ရန်ကုန်မြို့လယ်က စစ်ကောင်စီရဲ့ ဘန်ကာများ

2021.11.22

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတဝန်းမှာ စစ်အာဏာရှင်ကို ဆန့်ကျင်ခဲ့ကြရာက အခုဆိုရင် လက်နက်ကိုင် မြို့ပြပြောက်ကျားအဖွဲ့ဝင်တွေက ရန်ကုန်၊ မန္တလေး မြို့ကြီးတွေ အပါအဝင် နေရာအနှံ့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်နေကြတာ တွေ့ရပါတယ်။

ရန်ကုန်မြို့ နေရာအနှံ့မှာလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဘန်ကာတွေ ဆောက်လုပ်ပြီး လက်နက်ကိုင် စောင့်ကြပ်နေကြတာ တွေ့ရပါတယ်။

အဓိကကျတဲ့ လမ်းမကြီးတွေနဲ့ စစ်ကောင်စီ ရုံးစိုက်တဲ့နေရာတွေမှာ အကာအရံတွေ ဘန်ကာတွေ ဆောက်လုပ်ထားတာလည်း တွေ့ရပါတယ်။

ရန်ကုန်မြို့လယ်ကောင်ရှိ ဘန်ကာတစ်ခုတွင် လက်နက်အသင့်ပြင်ပြီး စောင့်ကြပ်နေသည့် စစ်ကောင်စီ ရဲတပ်သားတစ်ဦးကို တွေ့ရစဉ်။

ရန်ကုန်မြို့ အနော်ရထာလမ်းနှင့် သိမ်ဖြူလမ်းထောင့်တွင် ကွန်ကရစ်ပြားများ၊ ဘိလပ်မြေအိတ်များဖြင့် ဆောက်လုပ်ထားသည့် ဘန်ကာတစ်ခုကို တွေ့ရစဉ်။  (Photo: RFA)

ရန်ကုန်မြို့ ဆူးလေဘုရားလမ်းနှင့် ကမ်းနားလမ်းထောင့်တွင်ဘိလပ်မြေအိတ်များဖြင့် ဆောက်လုပ်ထားသည့် ဘန်ကာတစ်ခုနှင့် ယာယီရဲကင်းစခန်းတစ်ခုကို တွေ့ရစဉ်။ (Photo: RFA)

ရန်ကုန်မြို့လယ်တွင် ဆောက်လုပ်ထားသည့် ဘန်ကာတစ်ခုအတွင်းမှ လက်နက်အသင့်ပြင်ပြီး စောင့်ကြပ်နေသည့် စစ်ကောင်စီတပ်သားတစ်ဦးကို တွေ့ရစဉ်။ (Photo: RFA)

ရန်ကုန်မြို့လယ် တစ်နေရာတွင် ဘိလပ်မြေအိတ်များဖြင့် ဘန်ကာတစ်ခု ဆောက်လုပ်နေစဉ်။ (Photo: RFA)

ရန်ကုန်မြို့ရှိ ကုန်းကျော်တံတားတစ်စင်းအောက်တွင် ဆောက်လုပ်ထားသည့် ယာယီရဲကင်းစခန်းနှင့် ဘန်ကာတစ်ခုရှေ့တွင် ရဲကားတစ်စီးကို တွေ့ရစဉ်။ (Photo: RFA)

ရန်ကုန်မြို့ရှိ အစိုးရအဆောက်အအုံတစ်ခု၏ အပြင်ဘက်တွင် လုံခြုံရေးအတားအဆီးများ ချထားသည်ကို တွေ့ရစဉ်။ (Photo: RFA)

ရန်ကုန်တိုင်း ကြည့်မြင်တိုင်မြို့နယ်တွင် လူသွားစင်္ကြန် ပလက်ဖောင်းတစ်ခုကို ပိတ်ဆို့ပြီး ဆောက်လုပ်ထားသည့် ဘန်ကာတစ်ခုကို တွေ့ရစဉ်။ (Photo: RFA)

ရန်ကုန်မြို့လယ်ခေါင်ရှိ ဘန်ကာတစ်ခုတွင် လက်နက်အသင့်ပြင်ပြီး စောင့်ကြပ်နေသည့် စစ်ကောင်စီတပ်သားတစ်ချို့ကို တွေ့ရစဉ်။ (Photo: RFA)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။