သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-10-18
ပြီးခဲ့တဲ့ မေလက ဘန်ကောက်မြို့မှာ ဖြစ်ပွားခဲ့တဲ့ အမှုတစ်ခုမှာဆိုရင် မြန်မာအလုပ်သမား ၃ဝဝ ကျော်ထံက ဘတ်ငွေ နှစ်သန်းကျော်ကို လင်မယားနှစ်ဦးက လိမ်လည်ရယူပြီး မြန်မာနိုင်ငံကို ပြန်လည်ထွက်ပြေးသွားခဲ့တယ်လို့ သိရပါတယ်။
2022-10-18
စစ်ရေးပြဿနာတွေက လူမှုစီးပွားဘဝကို ထိခိုက်နေတာကြောင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေး နည်းလမ်းနဲ့သာ ဖြေရှင်းနိုင်ရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တွေ့ဆုံ ဆွေးနွေးလိုကြောင်း ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS က အခုလ ၁၀ ရက် နေ့မှာ ထုတ်ပြန်ကမ်းလှမ်းလိုက်ပါတယ်။
2022-10-18
တစ်ကျော့ပြန်တိုက်ပွဲ စတင်ခဲ့တဲ့ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၈ ရက်နေ့ကစလို့ အောက်တိုဘာလ ၁၈ ရက် ဒီနေ့အထိ သုံးလတာကာလအတွင်း ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်၀မြို့နယ်တွေမှာ လက်နက်ကြီး၊ လက်နက်ငယ်၊ မြေမြှုပ်မိုင်းတွေကြောင့် သေဆုံးတဲ့ အရပ်သား ၁၅ ဦးနဲ့ ဒဏ်ရာရ သူ ၅၇ ဦးအထိ ရှိလာနေပါတယ်။
2022-10-18
အမျိုးသားညီညွတ်ရေးအစိုးရ NUG အစိုးရဲ့ ခြောက်လတာကာလ စစ်ဆင်ရေးအတွင်း စစ်ရေးပစ်မှတ် ၁၇၃ ကြိမ်၊ အုပ်ချုပ်ရေးပစ်မှတ် ၃၆ ကြိမ်၊ စီးပွားရေးပစ်မှတ် ရှစ်ကြိမ် ဆောင်ရွက်ခဲ့တယ်လို့ NUG က ပြောပါတယ်။
2022-10-17
ပြည်တွင်းမှာတော့ ၂၀၂၃ ရွေးကောက်ပွဲကို တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ အမျိုးသမီးများအဖွဲ့ချုပ်လို အရပ်ဘက်အဖွဲ့အစည်းတော်တော်များများက ကန့်ကွက်ကြောင်း ထုတ်ဖော်ပြောထားပြီးဖြစ်ပါတယ်။
2022-10-17
မွန်ပြည်နယ် ကျိုက်ထီးရိုးတောင်ခြေ ပစ်ခတ်မှုနဲ့ပတ်သက်ပြီး ဘီဘီစီ (မြန်မာပိုင်း) ဌာနနဲ့ ဧရာဝတီ သတင်းဌာနတို့ကို တရားစွဲမယ့်အကြောင်း စစ်ကောင်စီက အောက်တိုဘာ ၁၄ ရက်ညပိုင်းမှာ သတင်းထုတ်ပြန် ခြိမ်းခြောက်လာတဲ့အတွက် ဘီဘီစီ (မြန်မာပိုင်း) က ပြည်တွင်း သတင်းထောက်အားလုံး ဘေးလွတ်ရာမှာ ပုန်းရှောင်နေရပါတယ်
2022-10-17
UAE အာရပ်စော်ဘွားများနိုင်ငံကို အိမ်အကူအဖြစ် ရောက်ရှိနေကြတဲ့ မြန်မာအမျိုးသမီးတွေထဲက အမျိုးသမီး ၁၀၀ လောက်ဟာ ဒူဘိုင်းမြို့က ဘာသာရေးအဆောက်အအုံတွေမှာ အလှူရှင်ရှိတဲ့ နေ့တိုင်း သွားရောက်ပြီး တောင်းရမ်း စားသောက်နေရတယ်လို့ ပြောပါတယ်။
2022-10-17
မြန်မာနိုင်ငံမှာ သတင်းမီဒီယာတွေအပေါ် စစ်ကောင်စီက အမှုဖွင့်အရေးယူတာနဲ့ ထောင်ချတာတွေ သိသိသာသာ မြင့်တက်နေဆဲဖြစ်တယ်လို့ ပြည်တွင်း သတင်းသမားတွေက ပြောပါတယ်။
2022-10-16
ပျူစောထီး၊ သွေးသောက်၊ ပြည်သူ့စစ် စတဲ့အဖွဲ့တွေက စစ်ကောင်စီကိုတော်လှန်တဲ့အဖွဲ့တွေ၊ ဒီမိုကရေစီလိုလားတဲ့ ပါတီအဖွဲ့ဝင်တွေနဲ့ သတင်းမီဒီယာသမားတွေ၊ စစ်တပ်အာဏာသိမ်းတာကို ဆန့်ကျင်သူတွေကို တန်ပြန်တိုက်ခိုက်ဖို့ ပေါ်ပေါက်လာတာတွေ့ရတယ်လို့ဆိုပါတယ်။
2022-10-16
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် မြောက်ပိုင်း ငါးလုံးတင်၊ မထိသာနဲ့ မှန်ချိုရွာတွေကို အောက်တိုဘာ ၁၄ ရက်နဲ့ ၁၅ ရက်နေ့တွေမှာ စစ်ကောင်စီတပ်သားတွေက ဝင်ရောက်စီးနင်းခဲ့ပါတယ်။
2022-10-15
တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် (NCA) လက်မှတ်ရေးထိုးမှု ခုနစ်နှစ်ပြည့်တဲ့ အောက်တိုဘာလ ၁၅ ရက် ဒီကနေ့မှာ စစ်ကောင်စီနဲ့ တိုင်းရင်းသားလက်နက်ကိုင် ခုနစ်ဖွဲ့က ကိုယ်စားလှယ်တွေ နေပြည်တော်မှာ တွေ့ဆုံခဲ့ပါတယ်။
2022-10-14
ပွဲစားတွေရဲ့ လိမ်လည်မှုကြောင့် ဒုက္ခရောက်နေသူတွေလည်း အမြောက်အများရှိပါတယ်။ အခုရက်ပိုင်းအတွင်း ထိုင်းနိုင်ငံ ကန်ချနာဘူရီခရိုင်ကို ရောက်ရှိလာတဲ့ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်က မြန်မာ ၅ ဦးကတော့ ပွဲစား ၂ ဆင့် အလိမ်ခံရမှုကြောင့် ဒုက္ခရောက်နေပါပြီ။
2022-10-14
အဆက်သွယ်မရဘဲ ပျောက်ဆုံးနေသူတွေပါရှိသလို ပြန်တွေ့တဲ့ ရုပ်အလောင်းတွေကလည်း မီးကျွမ်းနေတာကြောင့် ဘယ်သူဘယ်ဝါဆိုတာ အတိအကျမသိရသေးဘူးလို့လည်း ဆိုပါတယ်။
2022-10-14
စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ၁၀ လအတွင်းမှာ တစ်နေရာကတစ်နေရာ ရွှေ့ပြောင်းနေထိုင်ဖို့ကြိုးစားတဲ့ ရိုဟင်ဂျာ တစ်ထောင်နီးပါး ဖမ်းဆီးခံထားရပြီး အဲဒီအထဲက ၂၀၀ ကျော်ဟာ လူဝင်မှုကြီးကြပ်ရေးဥပဒေနဲ့ ထောင်ဒဏ် နှစ်နှစ်ကနေ ငါးနှစ်အထိ ချမှတ်ခံထားရပါတယ်။
2022-10-13
မြန်မာနိုင်ငံမှာ စစ်တပ်က ထပ်မံအာဏာသိမ်းခဲ့ပြန်ပြီးတဲ့နောက် မြန်မာနိုင်ငံရဲ့ စာနယ်ဇင်းလွတ်လပ်မှုအခြေအနေဟာ အခုအခါ ပိုမိုဆိုးရွားလာနေပြီး သတင်းသမားတွေကို ဖိနှိပ်ရာမှာ တရုတ်ပြည်ထက် ပိုမိုပြင်းထန်လာနေပါတယ်။