ရွှေတိဂုံစေတီတော်မှာ မသိုးသင်္ကန်းကပ်လှူပူဇော်ပွဲ ပြန်လည်ကျင်းပ

RFA Burmese
2024.11.14
ရွှေတိဂုံစေတီတော်မှာ မသိုးသင်္ကန်းကပ်လှူပူဇော်ပွဲ ပြန်လည်ကျင်းပ ရန်ကုန်မြို့ ရွှေတိဂုံစေတီတော်တွင် မသိုးသင်္ဃန်းကပ်လှူပူဇော်ပွဲ ကျင်းပနေသည်ကို ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့က တွေ့ရစဉ်။
RFA

ရန်ကုန်တိုင်း၊ ဒဂုံမြို့နယ်က ရွှေတိဂုံစေတီတော်မှာ ကိုဗစ်ကပ်ရောဂါကာလကတည်းက ရပ်နားထားတဲ့ မသိုးသင်္ဃန်းကပ်လှူပူဇော်ပွဲကို ဒီနှစ် ပြန်လည်ကျင်းပခဲ့ပါတယ်။

နိုဝင်ဘာ ၁၅ ရက်နေ့မှာ ကျရောက်မဲ့ တန်ဆောင်မုန်းလပြည့်နေ့မှာ မြတ်စွာဘုရားကို ကပ်လှူပူဇော်ဖို့ နိုဝင်ဘာ ၁၄ ရက်နေ့ညမှာ သင်္ဃန်းတွေ ရက်လုပ်ကြပါတယ်။

ရန်ကုန်မြို့ ရွှေတိဂုံစေတီတော်တွင် မသိုးသင်္ဃန်းကပ်လှူပူဇော်ပွဲ ကျင်းပနေသည်ကို ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

အရင်က အခုလိုပွဲတော်ရက်မှာ လူငယ်၊ လူရွယ်တွေ ပါဝင်ဆင်နွှဲခဲ့ကြပေမယ့် ဒီနှစ်မှာတော့ ပညာတတ်လူငယ်တွေ ပါဝင်တာ အရမ်းနည်းသွားတယ်လို့ မသိုးသင်္ကန်းကပ်လှူပွဲမှာ ပါဝင်ကြတဲ့ အသင်းတွေက ပြောပါတယ်။

ရန်ကုန်မြို့ ရွှေတိဂုံစေတီတော်တွင် မသိုးသင်္ဃန်းရက်လုပ်ပူဇော်နေသည်ကို ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

"အရင်နှစ်တွေက ရက်လုပ်ပါဝင်ခဲ့တဲ့ လူငယ်တော်တော်များများ အခုအချိန်မှာ မရှိကြတော့ဘူး။ ပြည်ပကို ထွက်သွားတဲ့သူနဲ့၊ အာဏာသိမ်းလို့ PDF ထဲကို ရောက်သွားတာနဲ့ ပါဝင်ခဲ့တဲ့ ပညာတတ်လူငယ်တွေ မရှိတော့လို့ အများအားဖြင့် အသက်ကြီးသူတွေပဲ လုပ်နေရတယ်"လို့ မသိုးသင်္ကန်းရက်လုပ်နေတဲ့ အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

ရန်ကုန်မြို့ ရွှေတိဂုံစေတီတော်တွင် မသိုးသင်္ဃန်းရက်လုပ်ပူဇော်နေသည်ကို ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
ရန်ကုန်မြို့ ရွှေတိဂုံစေတီတော်တွင် မသိုးသင်္ဃန်းရက်လုပ်ပူဇော်နေသည်ကို ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

ရွှေတိဂုံစေတီတော် မသိုးသင်္ကန်းကပ်လှူပွဲဟာ ကြက်ပျံမကျစည်ကားတဲ့ ပွဲတော်ဖြစ်ခဲ့ပေမဲ့ အခုတော့ လာရောက်သူ နည်းပါးလွန်းတယ်လို့ မြောက်ဥက္ကလာပကနေ မသိုးသင်္ကန်းကပ်လှူပူဇော်ပွဲ လာရောက်သူတစ်ဦးက ပြောပါတယ်။

ရန်ကုန်မြို့ ရွှေတိဂုံစေတီတော်တွင် မသိုးသင်္ဃန်းကပ်လှူပူဇော်ပွဲ ကျင်းပနေသည်ကို ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
ရန်ကုန်မြို့ ရွှေတိဂုံစေတီတော်တွင် မသိုးသင်္ဃန်းကပ်လှူပူဇော်ပွဲ ကျင်းပနေသည်ကို ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

ဗိုလ်တထောင်စေတီနဲ့ ရွှေတိဂုံစေတီမှာ တန်ဆောင်မုန်းလပြည့်နေ့ရောက်တိုင်း နှစ်စဉ်မသိုးသင်္ကန်းကပ်လှူလေ့ ရှိပါတယ်။

ရန်ကုန်မြို့ ရွှေတိဂုံစေတီတော်တွင် မသိုးသင်္ဃန်းကပ်လှူပူဇော်ပွဲ ကျင်းပနေသည်ကို ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

ရွှေတိဂုံစေတီတော်မှာတော့ မသိုးသင်္ကန်းကပ်လှူပူဇော်ပွဲကို ၂ဝ၁၉ ခုနှစ်မှာ ၃၅ ကြိမ်မြောက်အဖြစ် နောက်ဆုံးကျင်းပခဲ့တာပါ။ အဲဒီနောက် ကိုဗစ်ကပ်ရောဂါနဲ့ အာဏာသိမ်းအပြီး ၂ဝ၂၁ ခုနှစ်ကစလို့ ငါးနှစ်ကြာ ရပ်နားခဲ့ပါတယ်။

ရန်ကုန်မြို့ ရွှေတိဂုံစေတီတော်တွင် မသိုးသင်္ဃန်းကပ်လှူပူဇော်ပွဲ ကျင်းပနေသည်ကို ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
ရန်ကုန်မြို့ ရွှေတိဂုံစေတီတော်တွင် မသိုးသင်္ဃန်းကပ်လှူပူဇော်ပွဲ ကျင်းပနေသည်ကို ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၁၄ ရက် (တန်ဆောင်မုန်းလပြည့် အဖိတ်နေ့)မှာမှ ၃၆ ကြိမ်မြောက် မသိုးသင်္ကန်းကပ်လှူပူဇော်ပွဲကို ပြန်လည်ကျင်းပတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။