သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2025-02-24
စေတုတ္တရာမြို့နယ်၊ မင်းလမ်း ယာတဲစုက ဒေသခံတွေနေထိုင်တဲ့ လယ်တဲတွေကို ဖေဖော်ဝါရီ ၂၃ ရက်နေ့ မနက် ၃ နာရီဝန်းကျင်မှာ စစ်တပ်က စက်တပ်လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် ရှစ်ဦး သေဆုံးပြီး ငါးဦး ဒဏ်ရာရခဲ့ပါတယ်။
2025-02-24
စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တွေမှာ ဆေးဝါးသယ်တာကို စစ်ကောင်စီက တားဆီးထားတာကြောင့် စစ်ဘေးဒုက္ခသည်တွေ ဆေးဝါးပြတ်လပ်နေပါတယ်။
2025-02-23
မုံရွာ၊ ချောင်းဦးနဲ့ ကနီမြို့နယ်မှာ စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီးတိုက်ခိုက်မှုကြောင့် ဆယ်ရက်အတွင်း အရပ်သား သုံးဆယ်နီးပါး သေဆုံးပြီး ငါးဆယ်ကျော် ဒဏ်ရာရခဲ့တယ်လို့ စစ်ဘေးဒုက္ခသည်တွေကို ကူညီနေတဲ့သူတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။
2025-02-22
၂၀၂၃ ခုနှစ်မှာတော့ ဓနုလူမျိုးစုတွေအတွက် DPLF/DPLA လို့ခေါ်တဲ့ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦးကို တည်ထောင်ခဲ့တယ်လို့ ဆိုပါတယ်။
2025-02-22
ဆွေးနွေးပွဲပျက်ပြီးနောက်ပိုင်း ဖေဖော်ဝါရီလအတွင်းမှာပဲ စစ်ကောင်စီတပ်က TNLA တပ်ဖွဲ့ သိမ်းပိုက်ထားတဲ့ မိုးကုတ်မြို့နဲ့ နောင်ချိုမြို့ကို လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
2025-02-21
ထိုင်းအာဏာပိုင်တွေနဲ့ သက်ဆိုင်ရာနယ်မြေ အုပ်ချုပ်ရေးမှူးတွေက AAC မဟာမိတ်အဖွဲ့ရုံးကို အပြီးတိုင်ဖျက်သိမ်းဖို့ ထပ်မံပြောဆိုခဲ့တယ်လို့ ဦးခိုင်ကြီးက ပြောပါတယ်။
2025-02-21
မြန်မာနိုင်ငံမှာ ငတ်မွတ်ခေါင်းပါးမှုဒဏ် ရင်ဆိုင်နေရသူ ၁၅ သန်းကျော်အထိ မြင့်တက်လာနေကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ ဖေဖော်ဝါရီလ ၁၉ ရက်နေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
2025-02-21
တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ စစ်ရေးဖော်ဆောင်မှုဟာ စစ်ကောင်စီတပ်ရဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံတွေ အနားအထိ ရောက်လာနေပါတယ်။
2025-02-21
စစ်ကောင်စီက ပုဂ္ဂလိကဆေးရုံတွေကို ယာယီပိတ်သိမ်းခိုင်းပြီးတဲ့နောက် CDM ဝန်ထမ်းတွေကို အလုပ်မခန့်ဖို့ နည်းမျိုးစုံနဲ့ ဖိအားပေးနေတယ်လို့ ကျန်းမာရေးအသိုင်းအဝိုင်းက ပြောပါတယ်။
2025-02-20
စစ်ကောင်စီတပ်ထဲမှာ အခွင့်အရေးရတာနဲ့ ထွက်ပြေးလာကြမဲ့သူတွေရှိတယ်လို့ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်တဲ့ ဗိုလ်ကြီး ဇင်ယော်က ပြောပါတယ်။
2025-02-20
မြဝတီ ရွှေကုက္ကိုမြို့သစ်မှာရှိတဲ့ ကျားဖြန့် ငွေလိမ်လုပ်ငန်းတွေကို ဝင်ရောက်စစ်ဆေးချိန် တွေ့ရှိထားတဲ့ တရုတ်နိုင်ငံသား နှစ်ရာကို ဖေဖော်ဝါရီ ၂၀ မှာ ထိုင်းနိုင်ငံဘက်ခြမ်းကို လွှဲပြောင်းပေးလိုက်တယ်လို့ BGF က ပြောပါတယ်။
2025-02-19
ဗန်းမော်နဲ့ မိုးမောက်မြို့နယ်ထဲက တိုက်ပွဲမရှိတဲ့ ရွာတွေကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ နှစ်ရက်ဆက်တိုက် ဗုံးကြဲခဲ့ပါတယ်။
2025-02-19
ကနီ၊ ချောင်းဦး၊ မုံရွာနဲ့ မန္တလေးတိုင်း မြင်းခြံ၊ ငါန်းဇွန်၊ စဥ့်ကူးမြို့နယ်တွေကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲတာ၊ စက်တပ်လေထီးနဲ့ ဗုံးကြဲတာအပြင် လက်နက်ကြီးနဲ့ပါ ပစ်ခတ်တာကြောင့် လူ ၁၃ ဦးသေဆုံးပြီး သုံးဆယ်ကျော် ဒဏ်ရာရခဲ့ပါတယ်။
2025-02-19
တရုတ်-မြန်မာ နှစ်နိုင်ငံ ပူးပေါင်းလုံခြုံရေးကုမ္ပဏီ (Joint Venture Security Company) ပူးပေါင်းလုပ်ဆောင်ဖို့ ပြင်ဆင်နေချိန် နိုင်ငံခြား လုံခြုံရေးကုမ္ပဏီတွေ လက်နက်ကိုင်ဆောင်နိုင်တဲ့ ပုဂ္ဂလိကလုံခြုံရေး ဝန်ဆောင်မှုဆိုင်ရာ ဥပဒေကို ပြဋ္ဌာန်းလိုက်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ပါတယ်။
2025-02-19
ချင်းပြည်နယ်မှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းရန်ရော၊ စစ်လက်ကျန် ပေါက်ကွဲစေတဲ့ပစ္စည်းတွေနဲ့ မြေမြှုပ်မိုင်းအန္တရာယ်တွေပါ ရှိနေသေးတဲ့အတွက် ဒေသခံတွေ ပြန်နေဖို့ခက်နေသေးပါတယ်။