ဂန့်ဂေါမှာ စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲခံရပြီး ၁၁ ယောက် သေဆုံး

2021.11.22
ဂန့်ဂေါမှာ စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲခံရပြီး ၁၁ ယောက် သေဆုံး ဂန့်ဂေါမြို့နယ်မှာ စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရလို့ သိမ်းဆည်းရမိတဲ့ အသုံးအဆောင်တွေကို ၂၀၂၁ နိုဝင်ဘာဘာ ၂၁ ရက်နေ့က တွေ့ရစဉ်
Photo: YDF

မကွေးတိုင်း ဂန့်ဂေါမြို့နယ်မှာ နိုဝင်ဘာ ၂၁ ရက် မနေ့နေ့လယ်ပိုင်းက စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက် ခိုက်ခံရလို့ ဗိုလ်အဆင့် အပါအဝင် ၁၁ ယောက် သေဆုံးခဲ့တယ်လို့ ယောဒေသကာကွယ်ရေးအဖွဲ့ (YDF) က နိုဝင်ဘာ ၂၂ ရက် ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

နိုဝင်ဘာလ ၂၁ ရက် နေ့လယ် ၁ နာရီဝန်းကျင်လောက်က ဂန်ဂေါမြို့ကိုသွားတဲ့ စစ်ကောင်စီတပ်ရဲ့ ကား ၅ စီးကို YDF နဲ့ CDF Kalay Kabaw Gangaw (CDF-KKG) ပူးပေါင်းအဖွဲ့တို့က ခေါက်ခူရွာအနီး မိုင်းဆွဲတိုက် ခိုက်ခဲ့တာလို့ ဖော်ပြထားပါတယ်။

မိုင်း ၁၂ လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကားနှစ်စီးလည်း ပျက်စီးသွားတယ်လို့ YDF အဖွဲ့က ထုတ်ပြန်ပါတယ်။

MA သေနတ် ကျည် 400 ကျော်၊ ယူနီဖောင်း ၂ စုံ၊ ကျည်ဘောက် ၂ ခု၊ ဘေးအိတ် ၁ စုံ၊ အပူချိန်တိုင်းစက် ၁ ခု၊ တီရှပ် ၁ ထည်၊ ဖိနပ် ၁ ရံတို့ကိုလည်း သိမ်းဆည်းရခဲ့ရာ ယူနီဖောင်းမှာပါတဲ့ လက်မောင်းတံဆိပ်မှာ တပ်မ ၁၁ လို့ တွေ့ရပြီး ခမရ ၂၁၇ အမှတ်တံဆိပ်တွေကိုလည်း တွေ့ရပါတယ်။

ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ RFA အနေနဲ့သီးခြား အတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်တာမျိုး မတွေ့ရသေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။