သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-01-14
ကမ္ဘောဒီးယားနိုင်ငံက ပထမဆုံးကျင်းပမယ့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို နိုင်ငံအများအပြားက မတက်ရောက်နိုင်ကြောင်း ပြောဆိုတဲ့ အတွက် ရွေ့ဆိုင်းလိုက်ရချိန်မှာပဲ မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံတွေက ကမ္ဘော ဒီးယားဝန်ကြီးချုပ် ဟွန်ဆန်အနေနဲ့ မြန်မာပြည်အရေးအတွက် တခြားအဖွဲ့ဝင်တွေနဲ့ တိုင်ပင်ဆောင်ရွက်ဖို့ လိုကြောင်း ထုတ်ဖော်ပြောကြားလိုက်ကြပါတယ်။ ဒါဟာ စစ်ကောင်စီရဲ့ နောက်ထပ်ကျဆုံးမှုတစ်ခု ဖြစ်တယ်လို့ ဝေဖန်သူတွေက ပြောပါတယ်။
2022-01-14
အာဏာသိမ်း စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို အကျင့်ပျက်ခြစားမှုဆိုင်ရာ စွဲချက်အသစ်တွေ ထပ်တိုးလိုက်တာဟာ တရားမျှတမှုမရှိဘဲ နိုင်ငံရေး နယ်ပယ်ထဲက အပြီးအပိုင် ဖယ်ထုတ်ဖို့ ကြိုးပမ်းတာသာ ဖြစ်တယ်လို့ လေ့လာသုံးသပ်သူတွေက ပြောပါတယ်။
2022-01-14
ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောမြို့နယ်မှာ အာရကန် ရိုဟင်ဂျာ ကယ်တင် ရေးတပ်မတော် (ARSA) အဖွဲ့ ဝင်ရောက်လှုပ်ရှားလာတာကြောင့် တိုက်ပွဲတွေ ဖြစ်လာမှာကို စိုးရိမ်ပူပန်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2022-01-13
ကိုဗစ်ကပ်ရောဂါကြောင့် စီးပွားရေးကျဆင်းနေတဲ့ကြား စစ်အာဏာပါ ထပ်သိမ်း လိုက်တဲ့အတွက် နိုင်ငံပါ မတည်မငြိမ်ဖြစ်လို့ မြန်မာ့စီးပွားရေး အကြီးအကျယ် ထိခိုက်ပေမဲ့ ဂျပန်ကုမ္ပဏီတွေက ဆက်လက်လည်ပတ်နေမယ်လို့ ကျိုဒို သတင်းက ဒီလ ၁၀ ရက်မှာ ဖော်ပြ လိုက်ပါတယ်။
2022-01-13
ပြီးခဲ့တဲ့ နှစ်က မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အရပ်သား ပြည်သူတွေအပေါ်မှာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ အပါအဝင် ဆိုးဝါးပြင်းထန်တဲ့ ပြစ်မှုတွေ ကျူးလွန်ခဲ့ပြီး၊ လူ့အခွင့်အရေးအခြေအနေ ကျဆင်းခဲ့ကြောင်း လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ HRW က ထုတ်ပြန်တဲ့ ကမ္ဘာ့လူ့အခွင့်အရေးအခြေအနေအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
2022-01-13
လက်ရှိ အာဆီယံဥက္ကဋ္ဌ ဖြစ်တဲ့ ကမ္ဘောဒီးယားနိုင်ငံအနေနဲ့ မြန်မာ့ငြိမ်းချမ်းရေး၊ အကြမ်းဖက်မှုတွေ အဆုံးသတ်ရေးအတွက် တိုးမြှင့် ညှိနှိုင်း ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟွန်ဆန် က ပြောလိုက်ပါတယ်။
2022-01-13
မြန်မာနိုင်ငံမှာ ၂၀၁၀ ပြည့်နှစ် နောက်ပိုင်းကစပြီး လျှပ်စစ်မီး အလွန်အမင်း ပြတ်တောက်တာမျိုး မရှိခဲ့ပေမယ့် စစ်အာဏာသိမ်းပြီး ၁၁ လအကြာ အခုချိန် မှာတော့ နေ့စဉ်နီးပါး မီးပျက်နေတဲ့အတွက် ပြည်သူတွေရဲ့ နေ့စဉ်လူမှုဘဝနဲ့ အသေးစားလုပ်ငန်းတွေအပေါ် ထိခိုက်လာတယ်လို့ ပြောပါတယ်။
2022-01-12
ဂျပန်နိုင်ငံခြားရေးဝန်ကြီး Yoshimasa Hayashi က ကမ္ဘောဒီးယားဝန်ကြီးချုပ် မြန်မာပြည်ကို သွားရောက်ပြီး အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့တဲ့ ခရီးစဉ်ကို အင်္ဂါနေ့က ချီးမွမ်းပြောဆိုလိုက်တဲ့အတွက် မြန်မာပြည် ဒီမိုကရေစီ ပြန်လည်ရရှိရေးလှုပ်ရှားသူတွေအကြား ဝေဖန်မှုတွေ ပေါ်ထွက်ခဲ့ပါတယ်။
2022-01-12
ကရင်ပြည်နယ် မြဝတီမြို့နယ် လေးကေ့ကော်မြို့သစ်နဲ့ ကော့ကရိတ်မြို့နယ်တွေမှာ တိုက်ပွဲတွေ ဆက်ရှိနေဆဲဖြစ် တာကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရတဲ့ စစ်ဘေး ဒုက္ခသည် နှစ်သောင်းကျော်ဟာ ဒီနေ့အချိန်ထိ နေရပ်မပြန်နိုင် သေးဘူးလို့ ဒေသခံတွေနဲ့ စစ်ဘေးဒုက္ခသည်အရေး ကူညီပေးနေတဲ့ လူမှုအဖွဲ့တွေက ပြောပါတယ်။
2022-01-12
စစ်အာဏာသိမ်းပြီး ၁၁ လအကြာမှာ ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော် အပါအဝင် မြန်မာနိုင်ငံတစ်ဝန်းက မြို့ပြနဲ့ ကျေးလက်မှာပါ ဒုစရိုက်မှုတွေ ပိုများလာတာကြောင့် စားဝတ်နေရေးခက်ခဲမှုနဲ့ မလုံခြုံမှုကို ခံစားနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2022-01-12
လာမယ့် ၂၀၂၃ ခုနှစ်မှာ အာဏာသိမ်းစစ်ကောင်စီဟာ အချိုးကျကိုယ်စားပြု PR စနစ်နဲ့ ရွေးကောက်ပွဲကျင်းပပြီး ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သမ္မတရာထူးကို ကူးပြောင်းရေးလုပ်ဆောင်လိမ့်မယ်လို့ နိုင်ငံရေးအသိုင်းအဝိုင်းက တွက်ဆ ထားပါတယ်။
2022-01-11
ကယားပြည်နယ် လွိုင်ကော်မြို့ကို စစ်ကောင်စီတိုက်လေယာဉ်တွေက မနေ့ ညနေပိုင်းမှာ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ ဆီဆိုင်မြို့နယ်မှာ လက်ရှိစစ်ဘေး ရှောင် တစ်သောင်းကျော်ခန့်ရှိတဲ့အနက် တစ်ထောင်လောက်ကို ဆီဆိုင်ဆရာတော် ဦးကောဝိဒက စောင့်ရှောက် ထားပြီး အကူအညီတွေ အရေးပေါ်လိုအပ်နေတယ်လို့ သိရပါတယ်။
2022-01-11
စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ၂၀၂၂ မှာစတင်မယ့် ငြိမ်းချမ်းရေး ကမ်းလှမ်းချက်တွေကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက ငြင်းပယ်လိုက်ပြီး စစ်တပ်ကို အာဏာစွန့်ဖို့နဲ့ စစ်တန်းလျားပြန်ဖို့သာ တိုက်တွန်းလိုက်ပါတယ်။
2022-01-11
ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်က စစ်တပ်က နယ်မြေရှင်းလင်းရေးလုပ်တာ ကြောင့် တစ်ဘက်ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားတဲ့ ရိုဟင်ဂျာဒုက္ခသည် တွေနဲ့ ရခိုင်ပြည်နယ်အတွင်းက မွတ်စလင်ဒုက္ခသည်တွေကို နေရပ်ပြန်လည်လက်ခံ ရေး စစ်ကောင်စီက လုပ်ဆောင်နေတဲ့အပေါ် အယုံအကြည်မရှိဘူးလို့ မွတ်စလင်ဒုက္ခသည်တွေက ပြောပါတယ်။
2022-01-10
အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူလိုက်တဲ့ ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန် ရဲ့ မြန်မာနိုင်ငံခရီးစဉ်ဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအရေးနဲ့ မြန်မာ ပြည်သူတွေ အကျိုးဖြစ်ထွန်းဖို့ထက် ဝန်ကြီးချုပ် ဟွန်ဆန်ရဲ့ ပုဂ္ဂိုလ်ရေး ရည်မှန်းချက်တွေ အောင်မြင်ဖို့ ရည်ရွယ် တာဖြစ်တယ်လို့ ပြည်ပ လေ့လာသုံးသပ်သူ အချို့က ဆိုပါတယ်။