သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-07-13
ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံဆွေးနွေးရုံနဲ့ တော်လှန်ရေးဟာ ပြောင်းလဲမှာ မဟုတ်ဘူးလို့ KIO/ KIA သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။
2023-07-13
အကျဉ်းထောင် အဓိကရုဏ်းမှာ ပါဝင်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ နိုင်ငံရေးအကျဉ်းသား အမျိုးသား ၆၂ ဦးကို ပုသိမ်အကျဉ်းထောင် အထူး တရားရုံးက ထောင်သုံးနှစ်စီချလိုက်ပါတယ်။
2023-07-13
မြန်မာနိုင်ငံမှာ အလုပ်သမားတွေအခွင့်အရေး ချိုးဖောက်ခံရတာ အရင်ကာလတွေထက် ပိုများလာနေပြီး အကာအကွယ်မဲ့နေပါတယ်။
2023-07-12
ထိုင်းဝန်ကြီးက ဒေါ်အောင်ဆန်းစုကြည်ကို အမှန်တကယ် တွေ့ဆုံခဲ့ခြင်းရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ဒါဟာ စစ်ကောင်စီအနေနဲ့ နွေဦးတော်လှန်ရေးမှာ အကျပ်အတည်းနဲ့ ရင်ဆိုင်နေရပြီဆိုတာကို ပြသလိုက်တာပဲလို့ မြန်မာ့အရေးလေ့လာသူ ဒေါက်တာလှကျော်ဇောက ပြောပါတယ်။
2023-07-12
အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေ အင်ဒိုနီးရှားနိုင်ငံမှာ ခေါင်းချင်းဆိုင် မြန်မာ့အရေးဆွေးနွေးနေပေမဲ့ စစ်ကောင်စီဟာ အကြမ်းဖက်လုပ်ရပ်တွေကို ရပ်မသွားဘဲ လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ လေကြောင်းကနေ ဗုံးကြဲတာ၊ ရွာတွေထဲဝင်ပြီးနေအိမ် မီးရှို့တာတွေ ဆက်တိုက်ကျူးလွန်နေတယ်လို့ နိုင်ငံရေးလေ့လာသူတွေနဲ့ ဒေသခံတွေက RFA ကိုပြောပါတယ်။
2023-07-12
ကရင်ပြည်နယ် မြဝတီမြို့နယ်၊ မေတ္တာလင်းမြိုင်ကျေးရွာမှာရှိတဲ့ လက်ခတ်တောင်ဘုရားကုန်းမှာ တပ်စွဲထားတဲ့ နယ်ခြားစောင့်တပ် BGF ခံကတုတ်တွေကို KNLA နဲ့ ပူးပေါင်းတပ်တွေက သိမ်းပိုက်လိုက်တယ်လို့ KNLA တပ်ရင်း ၂၇ က စစ်ရေးကွပ်ကဲရေး တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
2023-07-12
မြန်မာစစ်တပ် ဖမ်းဆီးထိန်းသိမ်းထားတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့ကြောင်း ထိုင်းနိုင်ငံခြားရေး ဝန်ကြီး ဒွန် ပရာမွတ်ဝီနိုင်းက ပြောပါတယ်။
2023-07-12
ကျောက်တံခါးမြို့ပေါ်မှာ ရိက္ခာဝယ်ယူတဲ့ အရပ်သား ၁၉ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပါတယ်။
2023-07-12
ပြီးခဲ့တဲ့ မေလနဲ့ ဇွန်လမှာ အသတ်ခံရတဲ့ နိုင်ငံရေးအကျဉ်းသား အနည်းဆုံး ၁၅ ယောက်ရှိသွားပါပြီ။
2023-07-11
နိုင်ငံရေး အကျဉ်းသားတွေကို အာဏာပိုင်တွေက အကျဉ်းထောင်တွေကနေ ပြင်ပခေါ်ထုတ်ပြီး နှိပ်စက်သတ်ဖြတ်နေတယ်လို့ ဒီမိုကရေစီ အရေးလှုပ်ရှားသူတွေက ပြောပါတယ်။
2023-07-11
ဇူလိုင် ၁၁ ရက် အာဆီယံအစည်းအဝေးမှာ အဖွဲ့ဝင်တွေဟာ မြန်မာ့အရေးသဘောတူညီမှု မရနိုင်တဲ့အတွက် အစည်းအဝေးအပြီး ထုတ်ပြန်မယ့် ပူးတွဲကြေညာချက်မူကြမ်းမှာ မြန်မာနဲ့ဆိုင်တဲ့ စာပိုဒ်ကို အလွတ်ထားတာ တွေ့ခဲ့ရတယ်လို့ AFP သတင်းမှာ ဖော်ပြပါတယ်။
2023-07-11
မယ်စဲ့နဲ့ ဖားဆောင်းမြို့နယ်တွေမှာ စစ်ကောင်စီတပ်နဲ့ ကရင်နီကာကွယ်ရေး ပူးပေါင်းတပ်တွေ တိုက်ပွဲ ဆက်ပြင်းထန်နေတဲ့အတွက် ဒုက္ခသည် သုံးထောင်နီးပါး တောတောင်တွေထဲမှာ ပိတ်မိနေပါတယ်။
2023-07-11
စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို မှတ်တမ်းပြုစုတဲ့အခါ စစ်ကိုင်း၊ ပဲခူး၊ ကရင်၊ ချင်းနဲ့ ကယားပြည်နယ်တွေမှာ ဖြစ်ခဲ့တာတွေ့ရပါတယ်။
2023-07-10
မြန်မာ့ အိမ်နီးချင်း အိန္ဒိယနိုင်ငံ ခေါင်းဆောင် ပြင်သစ်နိုင်ငံကို အလည်အပတ် ရောက်ရှိလာရင် မြန်မာစစ်ကောင်စီကို လက်နက်တင်ပို့ရောင်းချနေတာ စိုးရိမ်မကင်းဖြစ်ရကြောင်း ပြောကြားဖို့ ပြင်သစ် သမ္မတကို မေတ္တာရပ်ခံ လိုက်ပါတယ်။
2023-07-10
စစ်တပ်အာဏာသိမ်းထားတဲ့ နှစ်နှစ်ကျော်တွင်း စစ်ကောင်စီတပ်နဲ့ လက်အောက်ခံအဖွဲ့အစည်းတွေရဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့အချိန် သတ်ဖြတ်ခံရသူ ၁၃၀၀ နီးပါးအထိ ရှိလာပါတယ်။