သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-06-21
စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် ညောင်ပင်တဲရွာကို စစ်ကောင်စီတပ်နဲ့ ပျူစောထီးပူးပေါင်းအဖွဲ့က ဇွန်လ ၁၈ ရက်နေ့ကနေစပြီး အချိန်သုံးရက်ကြာ ဝင်ရောက်စီးနင်းခဲ့တဲ့နောက်မှာ အရပ်သားလေးဦးနဲ့ ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံရွာသားတွေက RFA ကို ဇွန်လ ၂၁ ရက် ဒီနေ့မှာ ပြောပါတယ်။
2022-06-20
မယ်လစခန်းထဲမှာ နေထိုင်တဲ့ စစ်ဘေးဒုက္ခသည် ပြည်သူတွေအနေနဲ့ စခန်းပြင်ပကို သွားရောက်ခွင့်ရဖို့၊ ဒုက္ခသည်စခန်းထဲမှာ မွေးဖွားပြီး နိုင်ငံမဲ့ဖြစ်နေတဲ့ ကလေးငယ်တွေရဲ့ အနာဂတ်အတွက် တတိယနိုင်ငံတစ်ခုခုမှာ ခိုလှုံခွင့်ပေးဖို့ စတာတွေ အပါအဝင် စစ်ဘေးဒုက္ခသည်တွေရဲ့ ရပိုင်ခွင့်တွေကို ဖြည့်ဆည်းပေးဖို့ အာဏာပိုင်တွေကို တောင်းဆိုခဲ့ကြပါတယ်။
2022-06-20
မြန်မာနိုင်ငံမှာ နေရပ်စွန့်ခွာထွက်ပြေးရတဲ့ ဒုက္ခသည်ဦးရေ ၁.၂ သန်းကျော်ရှိလာနေပြီလို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က နောက်ဆုံးထုတ်ပြန်တဲ့ စာရင်းဇယားတွေမှာ ဖော်ပြထားပါတယ်။
2022-06-19
ဇွန်လ ၁၉ ရက် ဒီကနေ့မှာ ကျရောက်တဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၇၇ နှစ်ပြည့်မွေးနေ့ကို နိုင်ငံတစ်ဝန်းက ပြည်သူတွေ ပုံစံမျိုးစုံနဲ့ ကျင်းပခဲ့ကြပါတယ်။
2022-06-18
"ဒေါ်အောင်ဆန်းစုကြည် လွတ်ရင်လည်း လွတ်လာနိုင်တယ်။ ဒါမှမဟုတ် အဆိုးဆုံး ထောင်ထဲမှာ ရာဇဝတ်အကျဉ်းသားတွေလို ဘဝဆုံးတာမျိုးလည်း ဖြစ်နိုင်တယ်။ ကျနော်တို့ မြန်မာနိုင်ငံဟာ ဒေါ်အောင်ဆန်းစုကြည်ပါသည်ဖြစ်စေ မပါသည်ဖြစ်စေ တော်တော်လေး ရှုန်းကန်ရမယ်"
2022-06-18
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်မှာ ဇွန်လ ၁၆ ရက်နေ့က ဈေးလာဝယ်တဲ့ စစ်ကောင်စီတပ်သား တစ်ယောက်ကို ရက္ခိုင့်တပ်တော် (AA) က ဖမ်းဆီးခဲ့ပါတယ်။ အဲဒီနောက် စစ်ကောင်စီတပ်ဟာ ပုဏ္ဏားကျွန်းမြို့ပေါ်က အရပ်သား နှစ်ဆယ်ဝန်းကျင်ကို ဖမ်းဆီးစစ်ဆေးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2022-06-17
၂၀၂၂ ခုနှစ် ဇွန်လ ၁၉ ရက်နေ့ဟာ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၇ နှစ် ပြည့်မွေးနေ့ ဖြစ်ပါတယ်။
2022-06-16
မြန်မာနိုင်ငံမှာ စစ်တပ်ရဲ့ ဖိနှိပ်မှုတွေကြောင့် လက်ရှိထွက်ပြေးပုန်းရှောင်နေရသူ သန်းနဲ့ချီနေပြီဖြစ်ပြီး သေဒဏ်ပေးခံရသူတချို့ကို ကွပ်မျက်မယ်လို့ စစ်ကောင်စီက ပြောဆိုနေတဲ့အတွက် နိုင်ငံတကာက ဝိုင်းဝန်းကန့်ကွက်မှုတွေ မေတ္တာရပ်ခံမှုတွေ ပေါ်ထွက်နေပေါတယ်။ ဒါပေမဲ့ မြန်မာပြည်မှာရှိတဲ့ ဘာသာရေးခေါင်းဆောင်တွေက တစ်စုံတစ်ရာမှ ထုတ်ဖော်ပြောဆိုခြင်း မရှိပါဘူး။
2022-06-16
၈၈ ကျောင်းသားခေါင်းဆောင် ဦးကျော်မင်းယု ခေါ် ဦးဂျင်မီနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖြိုးဇေယျာသော်တို့လို ထင်ရှားတဲ့ အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူတွေကို ကွပ်မျက်မယ်ဆိုရင် ကြီးမားတဲ့ တုံ့ပြန်မှုတွေကို ကြုံတွေ့ရနိုင်တာကြောင့် ပြန်လည်စဥ်းစားဖို့ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန် က စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ ဇွန်လ ၁၀ ရက်နေ့က စာရေးတောင်းဆိုထားပါတယ်။
2022-06-16
အမျိုးသားညီညွတ်ရေးအစိုးရရဲ့ NUG Pay ကို မကြာခင်စတင်မယ်လို့ NUG က ပြီးခဲ့တဲ့ မေလထဲ ထုတ်ဖော်ပြောဆိုပြီးနောက်မှာပဲ စစ်ကောင်စီရဲ့ ဗဟိုဘဏ်ကလည်း ခွင့်ပြုချက်မရှိတဲ့ ငွေကြေးဝန်ဆောင်မှု လုပ်ငန်းတွေကို အရေးယူမယ်လို့ ထုတ်ပြန်လာပါတယ်။
2022-06-15
တော်လှန်ရေးအင်အားစုတွေအတွက် လက်နက်တွေ ထုတ်လုပ်နေတဲ့ PSPT အဖွဲ့ခေါင်းဆောင် CDM ဗိုလ်ကြီး ညီသုတကတော့ အခုလို လူငယ်တွေ တီထွင်တာကို ဂုဏ်ပြုပါတယ်။ ဒါပေမယ့် အန္တရာယ်ကြီးမားလွန်းပြီး ထိရောက်မှုလည်း မသေချာတဲ့အတွက် စိန်ပြောင်းတွေ ရော့ကက်တွေထက် လက်နက်ငယ်တွေနဲ့ မိုင်းဗုံးတွေကို ပိုပြီး အာရုံစိုက်ထုတ်လုပ်သင့်တယ်လို့ အကြံပေးပါတယ်။
2022-06-15
စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းက PDF ပြည်သူ့ကာကွယ်ရေးတပ်တွေကို မြေလှန်တဲ့သဘောနဲ့ လေကြောင်းကပါ စစ်ကောင်စီက ထိုးစစ်ဆင်ရုံမက ရွာတွေ ကျီတွေပါ မီးတင်ရှို့နေတာမို့ ရိက္ခာထုတ်လုပ်ပေးတဲ့ လူတွေ ထွန်ယက်စိုက်ပျိုးလို့ မရတော့ပါဘူး။
2022-06-15
စစ်ကောင်စီဥက္ကဋ္ဌကိုယ်တိုင် လက်ခံတွေ့ဆုံတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို လက်ရှိ တိုက်ပွဲဖြစ်နေတဲ့ လူမျိုးစု လက်နက်ကိုင်အဖွဲ့အစည်းတွေ စိတ်ဝင်တစား မရှိတာကြောင့် ဒုတိယအကြိမ် ထပ်မံကမ်းလှမ်းတဲ့ ထုတ်ပြန် ချက်ကို ဇွန် ၁၄ ရက်မှာ စစ်ကောင်စီက ထုတ်ပြန်ခဲ့ပါတယ်။
2022-06-15
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း လေကြောင်းက တိုက်ခိုက်လို့ ဒါမှမဟုတ် လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အနည်းဆုံး ကလေး ၃၈၂ ဦး သေဆုံးတာ ဒါမဟုတ် ကိုယ်လက်အင်္ဂါ ချွတ်ယွင်းပျက်စီးတာတွေနဲ့ ကြုံခဲ့ရတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tom Andrews ရဲ့ မနေ့က ထုတ်ပြန်တဲ့ အစီအရင်ခံစာမှာ ဖော်ပြထားပါတယ်။
2022-06-14
ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကတော့ စစ်အုပ်ချုပ်ရေးကို လက်ခံတဲ့သဘော သက်ရောက်မယ့် ရေတိုနည်းမျိုးနဲ့ ဖြေရှင်းဖို့ မကြိုးစားဖို့ တိုက်တွန်းပြောကြားခဲ့ပြီး နိုင်ငံတကာအနေနဲ့ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခအကျပ်အတည်းတွေကို ရပ်တန့်နိုင်ဖို့အတွက် နိုင်ငံတကာနဲ့ ဒေသတွင်းနိုင်ငံအားလုံး စုပေါင်းလုပ်ဆောင်ဖို့ လိုတယ်လို့ ပြောသွားပါတယ်။