“မုန်တိုင်းသင့် ပြည်သူတွေအတွက် အရေးတကြီး လိုအပ်ချက်များ”

2023.05.26

မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့တဲ့ မိုခါဆိုင်ကလုန်းမုန်တိုင်းဒဏ် ခံခဲ့ရတဲ့ပြည်သူတွေဟာ အခုသီတင်းနှစ်ပတ်နီးပါးအထိ အကူအညီတွေ ထိထိရောက်ရောက်မရတဲ့အတွက် စားဝတ်နေရေးအတော်လေး ခက်ခဲနေတဲ့အပြင် ကျန်းမာရေးအခြေအနေတွေ ဆိုးဝါးလာမှာလည်း စိုးရိမ်ရတယ်လို့ ကူညီပေးရေး လှုပ်ရှားသူတွေက ပြောပါတယ်။

မုန်တိုင်းဒဏ်ခံခဲ့ရတဲ့ ပြည်သူတွေအတွက် ပြန်လည်ထူထောင်ရေးအခြေအနေနဲ့ အဓိကလိုအပ်ချက်တွေအကြောင်း ဒီတစ်ပတ် ဆွေးနွေးထားပါတယ်။

ပါဝင်ဆွေးနွေးထားတဲ့သူတွေကတော့ လူထုဘေးဒဏ်ခံနိုင်စွမ်း တိုးမြှင့်ဆောင်ရွက်ရေးအဖွဲ့ (ACRO)က ဦးဇော်ဇော်ထွန်း၊ ချင်းအမျိုးသားတပ်ဦး CNF ပြောခွင့်ရသူ ဆလိုင်းထက်နီနဲ့ မုံရွာတက္ကသိုလ်ကျောင်းသားသမဂ္ဂက မချောစုဟန်တို့ ဖြစ်ပါတယ်။ RFA အဖွဲ့သူ မခင်ခင်အိက စီစဉ်တင်ဆက်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။