သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-09-21
မြန်မာနိုင်ငံမှာ အာဏာသိမ်းထားတဲ့ စစ်ကောင်စီဟာ အရပ်သားပြည်သူတွေကို တိုက်ခိုက်တာတွေ ဆက်ပြီး ကျူးလွန်နေတဲ့အချိန်မှာ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအချို့ဟာ စစ်ကောင်စီကို သက်တမ်းရှည်အောင် အားပေးထောက်ခံတဲ့ လုပ်ရပ်တွေ လုပ်နေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စတာ တွမ်မ် အင်ဒရူး က ပြောလိုက်ပါတယ်။
2022-09-21
မြန်မာနိုင်ငံမှာ အသုံးအများဆုံး လူမှုကွန်ယက်ဖြစ်တဲ့ ဖေ့စ်ဘွတ်ပေါ်မှာ အာဏာရှင်ဆန့်ကျင်ရေးနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို Like ပေးတာ၊ ပြန်ဖြန့်ဝေတာနဲ့ အကြမ်းဖက်လှုပ်ရှားမှုတွေကို ငွေကြေးထောက်ပံ့ရင် အနည်းဆုံး ထောင်နှစ်နှစ်ကနေ သေဒဏ်ထိ ချမှတ်နိုင်တယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက စက်တင်ဘာလ ၂၀ ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။
2022-09-21
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တို့အကြား တိုက်ခိုက်မှုတွေ ပိုမိုပြင်းထန်လာနေပြီး ရခိုင်ပြည်နယ် တောင်ဘက်အထိ တိုက်ပွဲတွေ ကျယ်ပြန့်လာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2022-09-20
မွေ့တုံရွာမှာ အိမ်ခြေ ၃၅၀ ကျော်ရှိပြီး၊ ဇန်နဝါရီလမှာ စစ်ကောင်စီတပ်သားတွေက ပထမဆုံးအကြိမ် မီးရှို့သွားလို့ အိမ် ၁၇၀ ကျော် မီးလောင်ပျက်စီးရပါတယ်။ ဧပြီလမှာတစ်ခါ ဒုတိယအကြိမ် မီးရှို့ခံရလို့ အိမ် ၃၀ ကျော် မီးလောင်ခဲ့တယ်လို့ ပြောကြပါတယ်။
2022-09-20
အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်မှာ အထွေထွေညီလာခံ ကျင်းပနေချိန်မှာပဲ မြန်မာနိုင်ငံမှာတော့ စစ်ကောင်စီရဲ့လေကြောင်းသုံး တိုက်ခိုက်မှုကြောင့် ကလေးငယ် ခုနှစ်ဦး အပါအဝင် ၁၃ ဦးသေဆုံးသွားပါတယ်။
2022-09-20
ပခုက္ကူထောင်က လွတ်မြောက်သွားသူတွေထဲမှာ 96 Solider တပ်ဖွဲ့ဝင် PDF နှစ်ဦးနဲ့ အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုကြောင့် အဖမ်းခံထားရတဲ့ အရပ်သားသုံးဦး ပါဝင်ပါတယ်။
2022-09-20
တိုက်ပွဲတွေပြင်းထန်နေတဲ့ ရှမ်းပြည်တောင်ပိုင်းက မိုးဗြဲမြို့မှာ စစ်ကောင်စီတပ်က အင်အား ၁၀၀ ကျော်နဲ့ စက်တင်ဘာလ ၁၉ ရက် မနေ့မနက်ပိုင်းက ထိုးဖောက်ဝင်ရောက်ပြီး နေရာယူထားတာကြောင့် ဒေသခံ ၁၀၀ ကျော် ပိတ်မိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2022-09-20
နိုင်ငံတစ်ဝန်းမှာ အကြမ်းမဖက်အာဏာဖီဆန်ရေး (CDM) လှုပ်ရှားမှုမှာ ပါဝင်ပြီး ဖမ်းဆီးထိန်းသိမ်းခံနေကြရတဲ့ ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမ ၂၂၅ ဦးအထိ ရှိလာနေတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ထုတ်ပြန်ချက်တွေမှာ ဖော်ပြထားပါတယ်။
2022-09-20
စက်တင်ဘာလ ၁၉ ရက်နေ့က အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ဝန်ကြီးတွေနဲ့ မစ္စတာ ဆိုင်ဖူဒင် အဗ္ဗဒူလာတို့ အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့မှာ တွေ့ဆုံအပြီး ပူးတွဲ သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့တာပါ။
2022-09-19
စစ်တပ်က အာဏာသိမ်းထားပြီး လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ စီးပွားရေးကျပ်တည်းမှုတွေနဲ့ လူသားချင်းစာနာမှု အကျပ်အတည်းတွေ ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံအတွက်တော့ ဒီကုလသမဂ္ဂအစည်းအဝေးတွေကနေ ထိရောက်တဲ့ ဆုံးဖြတ်ချက်တစ်ခုခု ပေါ်ထွက်လာဖို့ မျှော်လင့်မှုတွေ ရှိနေပါတယ်။
2022-09-19
ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းကျေးရွာ စာသင်းကျောင်းကို စစ်ကောင်စီတပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် ကလေးငယ်ခုနစ်ဦး အပါအဝင် စုစုပေါင်းသေဆုံးသူ ၁၃ ဦးအထိ ရှိလာပါတယ်။
2022-09-19
စစ်တပ်ဟာ အာဏာသိမ်းပြီးတဲ့နောက်မှာ ပြည်ပကဝယ်ယူရရှိတဲ့ စစ်လက်နက်တွေနဲ့ အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားသူတွေကို ဖိနှိပ်သတ်ဖြတ်ပြီး စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတယ်လို့ ပြောပါတယ်။
2022-09-18
မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်းက ကျေးရွာတွေကို စက်တင်ဘာလ ၁၇ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီတပ်တွေ ဝင်ရောက်စီးနင်းခဲ့လို့ ကျေးရွာခြောက်ရွာက ဒေသခံ နှစ်ထောင်ကျော် အိုးအိမ်စွန့်ခွာထွက်ပြေးနေတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
2022-09-18
အထည်ချုပ်စက်ရုံလောကမှာ အလုပ်ရှင်တွေ အသာစီးရနေပြီး အလုပ်သမားတွေအခွင့် အရေးချိုးဖောက်ခံရမှု ပိုများလာနေတယ်လို့ စုံစမ်းသိရှိရပါတယ်။
2022-09-17
လာမယ့်နှစ်မှာ အာဆီယံ ဥက္ကဋ္ဌအဖြစ် တာဝန်ယူမယ့် အင်ဒိုနီးရှားနိုင်ငံဟာ မြန်မာနိုင်ငံလိုပဲ စစ်တပ်က နိုင်ငံရေးမှာ ပါဝင်နေခဲ့ရာက အရပ်သားအစိုးရအုပ်ချုပ်ရေးကို အောင်အောင်မြင်မြင် ပြောင်းလဲနိုင်ခဲ့တဲ့ သမိုင်းကြောင်း ရှိခဲ့ပါတယ်။