက် မနေ့နေ့လယ်ပိုင်းက စစ်ကောင်စီ ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရလို့ ဗိုလ်အဆင့် အပါအဝင် ၁၁ ယောက် သေဆုံးခဲ့ တယ်လို့ ယောဒေသကာကွယ်ရေးအဖွဲ့ (YDF) က နိုဝင်ဘာ ၂၂ ရက် ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။