သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-10-13
မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးတဲ့နောက် မြန်မာစစ်တပ်ဟာနိုင်ငံတွင်းမှာ အင်အားအကြီးဆုံးနဲ့ အာဏာအရှိဆုံး အဖွဲ့အစည်းအဖြစ် ကြီးထွားလာတာဟာ အစ္စရေးနိုင်ငံရဲ့နောက်ကွယ်က ပံ့ပိုးမှုတွေကြောင့်ဖြစ်တယ်လို့ သုံးသပ်ထားပါတယ်။
2022-10-13
မအိသဇင်အောင်မှာ မွေးရာပါ အဆုတ်အားနည်းတဲ့ရောဂါနဲ့ ဆေးကုသရေး အခက်တွေ့နေရတဲ့အကြောင်း RFA က စက်တင်ဘာ ၂၇ ရက်နေ့မှာ တင်ပြခဲ့ပြီးနောက် ကာယကံရှင် မိသားစုအနေနဲ့ အလှူငွေတချို့ရရှိခဲ့သလို ကလေးအတွက် ထိုင်းအစိုးရ ကျန်းမာရေးစနစ်အရ ဆေးကုသခွင့်ရမယ့် အလားအလာလည်း ရှိနေပြီလို့ သိရပါတယ်။
2022-10-13
ANP ပါတီဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၉ ရက်နေ့က ရခိုင်ပြည်နယ်တွင်း စစ်ရေးအခြေအနေတွေနဲ့ ပတ်သက်ပြီး အချက်လေးချက်ပါတဲ့ ကြေညာချက် ထုတ်ပြန်ခဲ့တာကြောင့် စစ်ကောင်စီရဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC) ရဲ့ သတိပေးတာ ခံခဲ့ရပါတယ်။
2022-10-13
အမျိုးသားညီညွတ်ရေးအစိုးရက ခုခံတော်လှန်စစ်ကို တစ်နှစ်သတ်မှတ်ထားပြီး လာမယ့် ၂၀၂၃ ခုနှစ်အတွင်း တိုက်ခိုက်မှုတွေကို အရှိန်မြှင့် ဆောင်ရွက်သွားမယ်လို့လည်း ကြေညာထားပါတယ်။
2022-10-12
မြန်မာလို နိုင်ငံမျိုးကြောင့် ကျန်တဲ့အဖွဲ့ဝင်နိုင်ငံတွေ မထိခိုက်စေရအောင် အရှေ့တောင်အာရှ နိုင်ငံများအဖွဲ့ အာဆီယံကို အသစ်ပြန်လည်ဖွဲ့စည်းဖို့ အဖွဲ့ဝင်နိုင်ငံတွေ ပြင်ဆင်နေကြပါတယ်။
2022-10-12
တိုက်ပွဲနေ့တိုင်းဖြစ်နေတဲ့ ကရင်ပြည်နယ်ထဲမှာ ဒုက္ခသည်သုံးသိန်းခွဲကျော်ရှိနေပြီး အဲဒီထဲက တစ်ဝက်ကျော်ဟာ အသက် ၁၈ နှစ်အောက် ကလေးတွေဖြစ်တယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG ရဲ့ အောက်တိုဘာလ ၁၁ ရက်ထုတ် အစီရင်ခံစာမှာ ဖော်ပြပါတယ်။
2022-10-12
စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် အပါအဝင် အဆင့်မြင့်ကိုယ်စားလှယ်တွေကို ထိပ်သီးအစည်းအဝေးတွေ မတက်ရောက်နိုင်အောင် အာဆီယံအဖွဲ့က တားမြစ်ထားချိန်မှာ အာဆီယံအဖွဲ့ဝင် စင်္ကာပူနိုင်ငံက အခုလို အများဆုံးရင်းနှီးမြှုပ်နှံနေတဲ့အပေါ် အများစုက မေးခွန်းထုတ်နေပါတယ်။
2022-10-12
နိုင်ငံတစ်ဝန်းမှာ နှစ်စဉ် ရာသီအလိုက် မိုးစပါး၊ နွေစပါး စိုက်ပျိုးတဲ့ စိုက်ပျိုးမြေဧက ၁၈ သန်းရှိပေမယ့် အာဏာသိမ်းပြီးနောက်ကြုံလာရတဲ့ အထွေထွေအကျပ်အတည်းတွေကြောင့် ၆၀ ရာခိုင်နှုန်းခန့်လောက်သာ စိုက်ပျိုးထုတ်လုပ်နိုင်တော့တယ်လို့ လယ်ယာစိုက်ပျိုးရေး လုပ်ကိုင်နေသူတွေက ပြောဆိုကြပါတယ်။
2022-10-11
အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်ဖို့ ပြင်ဆင်နေတဲ့ အင်ဒိုနီးရှားအနေနဲ့ သမိုင်းဝင် လမ်းဆုံလမ်းခွမှာရောက်ရှိနေပြီး မြန်မာ့နိုင်ငံနဲ့ပတ်သက်လို့ မှန်ကန်တဲ့ဘက်က ရပ်တည်ဖို့ ဆုံးဖြတ်ထားကြောင်း Straits Times သတင်းစာက ဖော်ပြပါတယ်။
2022-10-11
ဝေဖန်သူအားလုံး တညီတညွတ်ပြောဆိုကြတာကတော့ တော်လှန်ရေးဟာ ကာလတစ်ခုကို ဖြတ်သန်းရမှာဖြစ်တဲ့ အတွက် ဇွဲသန်သန်နဲ့ ခံယူချက်ခိုင်မာဖို့လိုတယ်ဆိုတဲ့အချက်ဖြစ်ပါတယ်။
2022-10-11
စစ်ကောင်စီဥက္ကဋ္ဌက နေပြည်တော်မှာ ငြိမ်းချမ်းရေးဆွေးနွေးနေတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့ကို မက်လုံးတချို့ပေးပြီး ၂၀၂၃ မှာလုပ်မယ့် ရွေးကောက်ပွဲကို ထောက်ခံလာအောင် စည်းရုံးသိမ်းသွင်းတာမျိုးတွေ လုပ်လာနိုင်တယ်လို့ နိုင်ငံရေးအကဲခတ်တချို့က ခန့်မှန်းပါတယ်။
2022-10-11
အာဏာသိမ်းစစ်ကောင်စီဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ တစ်လတည်းမှာ နိုင်ငံတစ်ဝန်းက လူပေါင်း ၁၂၅ ဦးကို ဖမ်းဆီးခဲ့တယ်လို့ နိုင်ငံအရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဖော်ပြပါတယ်။
2022-10-10
လက်ရှိမှာ စစ်ကောင်စီက ထိန်းသိမ်းထားသူ ၉ဝ ကျော် ကျန်နေသေးပြီး သူတို့တွေဟာ အရပ်သားပြည်သူတွေသာ ဖြစ်တယ်လို့ AA ပြောခွင့်ရ ခိုင်သုခက ပြောပါတယ်။
2022-10-10
ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့အကြား အောက်တိုဘာ ၈ ရက်နေ့က ဖြစ်ပွားတဲ့တိုက်ပွဲနဲ့ စစ်ကောင်စီတပ်က လေကြောင်းကနေ ပစ်ခတ်တဲ့အတွက် ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁၆ ဦး သေဆုံးခဲ့တယ်လို့ ကာကွယ်ရေးတပ်တွေက ပြောပါတယ်။
2022-10-10
မကွေးတိုင်းမှာ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း ပြည်သူ ငါးဦး သတ်ဖြတ်ခံခဲ့ရပြီး ၂၅ ဦး အဖမ်းခံခဲ့ရပါတယ်။ သတင်းမီဒီယာတွေနဲ့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေကိုအခြေခံပြီး RFA က လက်လှမ်းမီသလောက်ပြုစုထားတဲ့ အချက်အလက်ဖြစ်ပါတယ်။