သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-06-02
စစ်ဘေးစစ်ဒဏ်နဲ့ သဘာဝဘေးဒဏ်တွေကို နှစ်နဲ့ချီပြီး ဆက်တိုက်ခံစားနေရတဲ့ မြန်မာပြည်သူတွေဟာ စိတ်ဖိစီးမှု၊ စိတ်ဒဏ်ရာတွေနဲ့ ရှင်သန်နေထိုင်နေကြရပါတယ်။ ဒီစိတ်ဒဏ်ရာတွေအကြောင်း သဘောပေါက်နားလည်ထားဖို့ ဘယ်လောက်အရေးကြီးသလဲ၊ ဘယ်လို ကူညီကုစားနိုင်သလဲဆိုတာတွေကို ဒီတစ်ပတ် ဆွေးနွေးထားပါတယ်။
2023-05-26
မိုခါဆိုင်ကလုန်းမုန်တိုင်းဒဏ် ခံခဲ့ရတဲ့ပြည်သူတွေဟာ အကူအညီတွေ ထိထိရောက်ရောက်မရတဲ့အတွက် စားဝတ်နေရေးအတော်လေး ခက်ခဲနေတဲ့အပြင် ကျန်းမာရေးအခြေအနေတွေ ဆိုးဝါးလာမှာလည်း စိုးရိမ်ရတယ်လို့ ကူညီပေးရေး လှုပ်ရှားသူတွေက ပြောပါတယ်။ ပြန်လည်ထူထောင်ရေးအခြေအနေနဲ့ အဓိက လိုအပ်ချက်တွေအကြောင်း ဒီတစ်ပတ် ဆွေးနွေးထားပါတယ်။
2023-05-19
စစ်တွေက ရိုဟင်ဂျာတွေ သေဆုံးတဲ့အရေအတွက်နဲ့ မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာနဲ့ သေဆုံးတဲ့အရေအတွက်ဟာ အလွန်ကွာဟနေပါတယ်။ ဘယ်လိုစီမံဆောင်ရွက်ခဲ့လို့လဲ ဆိုတာတွေနဲ့ ပတ်သက်ပြီး ဒီစကားဝိုင်းမှာ ကြားရမှာပါ။
2023-05-12
မြန်မာပြည်အရေးနဲ့ပတ်သက်ပြီး သက်ဆိုင်သူတွေကို တိတ်တဆိတ်တွေ့ဆုံဆွေးနွေးတဲ့ နည်းလမ်းတွေနဲ့ ချဉ်းကပ်နေတဲ့ အာဆီယံအလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံဟာ သူတာဝန်ယူထားတဲ့ကာလအတွင်း မြန်မာပြည်အကျပ်အတည်းကို အပြောင်းအလဲဖြစ်အောင် ဖြေရှင်းနိုင်မလားဆိုတာ ဆွေးနွေးထားပါတယ်။
2023-05-05
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်တဲ့ အာဏာသိမ်းစစ်ကောင်စီကို တရုတ်အစိုးရက အတိအလင်း ထောက်ခံအားပေးလာနေတာနဲ့ပတ်သက်ပြီး မြန်မာ့ဒီမိုကရေစီအရေး ပါဝင်လှုပ်ရှားနေသူတွေရဲ့ သဘောထားတွေကို ဆွေးနွေးတင်ပြထားပါတယ်။
2023-04-28
ဒီရက်ပိုင်းအတွင်းမှာ နိုင်ငံတကာကိုယ်စားလှယ်တွေ ခပ်စိပ်စိပ်ရောက်လာပြီး စစ်ကောင်စီနဲ့ တွေ့ဆုံသွားတာ မြန်မာပြည်သူတွေအတွက် ဘယ်လိုအကျိုးဖြစ်လာမလဲ၊ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ ထူထောင်ဖို့ ကြိုးပမ်းနေတဲ့ သူတွေအနေနဲ့ရော ဒီအပေါ်မှာ ဘယ်လိုသုံးသပ်နေကြလဲဆိုတာ ဆွေးနွေးထားပါတယ်။
2023-04-21
ခေတ်အဆက်ဆက်မှာ မြန်မာနိုင်ငံတွင်းက စာပေနဲ့ အနုပညာရှင် တွေဟာ အာဏာရှင်တွေကြောင့် နိုင်ငံကို စွန့်ခွာခဲ့ရတဲ့ အဖြစ်အပျက်တွေရှိခဲ့ပေမဲ့ ၂၀၂၁ အာဏာသိမ်းပြီးနောက် နိုင်ငံကိုစွန့်ခွာခဲ့ရတဲ့ အနုပညာရှင်အရည်အတွက်ကတော့ အများဆုံးဖြစ်ပါတယ်။
2023-04-14
ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေး ၃ဝ ကျော် အပါအဝင် လူ ၁၆၀ ကျော် သေဆုံးခဲ့ပါတယ်။ စစ်အာဏာသိမ်းပြီးနောက် အစုအပြုံအလိုက် သတ်ဖြတ်မှုခံရမှုတွေထဲမှာ အဆိုးဝါးဆုံး အရက်စက်ဆုံးဖြစ်ပြီး ဒါဟာ စစ်ရာဇဝတ်မှုဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။
2023-04-07
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအပြင် ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဟာ အင်အားတွေ ပေါင်းစည်းဖို့ မဟာမိတ်တပ်ပေါင်းစု ဖွဲ့စည်းတာတွေ ပိုများလာပါတယ်။ တပ်ပေါင်းစုဖွဲ့စည်းကြတဲ့အတွက် အခက်အခဲတွေ အားနည်းချက် အားသာချက်တွေ ရှိလာပါတယ်။
2023-03-31
စစ်အာဏာရှင်ကို လက်နက်ကိုင်တော်လှန်နေတဲ့ NUG/PDF နဲ့ သူတို့ကို ပံ့ပိုးနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့ကို ပြတ်ပြတ်သားသား အရေးယူသွားမယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင်က ပြောဆိုလိုက်တဲ့နောက် စစ်ကောင်စီဘက်က တော်လှန်ရေးအင်အားစုတွေအပေါ်မှာ ဘယ်လိုဖိနှိပ်ချေမှုန်းမှုတွေ ရှိလာနိုင်မလဲဆိုတာ ဆွေးနွေးထားပါတယ်။
2023-03-24
ဒီတစ်ပတ်မှာတော့ စစ်ကောင်စီရေးဆွဲလိုက်တဲ့ ဥပဒေအရ နိုင်ငံရေးပါတီတွေ မှတ်ပုံတင်ခြင်း၊ မတင်ခြင်းရဲ့ ကောင်းကျိုးဆိုးကျိုးတွေကို မျိုးဆက်သုံးဆက်ရဲ့ သုံးသပ်ချက်ဆွေးနွေးချက်တွေ ထုတ်လွှင့်မှာပါ။
2023-03-17
ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းဒေသ နန်းနိမ့်ရွာက လူသတ်မှုနဲ့ပတ်သက်လို့ အဲဒီဒေသရဲ့ ဌာနတိုင်းရင်းသားတွေဖြစ်တဲ့ ပအိုဝ်း၊ အင်းသားနဲ့ ကရင်နီတို့ ဆွေးနွေးမှာ ဖြစ်ပါတယ်။
2023-03-10
အညာဒေသနဲ့ နိုင်ငံတစ်ဝန်းက အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ဒီတစ်ပတ် RFA စကားဝိုင်း အစီအစဉ်မှာ ဆွေးနွေးထားပါတယ်။
2023-03-05
စစ်တပ်အာဏာသိမ်းမှုကြောင့် ပြည်တွင်းမှာ အသက်အန္တရာယ်မလုံခြုံတော့လို့ မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ထိုင်းနဲ့ အိန္ဒိယနယ်စပ်တွေဆီ ထွက်ပြေးခိုလှုံကြရတဲ့ မြန်မာနိုင်ငံသားတွေဟာ အဲဒီနိုင်ငံတွေမှာ တရားဝင် နေထိုင်ခွင့်၊ အလုပ်လုပ်ကိုင်ခွင့်ရဖို့ အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်နေရတဲ့အကြောင်း ဆွေးနွေးထားပါတယ်။
2023-02-24
ဒီတစ်ပတ်ပါဝင်ဆွေးနွေးကြတဲ့ပုဂ္ဂိုလ်တွေကတော့ အမျိုးသား ညီညွတ်ရေးအစိုးရ(NUG) သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာတူးခေါင်၊ ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဟိန်းမင်းနဲ့ ဖားကန့်ဒေသခံတစ်ဦးတို့ ဖြစ်ပါတယ်။