ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးက အပြီးဖယ်ထုတ်ဖို့ စစ်ကောင်စီ ကြိုးပမ်းနေကြောင်း သုံးသပ်

ရဲခေါင်မြင့်မောင် (ဝါရှင်တန်ဒီစီ)
2022.01.14
ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးက အပြီးဖယ်ထုတ်ဖို့ စစ်ကောင်စီ ကြိုးပမ်းနေကြောင်း သုံးသပ် ၂ဝ၁၅ ခုနှစ်က ရန်ကုန်မြို့တွင် ကျင်းပသည့် ဆွေးနွေးပွဲတစ်ခုကို တက်ရောက်လာသည့် နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်။
Photo: AFP

ဇန်နဝါရီလ ၁၄ရက် မနေ့က နေပြည်တော် အထူးတရားရုံးကနေ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ နဲ့ စွဲချက် အသစ် ငါးခု ထပ်ထိုးပြီး စွဲဆိုလိုက်တဲ့အကြောင်း တရားရုံးနဲ့ နီးစပ်သူတွေက RFA ကို ပြောပါတယ်။ ဒီစွဲချက် အသစ်တွေဟာ NLD အစိုးရလက်ထက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေကနေ ရဟတ်ယာဉ် ငှားရမ်းအသုံးပြုမှုနဲ့ ရဟတ်ယာဉ် အသစ်ဝယ်ယူဖို့ ကိစ္စတွေနဲ့ ပတ်သက်ပြီး စွဲဆိုခဲ့တာလို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။

အခုလို အာဏာသိမ်း စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို စွဲချက်အသစ်တွေ ထပ်တိုးနေတာဟာ ထပ်ပြီး ရွေးကောက်ပွဲ ဝင်မပြိုင်နိုင်တော့အောင် နိုင်ငံရေး နယ်ပယ်ထဲကနေ ဖယ်ထုတ်ဖို့ ကြိုးစားတာသာ ဖြစ်တယ်လို့  ပြည်တွင်း ပြည်ပက လေ့လာသုံးသပ်သူတွေက ပြောပါတယ်။

မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာတင့်ဆွေကတော့ အာဏာသိမ်းစစ်ကောင်စီကနေ ဒေါ်အောင်ဆန်းစုကြည်ကို အခုလို စွဲချက်အသစ်တွေ ထပ်တိုးလိုက်တာ ပြည်တွင်း ပြည်ပက ဖိအားတွေကို လက်တုံ့ပြန်လိုက်တာလို့ သုံးသပ်ပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ရင် လက်ရှိစစ်ကောင်စီက နိုင်ငံရေးထဲ ပါလို့မရတော့အောင်လို့ နည်းမျိုးစုံနဲ့ဆောင်ရွက်နေတဲ့ စီမံချက်တွေထဲက တစ်ခုဖြစ်ပါတယ်။ ပြစ်ဒဏ်တွေချ၊ နောက်တစ်ခါ ထပ်ချ၊ ပုဒ်မတွေ ထပ်တိုးပေါ့နော်။ ဒါပြီးရင် ထပ်ပြီးတော့လည်း မပြောနိုင်ပါဘူး။ ဒါကို ကြည့်မယ်ဆိုရင် အာဏာသိမ်းပြီးကတည်းက သူတို့ မျှော်လင့်ထားတာတွေထက် ဆိုးဆိုးဝါးဝါး ကြုံနေရလို့ ဒေါ်စုအပေါ်ရော၊ အတိုက်အခံအင်အားစု အပေါ်ရော၊သက်တမ်း တိုးလာတာ ဖြစ်ပါတယ်။ အတွင်းကရော၊ အပြင်ကရော ဖိအားတွေ များလာတာနဲ့ အမျှ ထပ်တိုးဦးမှာလို့ ယူဆပါတယ်”

အာဏာသိမ်း စစ်ခေါင်းဆောင်တွေဟာ ဒေါ်အောင်ဆန်းစုကြည်ကို အချိန်အကန့်အသတ်မရှိ ချုပ်နှောင်ထားနိုင်ဖို့ ရည်ရွယ်ချက်နဲ့ စွဲချက်တွေ တစ်ခုပြီး တစ်ခု ထပ်တိုးနေတာဖြစ်ပေမဲ့ အခုလုပ်နေတာကတော့ လိုတာထက် ပိုနေပြီလို့ လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေး အဖွဲ့ HRW က Phil Robertson က သုံးသပ်ပါတယ်။

”’ဒီ ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုချက်အသစ်တွေဟာ အာဏာသိမ်း စစ်ကောင်စီက လုပ်ကြံစွဲဆိုထားတဲ့ အရင်က စွဲချက်တွေနဲ့ ဘာမှ မကွာခြားပါဘူး။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ထပ်ပြီး ရွေးကောက်ပွဲ ဝင်ပြိုင်လို့ မရတော့အောင်၊ တနည်းအားဖြင့် စစ်တပ်ရဲ့ သြဇာအာဏာကို ယှဉ်ပြိုင်လို့ မရတော့အောင် အကန့်အသတ် မရှိ ချုပ်နှောင်ထားဖို့ ရည်ရွယ်ချက်နဲ့ အခုလို စွဲချက်တွေ တစ်ခုပြီး တစ်ခု ထပ်တိုးနေတာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို စွဲချက် များများ တင်နိုင်လေ၊ ပိုကောင်းလေလို့ စစ်ခေါင်းဆောင်တွေက ရှုမြင်နေပုံရပါတယ်။ ပြစ်ချက်များလေေ၊ သူတို့ အာဏာသိမ်းရတဲ့ အကြောင်းပြချက် ခိုင်မာလေ ဖြစ်မယ်လို့ သူတို့ ယူဆနေကြပါတယ်။ အခုလို စွဲချက်တွေ ထပ်တိုးနေတာ လိုတာထက် ပိုနေတယ်လို့ ထင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ အခုပဲ အသက် ၇၆ နှစ် ရှိနေပါပြီ။ ထောင်ဒဏ် ၁၀ နှစ်ပဲ ချချ၊ နှစ် ၁၀၀ ပဲ ချချ ရလဒ်က အတူတူပဲ ဖြစ်မှာပါ။ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ မြန်မာနိုင်ငံရဲ့ ရွေးကောက်ခံ နိုင်ငံရေး ခေါင်းဆောင်တစ်ယောက် ဘဝကို ပြန်ရမှာ မဟုတ်တော့ပါဘူး”

DASSK-helicopter4.jpg
သဘာဝဘေးအန္တရာယ်ဆိုင်ရာ လုပ်ငန်းများတွင် အသုံးပြုရန် ဝယ်ယူထားသော ရဟတ်ယာဉ် နေပြည်တော်လေဆိပ်ကို ၂ဝ၂ဝ နိုဝင်ဘာလ ၁ ရက်နေ့က ဆိုက်ရောက်စဉ်။ (Photo: Myanmar State Counsellor Office)

လူ့အခွင့်အရေး ရှေ့နေ ဦးမင်းလွင်ဦးကတော့ သဘာဝဘေးအန္တရာယ် ကာလအတွင်းမှာ အသုံးပြုဖို့ ရဟတ်ယာဉ် ငှားရမ်း ဝယ်ယူဖို့ ကြိုးစားတာ နိုင်ငံ့ခေါင်းဆောင် တစ်ဦးအနေနဲ့ တကယ်လိုအပ်တဲ့ ကိစ္စဖြစ်တဲ့တွက် အခုလို အဂတိလိုက်စားမှုအဖြစ် စွပ်စွဲပြီး စွဲချက်တင်လိုက်တာဟာ မှားယွင်းတယ်လို့ သုံးသပ်ပါတယ်။

”’ဒီဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုချက်အသစ်တွေဟာ အာဏာသိမ်းစစ်ကောင်စီက လုပ်ကြံစွဲဆိုထားတဲ့ အရင်ကစွဲချက်တွေနဲ့ ဘာမှ မကွာခြားပါဘူး။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ထပ်ပြီး ရွေးကောက်ပွဲ ဝင်ပြိုင်လို့မရတော့အောင် တနည်းအားဖြင့် စစ်တပ်ရဲ့ သြဇာအာဏာကို ယှဉ်ပြိုင်လို့ မရတော့အောင် အကန့်အသတ် မရှိ ချုပ်နှောင်ထားဖို့ ရည်ရွယ်ချက်နဲ့ အခုလို စွဲချက်တွေ တစ်ခုပြီး တစ်ခုထပ်တိုးနေတာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို စွဲချက် များများ တင်နိုင်လေ ပိုကောင်းလေလို့ စစ်ခေါင်းဆောင်တွေက ရှုမြင်နေပုံရပါတယ်။ ပြစ်ချက်များလေလေ၊ သူတို့ အာဏာသိမ်းရတဲ့ အကြောင်းပြချက် ခိုင်မာလေ ဖြစ်မယ်လို့ သူတို့ ယူဆနေကြပါတယ်။ အခုလို စွဲချက်တွေ ထပ်တိုးနေတာ လိုတာထက်ပိုနေတယ်လို့ ထင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ အခုပဲ အသက် ၇၆ နှစ်ရှိနေပါပြီ။ ထောင်ဒဏ် ၁၀ နှစ်ပဲ ချချ၊ နှစ် ၁၀၀ ပဲ ချချ ရလဒ်က အတူတူပဲ ဖြစ်မှာပါ။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ မြန်မာနိုင်ငံရဲ့ ရွေးကောက်ခံ နိုင်ငံရေး ခေါင်းဆောင်တစ်ယောက် ဘဝကို ပြန်ရမှာ မဟုတ်တော့ပါဘူး”

အခုဆိုရင် ဒေါ်အောင်ဆန်းစုကြည်ကို ချမှတ်ထားတဲ့ စွဲချက်ပေါင်း ၁၆ခုရှိသွားပြီ ဖြစ်ပါတယ်။

လက်ရှိ အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ အရင်စွဲဆိုထားတဲ့ အမှုငါးမှုအတွက် ထောင်ဒဏ် ၆နှစ် ချမှတ်ခံထားရပြီး၊ အမှုအားလုံးအတွက် အမြင့်ဆုံး အပြစ်ဒဏ်တွေ ချမှတ်ခံရမယ်ဆိုရင် စုစုပေါင်း ထောင်ဒဏ် နှစ် ၁၆၀ အထိကျခံရနိုင်ကြောင်း နေပြည်တော် တရားရုံးနဲ့ နီးစပ်တဲ့ ရှေ့နေတွေက ပြောကြားခဲ့ပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။